Zawgyi

Sony ဟာ တစ္ျခား စမတ္ဖုန္း ထုတ္လုပ္သူေတြၾကားထဲမွာ နာမည္က်လာေပမယ့္ လက္ေလ်ာ့ျခင္းမရွိပဲ ဖုန္းအသစ္ေတြကို ဆက္ထုတ္လုပ္ေနဆဲပါ။ တစ္ျခားဖုန္းေတြလို Price-to-Performance Ratio မေကာင္းေပမယ့္ ကမၻာတစ္ဝွမ္း Sony ပရိတ္သက္ေတြအမ်ားအျပားရွိေနပါေသးတယ္။ အခုေနာက္ဆံုး ထြက္ရွိထားတဲ့ Xperia XZ3 မွာေတာ့ Smartphone Reviewer ေတာ္ေတာ္မ်ားမ်ားကိုစြဲေဆာင္ႏိုင္ခဲ့ျပီး ထြက္ဖူးသမွ် Sony ဖုန္းေတြထဲမွာ Display အေကာင္းဆံုး ဖုန္းတစ္လံုးျဖစ္လာျပီး ပထမဆံုး OLED Display အသံုးျပဳ Sony ဖုန္းတစ္လံုးျဖစ္လာခဲ့ပါတယ္။ ဒီဇိုင္းပိုင္းအေနနဲ႔လည္း XZ2 ကစလို႔ စတင္ေျပာင္းလဲလာခဲ့ပါတယ္။ အရင္လို ေလးေထာင့္က်က် ျပားခ်ပ္ခ်ပ္ ဒီဇိုင္းမဟုတ္ေတာ့ပဲ HTC ဖုန္းေတြလို အေနာက္ဘက္ခံုး ဒီဇိုင္းမ်ိဳးကို အသံုးျပဳလာတာေၾကာင့္ အရမ္းၾကည့္ေကာင္းလာပါတယ္။

အခုဆိုရင္ နာမည္ေကာင္းရထားတဲ့ XZ3 ရဲ႕ ဂုဏ္ကို ဆက္ထိန္းသိမ္းဖို႔အတြက္ XZ4 ကို မိတ္ဆက္ေတာ့မွာပါ။ ေနာက္ဆံုးေပါက္ၾကားလာတဲ့ CAD ေဆာ့ဖ္ဝဲအသံုးျပဳျပီးေရးဆြဲထားတဲ့ ပံုေတြအရ Xperia XZ4 မွာ အေနာက္ဘက္ ကင္မရာ သံုးလံုးတြဲပါလာႏိုင္တယ္လို႔ သိရပါတယ္။ အဆိုပါ သတင္းသာ မွန္ခဲ့မယ္ဆိုရင္ Sony XZ4 ဟာ အေနာက္ဘက္ ကင္မရာ သံုးလံုးပါဝင္လာမယ့္ ပထမဆံုး Sony ဖုန္းတစ္လံုးျဖစ္လာမွာပါ။ စမတ္ဖုန္းေလာကမွာ အေနာက္ဘက္ ကင္မရာ အေရအတြက္ မ်ားလာပံုက CPU Core ေတြမ်ားလာပံုနဲ႔ဆင္တူေနပါတယ္။ ဟိုးအရင္အခ်ိန္တုန္းကဆုိရင္ စမတ္ဖုန္းေတြမွာ Dual Core CPU ဆိုတာ အမ်ားဆံုးပမာဏျဖစ္ျပီး အခုဆိုရင္ Deca Core လို႔ေခၚတဲ့ Core ဆယ္လံုးပါတဲ့ စမတ္ဖုန္း CPU ေတြကိုပါေတြ႔လာရပါတယ္။ ကင္မရာအေရအတြက္ကေတာ့ အဲ့ေလာက္ထိ တပ္ဆင္လာႏိုင္မယ္လို႔ မထင္ရေပမယ့္ Nokia Pure View လိုဖုန္းမ်ိဳးမွာေတာ့ ကင္မရာ ငါးလံုးထိ တပ္ဆင္လာတာကို ေတြ႔ေနရပါျပီ။

XZ4 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ သံုးလံုးတြဲ စနစ္ရဲ႕ ကင္မရာ အမ်ိဳးအစားေတြကိုေတာ့ ေသခ်ာသိရျခင္းမရွိေသးပါဘူး။ ဒါေပမယ့္လည္း Megapixel ပမာဏ မ်ားႏိုင္တဲ့ အဓိက ကင္မရာနဲ႔ အတူ Wide Angle Lens နဲ႔ Telephoto Lens တို႔ပါဝင္ႏိုင္မယ္လို႔ေတာ့ ခန္႔မွန္းေနၾကပါတယ္။ Snapdragon 8150 ကိုအသံုးျပဳႏိုင္ျပီး RAM 4GB သို႔မဟုတ္ 6GB ပါဝင္ႏိုင္ပါတယ္။ အရင္ XZ3 လိုပဲ အရည္အေသြးေကာင္းမြန္တဲ့ စတီရီယို စပီကာ ေတြ ပါဝင္မွာျဖစ္ပါတယ္။ Display ကေတာ့ POLED ကိုပဲဆက္သံုးဆြဲသြားမွာျဖစ္ျပီး QHD+ Resolution ရွိမွာပါ။ ထြက္ရွိမယ့္ ရက္နဲ႔ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ေနာက္ထပ္ Xperia XZ4 နဲ႔ပက္သက္တဲ့ သတင္းေတြရရင္ ျပန္လည္ မွ်ေဝေပးပါမယ္။

