Zawgyi Font Version

Xiaomi ရဲ႕ Poco F1 အတြက္ အရမ္းလန္းတဲ့ Skin ေတြကို Xiaomi ကိုယ္တိုင္ အိႏၵိယမွာ စတင္ေရာင္းခ်ေနပါျပီ။ Xiaomi ရဲ႕ Poco F1 ဟာ အိႏၵိယမွာ ေရာင္းခ်တဲ့ Xiaomi ဖုန္းေတြထဲမွာ ပထမဆံုး Snapdragon 845 SoC သံုးထားတဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။ အခုလည္း Poco F1 အတြက္ Skin ေတြကို အေစာဆံုးေရာင္းခ်ေပးလိုက္ပါျပီ။ Poco F1 အတြက္ Skin ေတြကို Flipkart နဲ႔ Mi.com တို႔မွာ မေန႔ကတည္းက စတင္ဝယ္ယူႏိုင္ေနပါျပီ။

Poco F1 Skin ေတြကို အရည္အေသြးျမင့္မားတဲ့ 3M ဗီႏိုင္းသားနဲ႔ျပဳလုပ္ထားတာျဖစ္ျပီး အဆိုပါ ဗီႏိုင္းသားဟာ တာရွည္ခံေစျပီး သဘာဝဆန္တဲ့ 3D အစင္းလိုင္းေလးေတြကိုလည္း ရရွိေစတယ္လို႔သိရပါတယ္။ Xiaomi က အရမ္းအဆင့္ျမင့္တဲ့ Cutting နည္းပညာကိုအသံုးျပဳျပီး ဖုန္းနဲ႔ ကြက္တိ Fit ျဖစ္ေစမယ့္ Skin ေတြကိုထုတ္လုပ္ခဲ့တာပါ။ ရိုးရိုးသာမာန္ ဖုန္းကာဗာေတြထက္ Xiaomi ရဲ႕ Skin ေတြကိုအသံုးျပဳျခင္းအားျဖင့္ ပိုမိုပါးလွပ္ျပီး ဖုန္းရဲ႕ ပင္ကို ဒီဇိုင္းကိုေပၚလြင္ေစပါတယ္။ အစင္းရာေတြနဲ႔ လက္ေဗြရာေတြမထင္ေအာင္လည္းကာကြယ္ေပးပါတယ္။

Skin ဒီဇိုင္းေလးမ်ိဳးထုတ္ထားျပီး Skin ေတြအကုန္လံုးကို ရူပီး (၂၉၉) နဲ႔ေရာင္းခ်မွာပါ။ ျမန္မာေငြနဲ႔ဆိုရင္ ခုႏွစ္ေထာင္ဝန္းက်င္ပဲရွိပါတယ္။ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာေတာင္ရေနျပီဆိုေတာ့ မၾကာခင္ ျမန္မာႏိုင္ငံဝင္လာေတာ့မွာပါ။ ျပည္တြင္းမွာစတင္ေရာင္းခ်ရင္ေတာ့ ရွစ္ေထာင္ကေန တစ္ေသာင္းထိ ရွိႏိုင္ပါတယ္။ Xioami ကအဆိုပါ Skin ေတြကို Armoured Edition မဟုတ္တဲ့ ရိုးရိုး Poco F1 Model ေတြအတြက္ပဲ ရည္ရြယ္ျပီးထုတ္လုပ္ထားတာပါ။ Armoured Edition မွာကပ္ရင္ေတာ့ အဆင္မေျပျဖစ္ႏိုင္ပါတယ္။ အဆိုပါ Skin ေတြကို Xiaomi ရဲ႕ တစ္ျခား Device ေတြအတြက္လည္း ထုတ္လုပ္လာႏိုင္ျပီး Xiaomi ကိုယ္တိုင္ထုတ္လုပ္တဲ့ Skin ေတြျဖစ္လို႔ အရည္အေသြးကေတာ့ အေကာင္းဆံုးရရွိမွာပါ။

Ref: GizBot

Unicode Version

Xiaomi ရဲ့ Poco F1 အတွက် အရမ်းလန်းတဲ့ Skin တွေကို Xiaomi ကိုယ်တိုင် အိန္ဒိယမှာ စတင်ရောင်းချနေပါပြီ။ Xiaomi ရဲ့ Poco F1 ဟာ အိန္ဒိယမှာ ရောင်းချတဲ့ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး Snapdragon 845 SoC သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခုလည်း Poco F1 အတွက် Skin တွေကို အစောဆုံးရောင်းချပေးလိုက်ပါပြီ။ Poco F1 အတွက် Skin တွေကို Flipkart နဲ့ Mi.com တို့မှာ မနေ့ကတည်းက စတင်ဝယ်ယူနိုင်နေပါပြီ။

Poco F1 Skin တွေကို အရည်အသွေးမြင့်မားတဲ့ 3M ဗီနိုင်းသားနဲ့ပြုလုပ်ထားတာဖြစ်ပြီး အဆိုပါ ဗီနိုင်းသားဟာ တာရှည်ခံစေပြီး သဘာဝဆန်တဲ့ 3D အစင်းလိုင်းလေးတွေကိုလည်း ရရှိစေတယ်လို့သိရပါတယ်။ Xiaomi က အရမ်းအဆင့်မြင့်တဲ့ Cutting နည်းပညာကိုအသုံးပြုပြီး ဖုန်းနဲ့ ကွက်တိ Fit ဖြစ်စေမယ့် Skin တွေကိုထုတ်လုပ်ခဲ့တာပါ။ ရိုးရိုးသာမာန် ဖုန်းကာဗာတွေထက် Xiaomi ရဲ့ Skin တွေကိုအသုံးပြုခြင်းအားဖြင့် ပိုမိုပါးလှပ်ပြီး ဖုန်းရဲ့ ပင်ကို ဒီဇိုင်းကိုပေါ်လွင်စေပါတယ်။ အစင်းရာတွေနဲ့ လက်ဗွေရာတွေမထင်အောင်လည်းကာကွယ်ပေးပါတယ်။

Skin ဒီဇိုင်းလေးမျိုးထုတ်ထားပြီး Skin တွေအကုန်လုံးကို ရူပီး (၂၉၉) နဲ့ရောင်းချမှာပါ။ မြန်မာငွေနဲ့ဆိုရင် ခုနှစ်ထောင်ဝန်းကျင်ပဲရှိပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတောင်ရနေပြီဆိုတော့ မကြာခင် မြန်မာနိုင်ငံဝင်လာတော့မှာပါ။ ပြည်တွင်းမှာစတင်ရောင်းချရင်တော့ ရှစ်ထောင်ကနေ တစ်သောင်းထိ ရှိနိုင်ပါတယ်။ Xioami ကအဆိုပါ Skin တွေကို Armoured Edition မဟုတ်တဲ့ ရိုးရိုး Poco F1 Model တွေအတွက်ပဲ ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါ။ Armoured Edition မှာကပ်ရင်တော့ အဆင်မပြေဖြစ်နိုင်ပါတယ်။ အဆိုပါ Skin တွေကို Xiaomi ရဲ့ တစ်ခြား Device တွေအတွက်လည်း ထုတ်လုပ်လာနိုင်ပြီး Xiaomi ကိုယ်တိုင်ထုတ်လုပ်တဲ့ Skin တွေဖြစ်လို့ အရည်အသွေးကတော့ အကောင်းဆုံးရရှိမှာပါ။

Ref: GizBot