ပြီးခဲ့တဲ့ ရက်အနည်းငယ်က Xiaomi Smartphone တွေ တော်တော်များများဟာ TENNA Certification China ကို ရရှိခဲ့ကြပါတယ်။ အဲ့ထဲမှာ Model Number M1805D1SE ဟာ Redmi 6 Pro ဖြစ်နိုင်တယ်ဆိုပြီး ကောလဟာလ တချို့ထွက်လာပါတယ်။ ဒါဟာလည်း ဖုန်းရဲ့ Design တွေ ၊ Specification တွေ ၊ Speculation တွေကို ကြည့်ပြီး ခန့်မှန်းပြောဆိုကြတာ ဖြစ်ပါတယ်။

Source: www.mysmartprice.com

ထွက်ရှိထားတဲ့ Certification Document အရပြောမယ်ဆိုရင် Model Number M1805D1SE (Redmi 6 Pro) ဟာ 5.84-Inch Display ကို Full HD+ Resolution (2280 x 1080 pixels) အပြင် Notch လေးဟာလည်း Screen အပေါ်ပိုင်းမှာ သိသိသာသာ ပါဝင်လာပါတယ်။ ဒီ Device ကို Octa – core Processor 2GHz နဲ့ Run ထားပြီး 2GB, 3GB နဲ့ 4GB RAM ဆိုပြီး ၃ မျိုးလာပါတယ်။ Internal Storage အနေနဲ့ကတော့ 16GB, 32GB နဲ့ 64GB ဆိုပြီး ရှိပြီး microSd Card စိုက်ချင်ရင် 256GB ထိတိုးလို့ရပါတယ်။

Camera အနေနဲ့ကတော့ Dual Rear-Facing Camera ကို 12-Megapixel Primary Sensor နဲ့ 5-Megapixel Secondary Sensor တို့ကို တပ်ဆင်ထားပြီး Selfie Camera အနေနဲ့ကတော့ 5-Megapixel Camera ကိုသုံးထားပါတယ်။ MIUI အနေနဲ့ကတော့ MIUI 9 ဒါမှမဟုတ် MIUI 10 ကို သုံးပါလိမ့်မယ်။ အရောင်အနေနဲ့ကတော့ Black, Rose Gold, White, Blue, Red, Pink, Grey နဲ့ Silver ဆိုပြီး ရွေးချယ်စရာ ၉ မျိုးရှိပါမယ်။

Source: img.gizchina.com

Redmi 6 Pro နဲ့ ပတ်သက်သမျှကတော့ ဒီလောက်ပါပဲ။ Redmi ဖုန်းတွေဟာ မြန်မာပြည်မှာ အတော်လေးလူကြိုက်များပါတယ်။ ဒါ့ကြောင့် Redmi 6 Pro သာထွက်လာရင်လည်း လူကြိုက်များကြဦးမှာ အသေအချာပါပဲ။