[Zawgyi]

Xiaomi ဟာ Mi AirDots Youth Edition ျဖစ္တဲ့ Wirless နားၾကပ္ေလးေတြကို ပြဲထုတ္လိုက္ပါတယ္။ ဒီ Wireless နားၾကပ္ေလးေတြဟာ တ႐ုတ္ယြမ္ေငြ ၂၀၀ ျဖစ္တာေၾကာင့္ ေဒၚလာနဲ႔ဆိုရင္ ၂၉၊ ဒါမွမဟုတ္ ေဒၚလာ ၃၀ ေလာက္ပဲ က်သင့္မွာ ျဖစ္ပါတယ္။ ဒီ နားၾကပ္ေလးေတြကို ဝယ္ယူဖို ဒီေန႔ကစၿပီး စာရင္းေပးထားလို႔ရပါၿပီ။ စၿပီးေရာင္းခ်မယ့္ ေန႔ကေတာ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ျဖစ္ပါတယ္။

ဒီနားၾကပ္ေလးေတြဟာ 4.2g အေလးခ်ိန္ပဲ ရွိတာပါ။ 7.2mm driver နဲ႔ လာတာျဖစ္ပါတယ္။ ဒါ့အျပင္ Touch control လုပ္လို႔ရတယ္လို႔ သိရပါတယ္။ နားၾကပ္ရဲ႕ ကိုယ္ထည္ေပၚမွာ Touch Sensitive ဧရိယာ ရွိေနၿပီး အဲဒီေနရာေလးကို လက္နဲ႔ ထိေတြ႕ၿပီး သီခ်င္းနားေထာင္ျခင္း၊ ဖုန္းေျဖဆိုျခင္း စတာေတြကို ထိန္းခ်ဳပ္လို႔ရပါတယ္။

Audio ကေတာ့ Bluetooth 5.0 နဲ႔အတူလုပ္ေဆာင္ၿပီး ပါဝါသုံးစြဲမႈေတာ့ အနည္းငယ္ မ်ားပါလိမ့္မယ္။ အားအျပည့္သြင္းထားၿပီး Audio သုံးမယ္ဆိုရင္ေတာ့ Stereo ဆိုရင္ ၄ နာရီၾကာ ဆက္တိုက္ သုံးလို႔ရပါတယ္။ မိုႏိုဆိုရင္ေတာ့ ၅ နာရီၾကာ ဆက္တိုက္ သုံးလို႔ရပါတယ္။ သူ႔ရဲ႕ ဘူးေလးထဲထည့္ထားမယ္ဆိုရင္ေတာ့ ဘက္ထရီပါဝါသက္တမ္းက ၁၂ နာရီအထိ အထားခံပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Xiaomi ရဲ႕ ဒီ Mi AirDots Youth Edition ေလးေတြဟာ တ႐ုတ္ျပည္တြင္းမွာပဲ ေရာင္းခ်ေသးတာ ျဖစ္ပါတယ္။ Mi Store Page မွာ သြားေရာက္ ၾကည့္ရႈႏိုင္ပါတယ္။ Xiaomi ဟာ အခုေနာက္ပိုင္းမွာ သူ႔ရဲ႕ ထုတ္ကုန္ေတြကို ဥေရာပေဈးကြက္ဆီ ျဖန႔္က်က္ဖို႔ ႀကိဳးစားေနပါတယ္။ လက္ရွိအခ်ိန္မွာလည္း UK မွာ ရက္အနည္းငယ္ၾကာတဲ့ Event ျပဳလုပ္ေနပါတယ္။ ဒါေၾကာင့္ Mi 8 Pro အျပင္ အျခား Mi Product ေတြကိုလည္း တ႐ုတ္ျပည္ ျပင္ပႏိုင္ငံေတြမွာ ဝယ္ယူလို႔ရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: gsmarena

 

[Unicode]

Xiaomi ဟာ Mi AirDots Youth Edition ဖြစ်တဲ့ Wirless နားကြပ်လေးတွေကို ပွဲထုတ်လိုက်ပါတယ်။ ဒီ Wireless နားကြပ်လေးတွေဟာ တရုတ်ယွမ်ငွေ ၂၀၀ ဖြစ်တာကြောင့် ဒေါ်လာနဲ့ဆိုရင် ၂၉၊ ဒါမှမဟုတ် ဒေါ်လာ ၃၀ လောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ ဒီ နားကြပ်လေးတွေကို ဝယ်ယူဖို ဒီနေ့ကစပြီး စာရင်းပေးထားလို့ရပါပြီ။ စပြီးရောင်းချမယ့် နေ့ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ဖြစ်ပါတယ်။

ဒီနားကြပ်လေးတွေဟာ 4.2g အလေးချိန်ပဲ ရှိတာပါ။ 7.2mm driver နဲ့ လာတာဖြစ်ပါတယ်။ ဒါ့အပြင် Touch control လုပ်လို့ရတယ်လို့ သိရပါတယ်။ နားကြပ်ရဲ့ ကိုယ်ထည်ပေါ်မှာ Touch Sensitive ဧရိယာ ရှိနေပြီး အဲဒီနေရာလေးကို လက်နဲ့ ထိတွေ့ပြီး သီချင်းနားထောင်ခြင်း၊ ဖုန်းဖြေဆိုခြင်း စတာတွေကို ထိန်းချုပ်လို့ရပါတယ်။

Audio ကတော့ Bluetooth 5.0 နဲ့အတူလုပ်ဆောင်ပြီး ပါဝါသုံးစွဲမှုတော့ အနည်းငယ် များပါလိမ့်မယ်။ အားအပြည့်သွင်းထားပြီး Audio သုံးမယ်ဆိုရင်တော့ Stereo ဆိုရင် ၄ နာရီကြာ ဆက်တိုက် သုံးလို့ရပါတယ်။ မိုနိုဆိုရင်တော့ ၅ နာရီကြာ ဆက်တိုက် သုံးလို့ရပါတယ်။ သူ့ရဲ့ ဘူးလေးထဲထည့်ထားမယ်ဆိုရင်တော့ ဘက်ထရီပါဝါသက်တမ်းက ၁၂ နာရီအထိ အထားခံပါတယ်။

လက်ရှိအချိန်မှာတော့ Xiaomi ရဲ့ ဒီ Mi AirDots Youth Edition လေးတွေဟာ တရုတ်ပြည်တွင်းမှာပဲ ရောင်းချသေးတာ ဖြစ်ပါတယ်။ Mi Store Page မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ Xiaomi ဟာ အခုနောက်ပိုင်းမှာ သူ့ရဲ့ ထုတ်ကုန်တွေကို ဥရောပဈေးကွက်ဆီ ဖြန့်ကျက်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာလည်း UK မှာ ရက်အနည်းငယ်ကြာတဲ့ Event ပြုလုပ်နေပါတယ်။ ဒါကြောင့် Mi 8 Pro အပြင် အခြား Mi Product တွေကိုလည်း တရုတ်ပြည် ပြင်ပနိုင်ငံတွေမှာ ဝယ်ယူလို့ရတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: gsmarena