တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာ လာမယ့္ စက္တင္ဘာ လလယ္ပုိင္းမွာ High-End စမတ္ဖုန္းတစ္လုံးကို ထပ္မံမိတ္ဆက္သြားဦးမွာျဖစ္ျပီး ထူးျခားခ်က္ကေတာ့ အဆုိပါ စမတ္ဖုန္းဟာ တရုတ္ယြမ္ 1999 (292 ေဒၚလာ) ခန္႔သာ က်သင့္မွာျဖစ္တဲ့အတြက္ ပထမဆုံး Xiaomi ေစ်းႏႈန္းေလာက္ပဲ ရွိေနတာပါ။

ျပီးေတာ့ ေလာေလာဆယ္ တရုတ္ႏုိင္ငံမွာ (ထူးထူးျခားျခား) မေရာင္းရေသးတဲ့ Pocophone ရဲ႕ ေစ်းနဲ႔လည္း သိပ္မကြာတာေၾကာင့္ Flagship Killer လို႔ေခၚရမယ့္ ေစ်းခ်ဳိ High-end ဖုန္းအသစ္ဟာ ဇာတိေျမကို ျပန္ဝင္လာမယ့္ Pocophone လည္း ျဖစ္ႏုိင္ပါတယ္။

မၾကာေသးခင္က သတင္းထြက္လာတဲ့ Mi Mix 3 ကေတာ့ Mi 8 ရဲ႕ေစ်း ယြမ္ 2700 ထက္ ပိုမ်ားမယ္လုိ႔ ခန္႔မွန္းရတဲ့ အတြက္ Mi Mix 3 ေတာ့ မျဖစ္ႏုိင္ဘူးလို႔ ခန္႔မွန္းရေပမယ့္ သိပ္မၾကာခင္ ေရာက္လာမယ့္ Xiaomi ရဲ႕ မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာပါ။

Ref – https://www.gsmarena.com/xiaomi_will_announce_a_highend_smartphone_with_a__euro250_price_tag-news-33092.php

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာ လာမယ့် စက်တင်ဘာ လလယ်ပိုင်းမှာ High-End စမတ်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်သွားဦးမှာဖြစ်ပြီး ထူးခြားချက်ကတော့ အဆိုပါ စမတ်ဖုန်းဟာ တရုတ်ယွမ် 1999 (292 ဒေါ်လာ) ခန့်သာ ကျသင့်မှာဖြစ်တဲ့အတွက် ပထမဆုံး Xiaomi ဈေးနှုန်းလောက်ပဲ ရှိနေတာပါ။

ပြီးတော့ လောလောဆယ် တရုတ်နိုင်ငံမှာ (ထူးထူးခြားခြား) မရောင်းရသေးတဲ့ Pocophone ရဲ့ ဈေးနဲ့လည်း သိပ်မကွာတာကြောင့် Flagship Killer လို့ခေါ်ရမယ့် ဈေးချို High-end ဖုန်းအသစ်ဟာ ဇာတိမြေကို ပြန်ဝင်လာမယ့် Pocophone လည်း ဖြစ်နိုင်ပါတယ်။

မကြာသေးခင်က သတင်းထွက်လာတဲ့ Mi Mix 3 ကတော့ Mi 8 ရဲ့ဈေး ယွမ် 2700 ထက် ပိုများမယ်လို့ ခန့်မှန်းရတဲ့ အတွက် Mi Mix 3 တော့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းရပေမယ့် သိပ်မကြာခင် ရောက်လာမယ့် Xiaomi ရဲ့ မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာပါ။