Zawgyi Font Version
Mi8 SE
Ref: GsmArena
Unicode Version
Mi8 SE
Xiaomi ကနေ တရုတ်ပြည်တွင်းဈေးကွက်အတွက် ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက်ပေးဖို့လုပ်နေပါတယ်။ အဆိုပါ ဖုန်းအသစ်နှစ်လုံးကို Mi 8 Youth နဲ့ Mi 8 Screen Fingerprint Edition လို့ခေါ်ပြီး နာမည်တွေကတော့ တရုတ်ဘာသာကနေ ဘာသာပြန်ထားတာပါ။ Mi 8 Youth မှာ Snapdragon 710 ကိုအသုံးပြုထားပြီး Mi 8 SE နဲ့ဆင်တူတယ်လို့သိရပါတယ်။
သတင်းအချက်အလက်တွေအရ Mi 8 Youth ကို Pocophone F1 မှာလိုမျိုးပဲ ပလတ်စတစ်နဲ့ထုတ်နိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကို ပလတ်စတစ်နဲ့ထုတ်လိုက်တာကလွဲလို့ ကျန်တဲ့ Spec တွေကတော့ Mi 8 SE နဲ့အတူတူပါပဲ။ Mi 8 Youth ကို Space Grey, Gold နဲ့ Blue အစရှိတဲ့ အရောင်တွေနဲ့ရရှိနိုင်ပါတယ်။
Mi 8 Screen Fingerprint Edition ကတော့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချီခဲ့တဲ့ Mi 8 Explorer Edition ရဲ့ တရုတ်ပြည်တွင်း Version ဖြစ်နိုင်ပါတယ်။ Black နဲ့ Gold ဆိုပြီးအရောင်နှစ်ရောင်ပဲထုတ်မှာပါ။
ဈေးနှုန်းတွေကတော အတိအကျမသိသေးပါဘူး။ မကြာတော့မယ့် အချိန်အတွင်းမှာပဲ Xiaomi ဟာ တရုတ်ယွမ် နှစ်ထောင်တန် Smartphone အသစ်တစ်လုံးထုတ်ဖို့ရှိပြီး တရုတ်ပြည်တွင်း Version Pocophone F1 ဖြစ်နိုင်တယ်လို့သိရပါတယ်။
Ref: GsmArena