[Zawgyi]

တရုတ္တယ္လီကြန္းတရားဝင္ဆုိက္ျဖစ္တဲ့ TENAA ရဲ႕ ေဒတာေတြထဲမွာေတာ့ ZTE V1000 လို႔ လွ်ဳိ႕ဝွက္နာမည္ေပးထားတဲ့ စမတ္ဖုန္းအသစ္တစ္ခု ေရာက္ေနပါၿပီ။ အဆုိပါ ZTE V1000 ဖုန္းဟာ လာမယ့္ MWC 2019 ပြဲေတာ္မွာ ZTE Blade V10 အမည္နဲ႔ ထုတ္ျပလာမယ့္ စမတ္ဖုန္းလို႔ ယူဆရပါတယ္။

Blade V10 ဖုန္းဟာ မႏွစ္က MWC ပြဲမွာပဲ ေၾကညာခဲ့တဲ့ Blade V9 ဖုန္းရဲ႕ ဆက္ခံသူ ျဖစ္လာမွာပါ။ ထြက္ေပၚလာတဲ့ ပုံေတြထဲမွာေတာ့ Waterdrop Notch တစ္ခုပါတဲ့ မ်က္ႏွာျပင္ကို ေတြ႕ရၿပီး ေနာက္ဘက္မွာ Fingerprint နဲ႔ Dual ကင္မရာအတြဲတုိ႔ကို ျမင္ရမွာျဖစ္ပါတယ္။ ေနာက္ဘက္ကုိယ္ထည္ကေတာ့ Glass ျဖစ္ၿပီး ေထာင့္ေလးေထာင့္စလုံးမွာ Curved စတုိင္ျဖစ္ေနတာကို ေတြ႕ရမွာပါ။

ZTE Blade V10 မွာ 6.3” လက္မအရြယ္ Full HD+ Display ပါဝင္မွာျဖစ္ၿပီး ဘကၳရီကေတာ့ 3,100 mAh ပါ။ အဆုိပါ စမတ္ဖုန္းကို 2.1 GHz Quad-core ပရိုဆက္ဆာနဲ႔ 2.0GHz Quad-core ပရုိဆက္တာတုိ႔ ပါဝင္ထားတဲ့ Octa-core စနစ္ကို အသုံးျပဳလာတာေၾကာင့္ MediaTek Helio P70 ခ်စ္ပ္ဆက္လို႔ ယူဆရတယ္။

ဒီဖုန္းကို 4GB Ram / 64GB Storage သို႔မဟုတ္ 6GB RAM / 128GB Storage ပမာဏတုိ႔နဲ႔ ဗားရွင္းႏွစ္မ်ဳိး ထြက္လာမွာျဖစ္ပါတယ္။ ကင္မရာကေတာ့ ေနာက္ဘက္မွာ 16MP + 5MP Dual ကင္မရာနဲ႔ ေရွ႕ဘက္ဆယ္ဖီကင္မရာက 8MP ျဖစ္ပါတယ္။

Ref – Playful Droid

[Unicode]

တရုတ်တယ်လီကွန်းတရားဝင်ဆိုက်ဖြစ်တဲ့ TENAA ရဲ့ ဒေတာတွေထဲမှာတော့ ZTE V1000 လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်တစ်ခု ရောက်နေပါပြီ။ အဆိုပါ ZTE V1000 ဖုန်းဟာ လာမယ့် MWC 2019 ပွဲတော်မှာ ZTE Blade V10 အမည်နဲ့ ထုတ်ပြလာမယ့် စမတ်ဖုန်းလို့ ယူဆရပါတယ်။

Blade V10 ဖုန်းဟာ မနှစ်က MWC ပွဲမှာပဲ ကြေညာခဲ့တဲ့ Blade V9 ဖုန်းရဲ့ ဆက်ခံသူ ဖြစ်လာမှာပါ။ ထွက်ပေါ်လာတဲ့ ပုံတွေထဲမှာတော့ Waterdrop Notch တစ်ခုပါတဲ့ မျက်နှာပြင်ကို တွေ့ရပြီး နောက်ဘက်မှာ Fingerprint နဲ့ Dual ကင်မရာအတွဲတို့ကို မြင်ရမှာဖြစ်ပါတယ်။ နောက်ဘက်ကိုယ်ထည်ကတော့ Glass ဖြစ်ပြီး ထောင့်လေးထောင့်စလုံးမှာ Curved စတိုင်ဖြစ်နေတာကို တွေ့ရမှာပါ။

ZTE Blade V10 မှာ 6.3” လက်မအရွယ် Full HD+ Display ပါဝင်မှာဖြစ်ပြီး ဘက္ထရီကတော့ 3,100 mAh ပါ။ အဆိုပါ စမတ်ဖုန်းကို 2.1 GHz Quad-core ပရိုဆက်ဆာနဲ့ 2.0GHz Quad-core ပရိုဆက်တာတို့ ပါဝင်ထားတဲ့ Octa-core စနစ်ကို အသုံးပြုလာတာကြောင့် MediaTek Helio P70 ချစ်ပ်ဆက်လို့ ယူဆရတယ်။

ဒီဖုန်းကို 4GB Ram / 64GB Storage သို့မဟုတ် 6GB RAM / 128GB Storage ပမာဏတို့နဲ့ ဗားရှင်းနှစ်မျိုး ထွက်လာမှာဖြစ်ပါတယ်။ ကင်မရာကတော့ နောက်ဘက်မှာ 16MP + 5MP Dual ကင်မရာနဲ့ ရှေ့ဘက်ဆယ်ဖီကင်မရာက 8MP ဖြစ်ပါတယ်။

Ref – Playful Droid