[Zawgyi]

ZTE ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ဒီႏွစ္ရဲ႕ ပထမ ၆ လပတ္အတြင္းမွာ သူတို႔ကုမၸဏီရဲ႕ ပထမဆုံး 5G ဖုန္းကို ျဖန႔္ခ်ိသြားမယ္လို႔ အတည္ျပဳေျပာဆိုခဲ့ပါတယ္။ အခုေတာ့ လာမယ့္ MWC 2019 မွာ ထုတ္ျပေတာ့မယ္လို႔ သိရပါတယ္။ ကုမၸဏီရဲ႕ ဖိတ္ၾကားမႈမွာေတာ့ “New Axon, New 5G Flagship” ဆိုၿပီး ေတြ႕ျမင္ရပါတယ္။

သိပ္ၿပီးမရွင္းလင္းတာကေတာ့ New Axon နဲ႔ New 5G Flagship ဆိုတာက တစ္မ်ိဳးတည္းလား၊ ဒါမွမဟုတ္ အမ်ိဳးအစားမတူညီတဲ့ ႏွစ္မ်ိဳးလားဆိုတာပါပဲ။ သိရွိထားရသေလာက္ကေတာ့ Axon 10 Pro ဟာ Snapdragonn 855 ကို အသုံးျပဳထားပါတယ္။ ဒီေတာ့ 5G ဖုန္း ျဖစ္လာဖို႔ ေသခ်ာသေလာက္ ရွိေနပါတယ္။

ဒီ MWC 2019 မွာေတာ့ ကုမၸဏီအမ်ားစုက သူတို႔ရဲ႕ 5G စမတ္ဖုန္းေတြကို ပြဲထုတ္လာဖို႔ ျပင္ဆင္ေနၾကပါၿပီ။ အထူးသျဖင့္ Samsung, OnePlus, Huawei, LG တို႔ျဖစ္ပါတယ္။ အျခားနည္းပညာကုမၸဏီေတြကလည္း 5G အပါအဝင္ ေနာက္ဆုံးေပၚ နည္းပညာနဲ႔ တီထြင္ဆန္းသစ္မႈေတြကို ထုတ္ေဖာ္ျပသၾကမွာပါ။

ဒီေတာ့ တ႐ုတ္ရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ ZTE အေနနဲ႔လည္း Axon 10 Pro ဒါမွမဟုတ္ Axon 10 5G ဆိုၿပီး တစ္မ်ိဳးမ်ိဳးနဲ႔ မိတ္ဆက္လာမွာ ေသခ်ာပါတယ္။ Nubia ကေတာ့ Foldable phone ကို ထုတ္ေဖာ္ျပသမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ZTE အေနနဲ႔ ဒီပြဲမွာ Blade series ကိုလည္း မိတ္ဆက္လာဖြယ္ ရွိေနတာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

5G ချိတ်ဆက်နိုင်တဲ့ Axon Flagship သစ်ကို MWC မှာ မိတ်ဆက်မယ့် ZTE

ZTE ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဒီနှစ်ရဲ့ ပထမ ၆ လပတ်အတွင်းမှာ သူတို့ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ဖြန့်ချိသွားမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ အခုတော့ လာမယ့် MWC 2019 မှာ ထုတ်ပြတော့မယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဖိတ်ကြားမှုမှာတော့ “New Axon, New 5G Flagship” ဆိုပြီး တွေ့မြင်ရပါတယ်။

သိပ်ပြီးမရှင်းလင်းတာကတော့ New Axon နဲ့ New 5G Flagship ဆိုတာက တစ်မျိုးတည်းလား၊ ဒါမှမဟုတ် အမျိုးအစားမတူညီတဲ့ နှစ်မျိုးလားဆိုတာပါပဲ။ သိရှိထားရသလောက်ကတော့ Axon 10 Pro ဟာ Snapdragonn 855 ကို အသုံးပြုထားပါတယ်။ ဒီတော့ 5G ဖုန်း ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

ဒီ MWC 2019 မှာတော့ ကုမ္ပဏီအများစုက သူတို့ရဲ့ 5G စမတ်ဖုန်းတွေကို ပွဲထုတ်လာဖို့ ပြင်ဆင်နေကြပါပြီ။ အထူးသဖြင့် Samsung, OnePlus, Huawei, LG တို့ဖြစ်ပါတယ်။ အခြားနည်းပညာကုမ္ပဏီတွေကလည်း 5G အပါအဝင် နောက်ဆုံးပေါ် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေကို ထုတ်ဖော်ပြသကြမှာပါ။

ဒီတော့ တရုတ်ရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ZTE အနေနဲ့လည်း Axon 10 Pro ဒါမှမဟုတ် Axon 10 5G ဆိုပြီး တစ်မျိုးမျိုးနဲ့ မိတ်ဆက်လာမှာ သေချာပါတယ်။ Nubia ကတော့ Foldable phone ကို ထုတ်ဖော်ပြသမယ်လို့ သိရပါတယ်။ ဒါ့အပြင် ZTE အနေနဲ့ ဒီပွဲမှာ Blade series ကိုလည်း မိတ်ဆက်လာဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: GSMArena