Ref: XDA

Unicode

Sony ဟာ တစ်ခြား စမတ်ဖုန်း ထုတ်လုပ်သူတွေကြားထဲမှာ နာမည်ကျလာပေမယ့် လက်လျော့ခြင်းမရှိပဲ ဖုန်းအသစ်တွေကို ဆက်ထုတ်လုပ်နေဆဲပါ။ တစ်ခြားဖုန်းတွေလို Price-to-Performance Ratio မကောင်းပေမယ့် ကမ္ဘာတစ်ဝှမ်း Sony ပရိတ်သက်တွေအများအပြားရှိနေပါသေးတယ်။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Xperia XZ3 မှာတော့ Smartphone Reviewer တော်တော်များများကိုစွဲဆောင်နိုင်ခဲ့ပြီး ထွက်ဖူးသမျှ Sony ဖုန်းတွေထဲမှာ Display အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လာပြီး ပထမဆုံး OLED Display အသုံးပြု Sony ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့လည်း XZ2 ကစလို့ စတင်ပြောင်းလဲလာခဲ့ပါတယ်။ အရင်လို လေးထောင့်ကျကျ ပြားချပ်ချပ် ဒီဇိုင်းမဟုတ်တော့ပဲ HTC ဖုန်းတွေလို အနောက်ဘက်ခုံး ဒီဇိုင်းမျိုးကို အသုံးပြုလာတာကြောင့် အရမ်းကြည့်ကောင်းလာပါတယ်။

အခုဆိုရင် နာမည်ကောင်းရထားတဲ့ XZ3 ရဲ့ ဂုဏ်ကို ဆက်ထိန်းသိမ်းဖို့အတွက် XZ4 ကို မိတ်ဆက်တော့မှာပါ။ နောက်ဆုံးပေါက်ကြားလာတဲ့ CAD ဆော့ဖ်ဝဲအသုံးပြုပြီးရေးဆွဲထားတဲ့ ပုံတွေအရ Xperia XZ4 မှာ အနောက်ဘက် ကင်မရာ သုံးလုံးတွဲပါလာနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းသာ မှန်ခဲ့မယ်ဆိုရင် Sony XZ4 ဟာ အနောက်ဘက် ကင်မရာ သုံးလုံးပါဝင်လာမယ့် ပထမဆုံး Sony ဖုန်းတစ်လုံးဖြစ်လာမှာပါ။ စမတ်ဖုန်းလောကမှာ အနောက်ဘက် ကင်မရာ အရေအတွက် များလာပုံက CPU Core တွေများလာပုံနဲ့ဆင်တူနေပါတယ်။ ဟိုးအရင်အချိန်တုန်းကဆိုရင် စမတ်ဖုန်းတွေမှာ Dual Core CPU ဆိုတာ အများဆုံးပမာဏဖြစ်ပြီး အခုဆိုရင် Deca Core လို့ခေါ်တဲ့ Core ဆယ်လုံးပါတဲ့ စမတ်ဖုန်း CPU တွေကိုပါတွေ့လာရပါတယ်။ ကင်မရာအရေအတွက်ကတော့ အဲ့လောက်ထိ တပ်ဆင်လာနိုင်မယ်လို့ မထင်ရပေမယ့် Nokia Pure View လိုဖုန်းမျိုးမှာတော့ ကင်မရာ ငါးလုံးထိ တပ်ဆင်လာတာကို တွေ့နေရပါပြီ။

XZ4 ရဲ့ နောက်ကျောဘက် ကင်မရာ သုံးလုံးတွဲ စနစ်ရဲ့ ကင်မရာ အမျိုးအစားတွေကိုတော့ သေချာသိရခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း Megapixel ပမာဏ များနိုင်တဲ့ အဓိက ကင်မရာနဲ့ အတူ Wide Angle Lens နဲ့ Telephoto Lens တို့ပါဝင်နိုင်မယ်လို့တော့ ခန့်မှန်းနေကြပါတယ်။ Snapdragon 8150 ကိုအသုံးပြုနိုင်ပြီး RAM 4GB သို့မဟုတ် 6GB ပါဝင်နိုင်ပါတယ်။ အရင် XZ3 လိုပဲ အရည်အသွေးကောင်းမွန်တဲ့ စတီရီယို စပီကာ တွေ ပါဝင်မှာဖြစ်ပါတယ်။ Display ကတော့ POLED ကိုပဲဆက်သုံးဆွဲသွားမှာဖြစ်ပြီး QHD+ Resolution ရှိမှာပါ။ ထွက်ရှိမယ့် ရက်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ နောက်ထပ် Xperia XZ4 နဲ့ပက်သက်တဲ့ သတင်းတွေရရင် ပြန်လည် မျှဝေပေးပါမယ်။

Ref: XDA