YouTube ဟာ နောက်ဆုံးတော့ သီချင်းကြိုက်တဲ့ လူတွေအတွက် ရည်ရွယ်ထားတဲ့ Plan ကြီးတစ်ခုကို ချပြလိုက်ပါပြီ။ ဒီ Streaming Service ဟာ US, Australia, New Zealand, Mexico နဲ့ South Korea တို့မှာ လာမယ့် မေလ ၂၂ ရက်နေ့ကျရင် စတင် Launch လုပ်မယ် လို့ကြေညာထားပါတယ်။ တခြားနိုင်ငံ တွေကတော့ ပထမဆုံး Launch လုပ်ပြီး သီတင်းပတ် အနည်းငယ်မှာ စပြီး အသုံးပြုလို့ ရမယ်လို့ ဆိုပါတယ်။

Source: TechReport

ဒီ Service ဟာ ဆိုရင် သီချင်းကို နားထောင်တဲ့ လူတွေအတွက် သာမက Video တွေပါ ကြည့်ချင်တဲ့ လူတွေအတွက် ရည်ရွယ်တယ်လို့ YouTube Music ရဲ့ Product Manger ဖြစ်တဲ့ Elias Roman က ပြောထားပါတယ်။ ဒီ Streaming Service အသစ်ဟာ ထောင်ချီတဲ့ Playlist တွေ၊ သန်းချီတဲ့ သီချင်းတွေ၊ Album တွေ၊ Artist Radio တွေနဲ့ သင်ကြည့်ချင်တဲ့ Music Video မှန်သမျှ ရရှိနိုင်မယ့် Mobile App နဲ့ Desktop Music Player တစ်ခုဖြစ်လာမယ်လို့လည်း အာမခံထားပါတယ်။

Source: Tubefilter.com

ဒီ Streaming Service က သီချင်းကြိုက်တဲ့ လူတွေအတွက် တကယ် အဆင်ပြေမယ်လို့ ထင်လားဗျ။ ပရိတ်သတ်ကြီးရဲ့ အမြင်လေးကိုလည်း ဝင်ဆွေးနွေးသွားပေးပါဦး ။