မကြာသေးခင်ကမှ Samsung ကုမ္ပဏီက မိတ်ဆက်လိုက်တဲ့ Galaxy S8 ရဲ့ ပိုင်ရှင် မျက်နှာကို စစ်ဆေးပြီး ဖုန်းကို လော့ခ်ဖွင့်ပေးတဲ့ စနစ် Face Unlock စနစ်မှာ အားနည်းချက်တွေရှိနေ သတင်းထွက်ပေါ်နေပါတယ်။

Galaxy S8 စမတ်ဖုန်းကို မျက်နှာနဲ့ မဟုတ်ဘဲ ဖုန်းဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံကို ပြပြီး ဖွင့်ခိုင်းလို့ရတယ်လို့ Blogger MarcianoTech က Youtube ပေါ်မှာ ဗီဒီယိုဖိုင်တင်ပြီး ပြသခဲ့ပါတယ်။

ဒါပေမယ့် Samsung ရဲ့ Face Unlock စနစ်က အသုံးပြုသူတွေ ဖုန်းကို ဖွင့်ရာမှာ လွယ်ကူစေဖို့ လုပ်ဆောင်ထားတာပါလို့ Samsung က စမတ်ဖုန်းကို မိတ်ဆက်ချိန်က ပြောခဲ့ပါတယ်။

Samsung Galaxy S8 ကို ဧပြီလ ၂၁ ရက်နေ့မှာ စတင်ပြီး အမေရိကန် ဒေါ်လာ ၇၅၀ နီးပါးဖြင့် ရောင်းချတော့မှာဖြစ်ပါတယ်။

Samsung Galaxy S8 ရဲ့ display ဆိုဒ်က ၅.၈ လက်မ ရှိပြီး Galaxy S8+မှာတော့ 6.2 လက်မ ရှိပါတယ်။ ဖုန်း၂လုံးစလုံးရဲ့ Processor က ၁.၉ GHz Octa-Core ဖြစ်ပြီး အရှေ့ကင်မရာမှာလည်း 8 Megapixel ရှိပါတယ်။

ဖုန်း၂ လုံးစလုံးရဲ့ အနောက်ကင်မရာက 12 Megapixel ရှိပြီး Ram က 4 GB ရှိပါတယ်။ Resolution အချိုးကတော့ 1440× 1960 pixels ဖြစ်ပါတယ်။