[Zawgyi]

တ႐ုတ္ထိပ္တန္းစမတ္ဖုန္းကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ ZTE ဟာ ေဒဝါလီေခ်ာက္ကမ္းပါးကို ေရာက္ေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ဖူးေပမယ့္ အခုေနာက္ဆုံးရသတင္းမွာေတာ့ သူတို႔ဟာ ၂၀၁၉ ရဲ႕ နည္းပညာသစ္စမတ္ဖုန္းၿပိဳင္ပြဲထဲကို ျပန္ဝင္လာၿပီလို႔ ဆိုရမွာပါ။

ZTE ဟာ ၂၀၁၉ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္းမွာပဲ 5G စမတ္ဖုန္းအပါအဝင္ New Axon နဲ႔ New Blade ေတြကို မိတ္ဆက္သြားဖို႔ စီစဥ္ထားေၾကာင္း ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။ မ်ိဳးဆက္သစ္ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ ဟန္းဆက္ကိုေတာ့ ၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာ ေၾကညာသြားဖို႔ရွိေပမယ့္ အလုံးအရင္းလိုက္ေရာင္းခ်ဖို႔အတြက္ကေတာ့ ဒုတိယႏွစ္ဝက္မွ ျဖစ္ႏိုင္မယ္လို႔ ဆိုပါတယ္။

ZTE အေနနဲ႔ လက္ရွိအခ်ိန္မွာ 5G နဲ႔ ဖုန္းေခၚဆိုျခင္း၊ အင္တာနက္မွာ ရွာေဖြျခင္း၊ WeChat message ေပးပို႔ျခင္းေတြအပါအဝင္ အျခား စမ္းသပ္စစ္ေဆးမႈ အေတာ္မ်ားမ်ားကို ၿပီးစီးေနၿပီလို႔ဆိုပါတယ္။ အေနအထားကေတာ့ ေရွ႕ဆက္ဖို႔ ေကာင္းမြန္ေနတာျဖစ္ၿပီး 5G ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ေနတဲ့ တ႐ုတ္အာဏာပိုင္ေတြဆီကေန မီးစိမ္းျပတာကိုလည္း လက္ခံရရွိထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ZTE ရဲ႕ Flagship အသစ္ကေတာ့ Axon ေအာက္က သြားတာမ်ိဳးပဲ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ ၂၀၁၈ ႏိုဝင္ဘာေလာက္တုန္းကေတာ့ Axon 9 Pro ထုတ္ေဖာ္ျပသခဲ့ၿပီးျဖစ္တာေၾကာင့္ ဒီဖုန္းထက္ ပိုၿပီးစြမ္းေဆာင္ရည္ျမင့္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ပိုၿပီးေတာ့ စြမ္းအင္ျပည့္တဲ့ Chipset, AI camera features, Ultra-low latency for VR/AR စတာေတြကို သယ္ေဆာင္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ ပထမနှစ်ဝက်မှာ 5G စမတ်ဖုန်း မိတ်ဆက်မယ့် ZTE

တရုတ်ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ ZTE ဟာ ဒေဝါလီချောက်ကမ်းပါးကို ရောက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် အခုနောက်ဆုံးရသတင်းမှာတော့ သူတို့ဟာ ၂၀၁၉ ရဲ့ နည်းပညာသစ်စမတ်ဖုန်းပြိုင်ပွဲထဲကို ပြန်ဝင်လာပြီလို့ ဆိုရမှာပါ။

ZTE ဟာ ၂၀၁၉ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာပဲ 5G စမတ်ဖုန်းအပါအဝင် New Axon နဲ့ New Blade တွေကို မိတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ မျိုးဆက်သစ်ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် ဟန်းဆက်ကိုတော့ ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ကြေညာသွားဖို့ရှိပေမယ့် အလုံးအရင်းလိုက်ရောင်းချဖို့အတွက်ကတော့ ဒုတိယနှစ်ဝက်မှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

ZTE အနေနဲ့ လက်ရှိအချိန်မှာ 5G နဲ့ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်း၊ WeChat message ပေးပို့ခြင်းတွေအပါအဝင် အခြား စမ်းသပ်စစ်ဆေးမှု အတော်များများကို ပြီးစီးနေပြီလို့ဆိုပါတယ်။ အနေအထားကတော့ ရှေ့ဆက်ဖို့ ကောင်းမွန်နေတာဖြစ်ပြီး 5G ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ တရုတ်အာဏာပိုင်တွေဆီကနေ မီးစိမ်းပြတာကိုလည်း လက်ခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ZTE ရဲ့ Flagship အသစ်ကတော့ Axon အောက်က သွားတာမျိုးပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၈ နိုဝင်ဘာလောက်တုန်းကတော့ Axon 9 Pro ထုတ်ဖော်ပြသခဲ့ပြီးဖြစ်တာကြောင့် ဒီဖုန်းထက် ပိုပြီးစွမ်းဆောင်ရည်မြင့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ပိုပြီးတော့ စွမ်းအင်ပြည့်တဲ့ Chipset, AI camera features, Ultra-low latency for VR/AR စတာတွေကို သယ်ဆောင်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: GSMArena