Xiaomi ဟာ ယခုနှစ်အစောပိုင်းမှာ Mi Mix 2S ၊ Black Shark Gaming ဖုန်းနဲ့ Mi 6X လိုမျိုး Mid Range နဲ့ High End စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Xiaomi ကနေ Budget စမတ်ဖုန်းအသစ်ဖြစ်တဲ့ Redmi S2 ကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

Source : Xiaomi

အခုသိရတဲ့သတင်းတွေအရတော့ Xiaomi ရဲ့ Redmi S2 ဖုန်းဟာ လက်ရှိ ဘတ်ဂျတ်ဖုန်းတွေထဲမှာ တော်တော်လေးကို ကောင်းလာဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Qualcomm Snapdragon 625 Processor ၊ 18:9 Full Screen Display အပြင် နောက်ဆုံးထွက် Android OS ဖြစ်တဲ့ Android Version 8.1 Oreo ကို အသုံးပြုလာမှာပါ။

ကင်မရာပိုင်းအနေနဲ့ Dual Back Camera ပါဝင်မှာဖြစ်ပြီးတော့ 12MP + 5MP Camera ကို တပ်ဆင်ထားမှာဖြစ်ပြီး Xiaomi Redmi Note 5 Pro မှာ အသုံးပြုနေတဲ့ ကင်မရာပုံစံမျိုးပဲဖြစ်လာမှာပါ။ Selfie Camera အနေနဲ့ကတော့ 5MP ပဲ ရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Portrait Mode ရိုက်ကူးနိုင်မယ့်အပြင် Face Unlock စနစ်ကိုပါ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Source : Xiaomi

အခု Xiaomi Redmi S2 ဖုန်းရဲ့ အားနည်းချက်လို့ ပြောနိုင်တဲ့အချက်က Storage ပဲဖြစ်ပြီးတော့ 16GB ပဲ ပါဝင်မှာဖြစ်တဲ့အတွက် အခုအချိန်မှာ နည်းတယ်လို့ ဆိုနိုင်ပြီးတော့ MicroSD Card နဲ့ ထပ်တိုးချဲ့ဖို့ လိုအပ်မှာပါ။ Battery အနေနဲ့ကတော့ 3080mAh Battery ပါဝင်မှာဖြစ်ပြီး ပါဝါစားသက်သာတဲ့ Snapdragon 625 Processor ကြောင့် အသုံးခံမယ်လို့ မျှော်လင့်ရပါတယ်။
Xiaomi ဟာ လာမယ့် ဧပြီရယ်လ ၂၅ ရက်နေ့မှာ Mi 6X စမတ်ဖုန်းကို ကြေငြာဖို့ ရှိနေတဲ့အတွက် အခု Redmi S2 စမတ်ဖုန်းကိုတော့ အဆိုပါ Event ပြီးမှာပဲ တွေ့ရဖို့ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ ၁ သိန်းခွဲ နဲ့ ၂ သိန်းကြားမှာပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။