[Zawgyi]

ေနာက္ဆုံးမွာေတာ့ Xiaomi ဟာ Wireless နားၾကပ္စစ္စစ္ AirDots Pro သစ္ကို ထုတ္လုပ္ႏိုင္ခဲ့ၿပီလို႔ တရားဝင္ထုတ္ေဖာ္ေၾကညာလိုက္ပါၿပီ။ ပုံစံကိုၾကည့္လိုက္ရင္ေတာ့ Apple ရဲ႕ AirPods ေတြနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနတာကို ေတြ႕ရမွာပါ။ ဒါေပမယ့္ ေဈးႏႈန္းကေတာ့ တစ္ျခားစီပါပဲ။

Xiaomi ရဲ႕ AirDots Pro ဟာ တ႐ုတ္ယြမ္ေငြ 399 ($60) ဆိုေတာ့ ျမန္မာေငြ ကိုးေသာင္းဝန္းက်င္ေလာက္ ျဖစ္ပါတယ္။ ဒီ AirDots Pro ေတြကို ဇန္နဝါရီလ ၁၁ ရက္ေန႔ကစၿပီး ေရာင္းခ်မယ္လို႔သိရပါတယ္။ (တ႐ုတ္ျပည္တြင္းမွာပဲ ေရာင္းခ်ဦးမယ့္သေဘာ ျဖစ္ပါတယ္။) Mi AirDots Pro ေတြဟာ Feature ပိုင္းမွာလည္း အေတာ္ေလး စုံလင္တယ္လို႔ေတာ့ Xiaomi က ေၾကညာထားပါတယ္။

အေလးခ်ိန္အားျဖင့္ 5.8g စီပဲရွိတဲ့ ဒီ AirDots Pro ေလးေတြဟာ Android ေရာ iOS ေတြနဲ႔အျပင္ Windows notebook ေတြနဲ႔လည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ အေကာင္းဆုံးအခ်က္လို႔ဆိုရမွာက နားၾကပ္ တစ္ဖက္စီကို အသံပိုင္းဆိုင္ရာနဲ႔ Function ပိုင္းဆိုင္ရာ သီးသန႔္ခ်ိန္ညႇိလို႔ရပါတယ္။ ဒီလိုခ်ိန္ညႇိျခင္းက တျခားတစ္ဘက္ရဲ႕ အသံအရည္အေသြးကို ထိခိုက္ေစမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Mi AirDots Pro ေတြဟာ အသံတုန႔္ျပန္မႈႀကိမ္ႏႈန္းပိုမိုေကာင္းမြန္ေစဖို႔ 7mm neodymium iron boron drivers နဲ႔ Titanium-plated diaphragm ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဖုန္းေျပာဆိုမႈေတြအတြက္လည္း ဆူညံသံေတြကို ဖယ္ထုတ္ေပးတဲ့ စနစ္ပါဝင္တယ္လို႔ ဆိုပါတယ္။ Xiaomi ရဲ႕ေျပာဆိုခ်က္အရ ဒီ AirDots Pro ေတြဟာ တစ္ႀကိမ္အားသြင္းထားၿပီးရင္ ၁၀ နာရီနဲ႔အထက္ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ အားအျပည့္သြင္းဖို႔ အခ်ိန္တစ္နာရီ ၾကာျမင့္တယ္လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

ဒေါ်လာ ၆၀ တန် Mi AirDots Pro ရောင်းချဦးမယ့် Xiaomi

နောက်ဆုံးမှာတော့ Xiaomi ဟာ Wireless နားကြပ်စစ်စစ် AirDots Pro သစ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ တရားဝင်ထုတ်ဖော်ကြေညာလိုက်ပါပြီ။ ပုံစံကိုကြည့်လိုက်ရင်တော့ Apple ရဲ့ AirPods တွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် ဈေးနှုန်းကတော့ တစ်ခြားစီပါပဲ။

Xiaomi ရဲ့ AirDots Pro ဟာ တရုတ်ယွမ်ငွေ 399 ($60) ဆိုတော့ မြန်မာငွေ ကိုးသောင်းဝန်းကျင်လောက် ဖြစ်ပါတယ်။ ဒီ AirDots Pro တွေကို ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ရောင်းချမယ်လို့သိရပါတယ်။ (တရုတ်ပြည်တွင်းမှာပဲ ရောင်းချဦးမယ့်သဘော ဖြစ်ပါတယ်။) Mi AirDots Pro တွေဟာ Feature ပိုင်းမှာလည်း အတော်လေး စုံလင်တယ်လို့တော့ Xiaomi က ကြေညာထားပါတယ်။

အလေးချိန်အားဖြင့် 5.8g စီပဲရှိတဲ့ ဒီ AirDots Pro လေးတွေဟာ Android ရော iOS တွေနဲ့အပြင် Windows notebook တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးအချက်လို့ဆိုရမှာက နားကြပ် တစ်ဖက်စီကို အသံပိုင်းဆိုင်ရာနဲ့ Function ပိုင်းဆိုင်ရာ သီးသန့်ချိန်ညှိလို့ရပါတယ်။ ဒီလိုချိန်ညှိခြင်းက တခြားတစ်ဘက်ရဲ့ အသံအရည်အသွေးကို ထိခိုက်စေမှာမဟုတ်ဘူးလို့ သိရပါတယ်။

Mi AirDots Pro တွေဟာ အသံတုန့်ပြန်မှုကြိမ်နှုန်းပိုမိုကောင်းမွန်စေဖို့ 7mm neodymium iron boron drivers နဲ့ Titanium-plated diaphragm ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းပြောဆိုမှုတွေအတွက်လည်း ဆူညံသံတွေကို ဖယ်ထုတ်ပေးတဲ့ စနစ်ပါဝင်တယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ပြောဆိုချက်အရ ဒီ AirDots Pro တွေဟာ တစ်ကြိမ်အားသွင်းထားပြီးရင် ၁၀ နာရီနဲ့အထက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ အားအပြည့်သွင်းဖို့ အချိန်တစ်နာရီ ကြာမြင့်တယ်လို့ ဆိုပါတယ်။

Ref: GSMArena