Xiaomi က လက်ရှိအချိန်မှာ အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံဈေးကွက်မှာ ထိပ်တန်းနေရာတစ်ခုကို ရရှိထားပြီးဖြစ်တဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Xiaomi အသုံးပြုသူတွေက တဖြည်းဖြည်းတိုးပွားလာတာကို ကြည့်ရင် Xiaomi ရဲ့ အောင်မြင်မှုဟာ ကြောက်စရာကောင်းလောက်အောင် အချိန်တိုအတွင်းတိုးတက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် Xiaomi ကနေ အခုအချိန်မှာ တရုတ်နိုင်ငံနဲ့ အာရှဈေးကွက်ထဲကနေ အနောက်နိုင်ငံတွေကို ခြေလှမ်း လှမ်းဖို့ကြံစည်နေတာအချိန်တစ်ခုကြာသွားပြီဖြစ်ပါတယ်။ အမေရိကန်မှာလည်း ရောင်းချခွင့်ရဖို့ ဆောင်ရွက်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အခုအချိန်အထိတော့ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် Xiaomi ကနေ US မဟုတ်ပေမယ့် ဥရောပနိုင်ငံတွေကိုတော့ Xiaomi စမတ်ဖုန်းတွေ တင်ပို့ရောင်းချနိုင်တော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Xiaomi ဟာ ဥရောပက အဓိက Carrier တစ်ခုဖြစ်တဲ့ Carrier Three နဲ့ စာချူပ်ချူပ်ဆိုလိုက်ပြီဖြစ်ပြီးတော့ Xiaomi စမတ်ဖုန်းတွေကို ဥရောပက နိုင်ငံတွေမှာ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အခုစာချူပ်အရ Xiaomi ကနေ ယခု Three Group ရဲ့ Stores တွေရှိတဲ့ Austria, Denmark, Ireland, Italy, Sweden နဲ့ UK တို့မှာ Xiaomi စမတ်ဖုန်းတွေအပြင် အခြားသော Products တွေကိုလည်း ရောင်းချခွင့်ရရှိသွားပြီဖြစ်ပါတယ်။ အခုလိုမျိုး ရောင်းချဖို့ကိုလည်း အလျှင်အမြန်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Xiaomi ရဲ့ အနောက်နိုင်ငံတွေကို ထိုးဖောက်ဖို့ စီစဉ်နေတဲ့အကြံအစည်ကတော့ တချို့တဝက်အဆင်ပြေသွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် US မှာ ရောင်းချနိုင်ဖို့ကတော့ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ထဲမှ ဖြစ်တော့မှာပါ။