Zawgyi

ဂ်ပန္ နည္းပညာ ကုမၸဏီႀကီး Sony ကေန ဒီႏွစ္ရဲ႕ Flagship ဖုန္းျဖစ္တဲ့ XZ4 ကို မိတ္ဆက္ေတာ့မွာပါ။ ကုမၸဏီကေန တရားဝင္ မိတ္ဆက္မယ့္ ရက္နဲ႕ XZ4 ရဲ႕ ဒီဇိုင္းပုံရိပ္ေတြကို တရားဝင္ ထုတ္ျပျခင္း မရွိေသးေပမယ့္ ေကာလဟလေတြနဲ႕ သတင္း ေပါက္ၾကားမႈေတြကေတာ့ အဆက္မျပတ္ ထြက္ေပၚလို႔ ေနခဲ့ပါတယ္။ XZ4 ကို XZ4 လို႔ မေခၚေတာ့ပဲ နာမည္ အသစ္ေပးမယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း သတင္းအမ်ားစုက အတည္ျပဳလို႔ မရတဲ့ သတင္းေတြသာ ျဖစ္ပါတယ္။ အခု ေနာက္ဆုံး ေပါက္ၾကားလာတဲ့ ပုံကေတာ့ XZ4 ရဲ႕ Home Screen ျဖစ္ၿပီး ခုေခတ္ စမတ္ဖုန္းေတြမွာ အသုံးျပဳေလ့မရွိတဲ့ 21:9 မ်က္ႏွာျပင္ အခ်ိဳးအစား ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။

21:9 အခ်ိဳးအစားကို အသုံးျပဳထားတဲ့ အတြက္ ပုံမွန္ေတြ႕ေနက် စမတ္ဖုန္း မ်က္ႏွာျပင္ ေတြထက္ အေတာ္ေလးရွည္ေနတာကို ေတြ႕ရပါတယ္။ Home Screen မွာ Sony ရဲ႕ ေအာ္ရီဂ်င္နယ္ Icon ေတြကို ျမင္ေတြ႕ရၿပီး ထူးျခားခ်က္ကေတာ့ Android Pie ရဲ႕ Navigation Button ေလးကို Home Screen ေအာက္ေျခမွာ ေတြ႕ရပါတယ္။ အဲ့တာေၾကာင့္ XZ4 မွာ Android Pie တစ္ပါတည္း ပါဝင္လာမယ္လို႔ ေျပာလို႔ရပါတယ္။ Home Screen ရဲ႕ ေဘးဘက္မွာ အျဖဴေရာင္ ဘားတန္းေလးကိုေတြ႕ရၿပီး Sony ရဲ႕ Side Sense ျဖစ္နိုင္ပါတယ္။ Side Sense ကို XZ3 မွာ ကတည္းက ေတြ႕ရတာျဖစ္ၿပီး ဖုန္းရဲ႕ ေဘးဘက္ေဘာင္ကို ႏွစ္ခ်က္ ေခါက္ၿပီး သင္အသုံးျပဳေလ့ရွိတဲ့ App Shortcuts ေတြကို AI ကေန ခန႔္မွန္းၿပီး List လုပ္ေပးထားမွာပါ။

အေပၚက ပုံမွာေတာ့ XZ4 ရဲ႕ ေနာက္ေက်ာဘက္ ဒီဇိုင္းကိုပါ ျမင္ေတြ႕ရၿပီး ကင္မရာ သုံးလုံးတြဲ စနစ္ကို တပ္ဆင္ေပးထားတာ ေတြ႕ရပါတယ္။ Sony ဟာ သူ႕ စမတ္ဖုန္းေတြရဲ႕ ေဘးေဘာင္ေတြကို ပါးလွပ္ေအာင္ ႀကိဳးစားတဲ့ ေနရာမွာ ေႏွးေကြးေပမယ့္ အခု ထြက္ေပၚလာတဲ့ ပုံအရေတာ့ XZ4 ရဲ႕ အေပၚ၊ေအာက္ နဲ႕ ေဘးဘက္ ေဘးေဘာင္ေတြဟာ အေတာ္ေလး ေသးေကြး၊ ပါးလွပ္လာတာ ေတြ႕နိုင္ပါတယ္။ XZ4 ကို ေနာက္လ မွာ က်င္းပမယ့္ MWC 2019 ပြဲမွာ တရားဝင္ မိတ္ဆက္မွာျဖစ္ပါတယ္။

