[Zawgyi]

ၿပီးခဲ့တဲ့အပတ္တုန္းက Sony Xperia XZ4 ရဲ႕ Case တစ္ခုကို Xperia XZ Premium ဖုန္းကိုယ္ထည္နဲ႔ ႏိႈင္းယွဥ္ျပတာကို ျမင္ခဲ့ရပါတယ္။ ယေန႔မွာေတာ့ ေနာက္ထပ္ Case ေတြရဲ႕ ပုံရိပ္ေတြ အြန္လိုင္းေပၚကို ေရာက္ရွိလာၿပီး Sony ရဲ႕ Flagship ဖုန္းအသစ္ရဲ႕ အရြယ္အစားနဲ႔ ေနာက္ဘက္ Triple ကင္မရာတုိ႔ကို ပုံေပၚေစခဲ့တယ္။

Olixar အမွတ္တံဆိပ္ေအာက္က Case အသစ္ေတြဟာ Xperia XZ4 ရဲ႕ပုံသ႑ာန္ကို တရားဝင္ အတည္ျပဳေပးလုိက္တယ္လို႔ ဆုိရမွာျဖစ္ၿပီး 21:9 Ratio နဲ႔အလြန္ရွည္လ်ားတဲ့ ကုိယ္ထည္ကို ျမင္ေတြ႕ရပါၿပီ။ ေနာက္ဘက္မွာ ကင္မရာသုံးလုံးတြဲကို ေဒါင္လုိက္ထည့္သြင္းထားၿပီး ကင္မရာေတြရဲ႕အေပၚမွာေတာ့ LED Flash မီးကို ျမင္ရမွာပါ။ Fingerprint ဖတ္စက္ကေတာ့ ေဘးမွာျဖစ္ကာ အသံတုိးခ်ဲ႕ခလုတ္နဲ႔ ပါဝါခလုတ္တုိ႔ ၾကားထဲ တည့္တည့္မွာ ျဖစ္ပါတယ္။

ေက်ာဘက္မွာ Olixar အမွတ္တံဆိပ္ပါတဲ့ လည္သာကာဗာေတြနဲ႔ Protective Case ေတြေတာင္ ရွိေနၿပီ ျဖစ္ၿပီး အေျခခံ ဆီလီကြန္ Protector ကိုလည္း ျမင္ရပါတယ္။ ေစ်းႏႈန္းေတြကေတာ့ ၅ ေဒၚလာနဲ႔ ၁၅ ေဒၚလာ ၾကားသာ သတ္မွတ္ထားတယ္။ ၿပီးခဲ့တဲ့အပတ္ကေတာ့ ကာဘြန္ဖိုင္ဘာ Case တစ္ခုကို Leak မွာ ျမင္ေတြ႕ရပါေသးတယ္။

Sony ဟာ သူတုိ႔ရဲ႕လက္နက္သစ္ Xperia XZ4 ကိုလာမယ့္ MWC 2019 ပြဲမွာ ခ်ျပသြားမယ္လို႔ ယူဆရပါတယ္။ လက္ရွိမွာ သိထားရတာကေတာ့ သူ႕ရဲ႕ ရွည္ေမ်ာေမ်ာပုံစံနဲ႔ Snapdragon 855 ခ်စ္ပ္ဆက္ပါပဲ။ 3.5mm Audio Jack လည္း ပါဝင္မွာမဟုတ္ပါဘူး။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်တုန်းက Sony Xperia XZ4 ရဲ့ Case တစ်ခုကို Xperia XZ Premium ဖုန်းကိုယ်ထည်နဲ့ နှိုင်းယှဉ်ပြတာကို မြင်ခဲ့ရပါတယ်။ ယနေ့မှာတော့ နောက်ထပ် Case တွေရဲ့ ပုံရိပ်တွေ အွန်လိုင်းပေါ်ကို ရောက်ရှိလာပြီး Sony ရဲ့ Flagship ဖုန်းအသစ်ရဲ့ အရွယ်အစားနဲ့ နောက်ဘက် Triple ကင်မရာတို့ကို ပုံပေါ်စေခဲ့တယ်။

Olixar အမှတ်တံဆိပ်အောက်က Case အသစ်တွေဟာ Xperia XZ4 ရဲ့ပုံသဏ္ဍာန်ကို တရားဝင် အတည်ပြုပေးလိုက်တယ်လို့ ဆိုရမှာဖြစ်ပြီး 21:9 Ratio နဲ့အလွန်ရှည်လျားတဲ့ ကိုယ်ထည်ကို မြင်တွေ့ရပါပြီ။ နောက်ဘက်မှာ ကင်မရာသုံးလုံးတွဲကို ဒေါင်လိုက်ထည့်သွင်းထားပြီး ကင်မရာတွေရဲ့အပေါ်မှာတော့ LED Flash မီးကို မြင်ရမှာပါ။ Fingerprint ဖတ်စက်ကတော့ ဘေးမှာဖြစ်ကာ အသံတိုးချဲ့ခလုတ်နဲ့ ပါဝါခလုတ်တို့ ကြားထဲ တည့်တည့်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ Olixar အမှတ်တံဆိပ်ပါတဲ့ လည်သာကာဗာတွေနဲ့ Protective Case တွေတောင် ရှိနေပြီ ဖြစ်ပြီး အခြေခံ ဆီလီကွန် Protector ကိုလည်း မြင်ရပါတယ်။ ဈေးနှုန်းတွေကတော့ ၅ ဒေါ်လာနဲ့ ၁၅ ဒေါ်လာ ကြားသာ သတ်မှတ်ထားတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ကာဘွန်ဖိုင်ဘာ Case တစ်ခုကို Leak မှာ မြင်တွေ့ရပါသေးတယ်။

Sony ဟာ သူတို့ရဲ့လက်နက်သစ် Xperia XZ4 ကိုလာမယ့် MWC 2019 ပွဲမှာ ချပြသွားမယ်လို့ ယူဆရပါတယ်။ လက်ရှိမှာ သိထားရတာကတော့ သူ့ရဲ့ ရှည်မျောမျောပုံစံနဲ့ Snapdragon 855 ချစ်ပ်ဆက်ပါပဲ။ 3.5mm Audio Jack လည်း ပါဝင်မှာမဟုတ်ပါဘူး။

Ref – GSM Arena