Xiaomi ကနေ လက်ရှိအောင်မြင်ပြီး ရောင်းအားကောင်းတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Xiaomi Redmi Note 5 ထက် စွမ်းဆောင်ရည် အနည်းငယ်လျော့နည်းပြီးတော့ ဈေးပိုသက်သာတဲ့ Redmi S2 စမတ်ဖုန်းကို ထုတ်လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ Redmi S2 စမတ်ဖုန်းကို တရားဝင်ထုတ်လုပ်မယ့်နေ့ကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခုကြေငြာချက်အရ Xiaomi Redmi S2 စမတ်ဖုန်းက လာမယ့် မေလ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုထွက်လာမယ့် Redmi S2 စမတ်ဖုန်းက Redmi Note 5 Pro စမတ်ဖုန်းလိုမျိုး Qualcomm Snapdragon 636 Processor ကိုအသုံးပြုလာမှာမဟုတ်ပဲ Qualcomm Snapdragon 625 Processor ကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် Redmi Note 5 စမတ်ဖုန်းလိုမျိုးပဲ 5.99″ 18:9 Ratio Display ၊ 16MP Dual Camera တွေနဲ့အတူ RAM 3GB နဲ့ Storage 32GB ပါဝင်မှာပဲဖြစ်ပါတယ်။

Xiaomi Redmi Note 5 စမတ်ဖုန်းနဲ့ မတူညီတဲ့အချက်ကတော့ အခု Redmi S2 စမတ်ဖုန်းက HD+ Resolution Display ကိုပဲ အသုံးပြုမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ ၁၇၅ ဒေါ်လာ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။