Xiaomi ကုမ္ပဏီဟာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ တန်ဖိုးနည်းဖုန်းတွေကို သုံးစွဲသူတွေဆီသို့ အမြဲလိုလိုမိတ်ဆက်ပေးလေ့ရှိပါတယ်။ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကလည်း အခြားသောနည်းပညာကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ဖုန်းတွေသာမကဘဲ အခြားသော အီလတ်ထရောနစ်ပစ္စည်းတွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ ယနေ့ပြောပြသွားမှာကတော့ Xiaomi ရဲ့ Smart Watch တစ်ခုဖြစ်တဲ့ Amazfit Bip ပဲဖြစ်ပါတယ်။

အဆိုပါ Smart Watch ကိုတော့ ပြည်တွင်းမှာ ၀ယ်ယူရရှိနေနိုင်ပြီလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ မြန်မာငွေကျပ် (၈) သောင်းကျော်ကျော်လောက်သာရှိပါတယ်။ အလေးချိန်အနေနဲ့ကတော့ (၃၂) ဂရမ်ရှိပါတယ်။ တော်တော်လေးလည်းပေါ့ပါးပြီး ၀တ်ဆင်ရတာအဆင်ပြေလှပါတယ်။ Display အနေနဲ့တော့ .28 လက်မ, 176 x 176 Pixels ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။ နာရီဒိုင်ခွက်ရဲ့ မျက်နှာပြင်ကိုတော့ Gorilla Glass နဲ့ဖုံးအုပ်ထားပေးတဲ့အတွက် တော်တော်လေးကို အကြမ်းခံလှပါတယ်။

Android Verison 4.4. အထက်နဲ့ iOS Version 8 အထက်ရှိတဲ့ Device တွေနဲ့ဆက်သွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery ပမာဏကတော့ 190 mah သာပါဝင်ပင်မဲ့လည်း သူရဲ့သုံးထားတဲ့ Display နည်းပညာကြောင့် အချိန်တော်တော်ကြာအသုံးခံပါတယ်။

သူရဲ့ ဘတ်ထရီအရည်အသွေးကတော့ တော်တော်လေးကိုကောင်းမွန်တဲ့အနေအထားမှာ ပါဝင်ပါတယ်။ အခြားသော Smart Watch တွေကဲ့သို့ Display ကောင်းကောင်းမွန်မွန်မပါဝင်သော်လည်း နာရီတစ်လုံးရဲ့ခံစားမှုမျိုးကိုတော့ အပြည့်အ၀ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

Xiaomi ရဲ့ Smart Watch တစ်ခုဖြစ်တဲ့ Amazfit Bip ဟာ တန်ဖိုးသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ နာရီတစ်လုံးလို့ညွန်းဆိုလိုက်ရပါတယ်။