[Zawgyi]

Sony Xperia XZ4 ဖုန္းအသစ္ဟာ 21:9 အခ်ဳိးနဲ႔ မ်က္ႏွာျပင္အလ်ား 6.5” လက္မအရြယ္ ရွိမယ့္အတြက္ ဖုန္းကို သာမာန္ထက္ ရွည္ေမ်ာေမ်ာပုံစံ ျဖစ္သြားေစတယ္။ အရွည္ကလည္း 166.9mm ရွိၿပီး မ်က္ႏွာျပင္ 6.5” လက္မခ်င္း အတူတူပဲျဖစ္ေပမယ့္ 19.5:9 အခ်ဳိးကိုသုံးထားတဲ့ iPhone XS Max ထက္ တစ္စင္တီမီတာေလာက္ ပိုရွည္ေနေစပါတယ္။ ဒါေၾကာင့္လည္း ဒီဖုန္းကို ေစာင့္ေမွ်ာ္ေနတဲ့သူေတြက Xperia XZ4 ဟာ အိတ္ကပ္ထဲ ထည့္သြားႏုိင္တဲ့ အရြယ္ထက္ ပိုႀကီးေနမွာကို လန္႔ေနၾကတာပါ။

ယေန႔မွာ Weibo သုံးစြဲသူတစ္ေယာက္က Xperia XZ Premium ဖုန္းကို XZ4 အတြက္ ထုတ္ထားတဲ့ Case နဲ႔ ႏႈိင္းယွဥ္ျပခဲ့ရာမွာေတာ့ အဲ့ေလာက္ႀကီးတယ္လို႔ မခံစားရပါဘူး။ ဒီဖုန္းဟာ ေသခ်ာေပါက္ ပိုရွည္ေပမယ့္ အနံကေတာ့ တုိသြားပါတယ္။ ကာဗာဟာ မူရင္း XZ4 ဖုန္းထက္ ပိုၾကီးေသးတာေၾကာင့္ ဖုန္းအသစ္ဟာ အိတ္ကပ္ထဲ ထည့္လို႔ရမယ့္ အရြယ္ဆုိတာ ေသခ်ာပါတယ္။

လက္ထဲမွာကုိင္ထားတဲ့အခါမွာ ဖုန္းရဲ႕အက်ယ္ကလည္း အေရးပါပါတယ္။ Xperia XZ4 ဟာ လက္ရွိ XZ3 ထက္ မဆုိစေလာက္ ပိုက်ဥ္းၿပီးေတာ့ 72.4mm နဲ႔ 73mm ျဖစ္တယ္။ XZ3 ကို ေကာင္းေကာင္းကုိင္ႏုိင္ရင္ XZ4 ကလည္း ျပႆနာရွိမွာမဟုတ္ပါဘူး။

က်န္တဲ့အပုိင္းကေတာ့ သတင္းထြက္ထားသလိုပါပဲ။ ေနာက္ဘက္မွာ Fingerprint တစ္ခုနဲ႔ ေအာက္ေျခက စပီကာေတြ ပါဝင္တယ္။ Xperia အမွတ္တံဆိပ္ရဲ႕ Flagship အသစ္ဟာ စတီရီယုိအသံကို ေထာက္ပံ့ေပးမွာ ျဖစ္ေပမယ့္ ပုိက်ဥ္းေျမာင္းတဲ့ Bezel ေၾကာင့္ ေရွ႕ဘက္လွည့္ထားတဲ့ စပီကာေတြအတြက္ ေနရာမရွိပါဘူး။ ဒါ့ျပင္ Xperia XZ4 ဟာ Sony ရဲ႕ပထမဆုံး Triple ကင္မရာနဲ႔ဖုန္း ျဖစ္လာမွာပါ။

Ref – GSM Arena

[Unicode]

Sony Xperia XZ4 ဖုန်းအသစ်ဟာ 21:9 အချိုးနဲ့ မျက်နှာပြင်အလျား 6.5” လက်မအရွယ် ရှိမယ့်အတွက် ဖုန်းကို သာမာန်ထက် ရှည်မျောမျောပုံစံ ဖြစ်သွားစေတယ်။ အရှည်ကလည်း 166.9mm ရှိပြီး မျက်နှာပြင် 6.5” လက်မချင်း အတူတူပဲဖြစ်ပေမယ့် 19.5:9 အချိုးကိုသုံးထားတဲ့ iPhone XS Max ထက် တစ်စင်တီမီတာလောက် ပိုရှည်နေစေပါတယ်။ ဒါကြောင့်လည်း ဒီဖုန်းကို စောင့်မျှော်နေတဲ့သူတွေက Xperia XZ4 ဟာ အိတ်ကပ်ထဲ ထည့်သွားနိုင်တဲ့ အရွယ်ထက် ပိုကြီးနေမှာကို လန့်နေကြတာပါ။

ယနေ့မှာ Weibo သုံးစွဲသူတစ်ယောက်က Xperia XZ Premium ဖုန်းကို XZ4 အတွက် ထုတ်ထားတဲ့ Case နဲ့ နှိုင်းယှဉ်ပြခဲ့ရာမှာတော့ အဲ့လောက်ကြီးတယ်လို့ မခံစားရပါဘူး။ ဒီဖုန်းဟာ သေချာပေါက် ပိုရှည်ပေမယ့် အနံကတော့ တိုသွားပါတယ်။ ကာဗာဟာ မူရင်း XZ4 ဖုန်းထက် ပိုကြီးသေးတာကြောင့် ဖုန်းအသစ်ဟာ အိတ်ကပ်ထဲ ထည့်လို့ရမယ့် အရွယ်ဆိုတာ သေချာပါတယ်။

လက်ထဲမှာကိုင်ထားတဲ့အခါမှာ ဖုန်းရဲ့အကျယ်ကလည်း အရေးပါပါတယ်။ Xperia XZ4 ဟာ လက်ရှိ XZ3 ထက် မဆိုစလောက် ပိုကျဉ်းပြီးတော့ 72.4mm နဲ့ 73mm ဖြစ်တယ်။ XZ3 ကို ကောင်းကောင်းကိုင်နိုင်ရင် XZ4 ကလည်း ပြဿနာရှိမှာမဟုတ်ပါဘူး။

ကျန်တဲ့အပိုင်းကတော့ သတင်းထွက်ထားသလိုပါပဲ။ နောက်ဘက်မှာ Fingerprint တစ်ခုနဲ့ အောက်ခြေက စပီကာတွေ ပါဝင်တယ်။ Xperia အမှတ်တံဆိပ်ရဲ့ Flagship အသစ်ဟာ စတီရီယိုအသံကို ထောက်ပံ့ပေးမှာ ဖြစ်ပေမယ့် ပိုကျဉ်းမြောင်းတဲ့ Bezel ကြောင့် ရှေ့ဘက်လှည့်ထားတဲ့ စပီကာတွေအတွက် နေရာမရှိပါဘူး။ ဒါ့ပြင် Xperia XZ4 ဟာ Sony ရဲ့ပထမဆုံး Triple ကင်မရာနဲ့ဖုန်း ဖြစ်လာမှာပါ။

Ref – GSM Arena