Ref: Gizmo China

Unicode

ထူးခြားတဲ့ 21:9 မျက်နှာပြင်အချိုးအစားနဲ့ XZ4 ရဲ့ Home Screen ပေါက်ကြား

ဂျပန် နည်းပညာ ကုမ္ပဏီကြီး Sony ကနေ ဒီနှစ်ရဲ့ Flagship ဖုန်းဖြစ်တဲ့ XZ4 ကို မိတ်ဆက်တော့မှာပါ။ ကုမ္ပဏီကနေ တရားဝင် မိတ်ဆက်မယ့် ရက်နဲ့ XZ4 ရဲ့ ဒီဇိုင်းပုံရိပ်တွေကို တရားဝင် ထုတ်ပြခြင်း မရှိသေးပေမယ့် ကောလဟလတွေနဲ့ သတင်း ပေါက်ကြားမှုတွေကတော့ အဆက်မပြတ် ထွက်ပေါ်လို့ နေခဲ့ပါတယ်။ XZ4 ကို XZ4 လို့ မခေါ်တော့ပဲ နာမည် အသစ်ပေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သတင်းအများစုက အတည်ပြုလို့ မရတဲ့ သတင်းတွေသာ ဖြစ်ပါတယ်။ အခု နောက်ဆုံး ပေါက်ကြားလာတဲ့ ပုံကတော့ XZ4 ရဲ့ Home Screen ဖြစ်ပြီး ခုခေတ် စမတ်ဖုန်းတွေမှာ အသုံးပြုလေ့မရှိတဲ့ 21:9 မျက်နှာပြင် အချိုးအစား ကို အသုံးပြုထားတာ တွေ့ရပါတယ်။

21:9 အချိုးအစားကို အသုံးပြုထားတဲ့ အတွက် ပုံမှန်တွေ့နေကျ စမတ်ဖုန်း မျက်နှာပြင် တွေထက် အတော်လေးရှည်နေတာကို တွေ့ရပါတယ်။ Home Screen မှာ Sony ရဲ့ အော်ရီဂျင်နယ် Icon တွေကို မြင်တွေ့ရပြီး ထူးခြားချက်ကတော့ Android Pie ရဲ့ Navigation Button လေးကို Home Screen အောက်ခြေမှာ တွေ့ရပါတယ်။ အဲ့တာကြောင့် XZ4 မှာ Android Pie တစ်ပါတည်း ပါဝင်လာမယ်လို့ ပြောလို့ရပါတယ်။ Home Screen ရဲ့ ဘေးဘက်မှာ အဖြူရောင် ဘားတန်းလေးကိုတွေ့ရပြီး Sony ရဲ့ Side Sense ဖြစ်နိုင်ပါတယ်။ Side Sense ကို XZ3 မှာ ကတည်းက တွေ့ရတာဖြစ်ပြီး ဖုန်းရဲ့ ဘေးဘက်ဘောင်ကို နှစ်ချက် ခေါက်ပြီး သင်အသုံးပြုလေ့ရှိတဲ့ App Shortcuts တွေကို AI ကနေ ခန့်မှန်းပြီး List လုပ်ပေးထားမှာပါ။

အပေါ်က ပုံမှာတော့ XZ4 ရဲ့ နောက်ကျောဘက် ဒီဇိုင်းကိုပါ မြင်တွေ့ရပြီး ကင်မရာ သုံးလုံးတွဲ စနစ်ကို တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ Sony ဟာ သူ့ စမတ်ဖုန်းတွေရဲ့ ဘေးဘောင်တွေကို ပါးလှပ်အောင် ကြိုးစားတဲ့ နေရာမှာ နှေးကွေးပေမယ့် အခု ထွက်ပေါ်လာတဲ့ ပုံအရတော့ XZ4 ရဲ့ အပေါ်၊အောက် နဲ့ ဘေးဘက် ဘေးဘောင်တွေဟာ အတော်လေး သေးကွေး၊ ပါးလှပ်လာတာ တွေ့နိုင်ပါတယ်။ XZ4 ကို နောက်လ မှာ ကျင်းပမယ့် MWC 2019 ပွဲမှာ တရားဝင် မိတ်ဆက်မှာဖြစ်ပါတယ်။

Ref: Gizmo China