[Zawgyi]

ၿပီးခဲ့တဲ့အပတ္မွာေတာ့ Xiaomi ရဲ႕အမွတ္တံဆိပ္ေအာက္ကေန ခြဲထြက္ရပ္တည္မယ့္ Redmi အမွတ္တံဆိပ္ခြဲရဲ႕ ပထမဆုံးစမတ္ဖုန္းအျဖစ္ Redmi Note 7 ကို မိတ္ဆက္ခဲ့ပါၿပီ။ သူ႕မွာ 48MP ကင္မရာနဲ႔ Snapdragon 660 ခ်စ္ပ္ဆက္တုိ႔ ပါဝင္ၿပီး ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၁၅၀ ခန္႔သာ ရွိပါတယ္။

ဒီဖုန္းအသစ္ကို ဇန္နဝါရီ ၁၈ ရက္ေန႔မွာ စတင္ေရာင္းခ်ေတာ့မွာျဖစ္ၿပီး Xiaomi ရဲ႕အမွတ္တံဆိပ္ခြဲဟာ သူတုိ႔ရဲ႕ ထုတ္ကုန္အေပၚ ယုံၾကည္မႈျပင္းပ်ေနပါတယ္။ Redmi ရဲ႕ ထုတ္ကုန္မန္ေနဂ်ာက သူတုိ႔ဖုန္းအသစ္ဟာ ဇန္နဝါရီလကုန္ေရာက္တဲ့အခါ အလုံးေရတစ္သန္းထိ ေရာင္းခ်မယ္လို႔ပါ ေၾကျငာခဲ့တဲ့အထိပါပဲ။

Redmi အမွတ္တံဆိပ္ဟာ ဖုန္းအသစ္အတြက္ ရီဗ်ဴးတစ္ခုကို Weibo မွာတင္ခဲ့တဲ့အခါ သုံးစြဲသူပရိသတ္ ေတြက ဝင္ေရာက္ေဆြးေႏြးခဲ့ၾကၿပီး အခ်ဳိ႕ကေတာ့ ဖုန္းအသစ္ဟာ ဝယ္ယူသူေတြ ေတာင္းဆုိသေလာက္ ထုတ္လုပ္ေရာင္းခ်ႏုိင္ပါ့မလားလို႔ ေမးခြန္းထုတ္ခဲ့ၾကတာပါ။

ဒီအခ်ိန္မွာ Redmi ရဲ႕ ထုတ္ကုန္မန္ေနဂ်ာျဖစ္သူ Wang Teng က ေဆြးေႏြးမႈထဲ ပါဝင္လာခဲ့ၿပီး ဒီလထဲမွာ ျပဳလုပ္သြားမယ့္ Flash Sale ႏွစ္ႀကိမ္၊ သုံးႀကိမ္အတြင္းမွာ ဖုန္းအလုံးေရတစ္သန္းထိ ေစ်းကြက္ထဲ ပို႔ေပးသြားမယ္ လို႔ အာမခံခဲ့ပါတယ္။

Redmi Note 7 ဖုန္းဟာ ကာလာသုံးမ်ဳိးနဲ႔ ရရွိႏုိင္မွာျဖစ္ၿပီး မန္မုိရီေရြးခ်ယ္မႈလည္း သုံးမ်ဳိးပါပဲ။ အေျခခံ ဗားရွင္းဟာ 3GB RAM / 32GB Storage နဲ႔ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁၅၀ (ျမန္မာေငြ ႏွစ္သိန္းသုံးေသာင္းခန္႔) သတ္မွတ္ထားကာ အျမင့္ဆုံးေမာ္ဒယ္က 6 / 64 GB ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၂၁၀ (ျမန္မာေငြ သုံးသိန္းႏွစ္ေသာင္းခန္႔) ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်မှာတော့ Xiaomi ရဲ့အမှတ်တံဆိပ်အောက်ကနေ ခွဲထွက်ရပ်တည်မယ့် Redmi အမှတ်တံဆိပ်ခွဲရဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ် Redmi Note 7 ကို မိတ်ဆက်ခဲ့ပါပြီ။ သူ့မှာ 48MP ကင်မရာနဲ့ Snapdragon 660 ချစ်ပ်ဆက်တို့ ပါဝင်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၅၀ ခန့်သာ ရှိပါတယ်။

ဒီဖုန်းအသစ်ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ စတင်ရောင်းချတော့မှာဖြစ်ပြီး Xiaomi ရဲ့အမှတ်တံဆိပ်ခွဲဟာ သူတို့ရဲ့ ထုတ်ကုန်အပေါ် ယုံကြည်မှုပြင်းပျနေပါတယ်။ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက သူတို့ဖုန်းအသစ်ဟာ ဇန်နဝါရီလကုန်ရောက်တဲ့အခါ အလုံးရေတစ်သန်းထိ ရောင်းချမယ်လို့ပါ ကြေငြာခဲ့တဲ့အထိပါပဲ။

Redmi အမှတ်တံဆိပ်ဟာ ဖုန်းအသစ်အတွက် ရီဗျူးတစ်ခုကို Weibo မှာတင်ခဲ့တဲ့အခါ သုံးစွဲသူပရိသတ် တွေက ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး အချို့ကတော့ ဖုန်းအသစ်ဟာ ဝယ်ယူသူတွေ တောင်းဆိုသလောက် ထုတ်လုပ်ရောင်းချနိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒီအချိန်မှာ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာဖြစ်သူ Wang Teng က ဆွေးနွေးမှုထဲ ပါဝင်လာခဲ့ပြီး ဒီလထဲမှာ ပြုလုပ်သွားမယ့် Flash Sale နှစ်ကြိမ်၊ သုံးကြိမ်အတွင်းမှာ ဖုန်းအလုံးရေတစ်သန်းထိ ဈေးကွက်ထဲ ပို့ပေးသွားမယ် လို့ အာမခံခဲ့ပါတယ်။

Redmi Note 7 ဖုန်းဟာ ကာလာသုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး မန်မိုရီရွေးချယ်မှုလည်း သုံးမျိုးပါပဲ။ အခြေခံ ဗားရှင်းဟာ 3GB RAM / 32GB Storage နဲ့ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅၀ (မြန်မာငွေ နှစ်သိန်းသုံးသောင်းခန့်) သတ်မှတ်ထားကာ အမြင့်ဆုံးမော်ဒယ်က 6 / 64 GB ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀ (မြန်မာငွေ သုံးသိန်းနှစ်သောင်းခန့်ာ်) ဖြစ်ပါတယ်။

Ref – GSM Arena