အခုအချိန်မှာ ကိုယ့်ရဲ့ Social Media Account တွေကို အနည်းဆုံး 2-Factor Authentication ခံပြီးအသုံးပြုသင့်တယ်ဆိုတာကတော့ ပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့်လည်း 2-Factor Authentication ကို အသုံးပြုတဲ့အချိန်မှာ Popup Prompt သို့မဟုတ် ဖုန်းနံပါတ်၊ Email ကို Code ပေးပို့တဲ့ စနစ်ကို အသုံးပြုနေတုန်းဆိုရင်တော့ အခန့်မသင့်ရင် ဖောက်ထွင်းခံရနိုင်ပါတယ်။

အဲ့ဒီအတွက်အကောင်းဆုံးတော့ 2-Factor Authentication App တွေကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဒီလိုမျိုး 2FA App တွေကို အသုံးပြုမယ်ဆိုရင် အားသာချက်ကတော့ ဖုန်း SIM Card ရှိနေဖို့ မလိုအပ်သလို Email ထဲကိုလည်း ပြန်ပြီး ဝင်ကြည့်နေစရာမလိုပါဘူး။ Verification Code တွေကလည်း စက္ကန့် ၆၀ ကို တစ်ကြိမ်အမြဲတမ်းပြောင်းလဲနေတဲ့အတွက် လုံခြုံရေးပိုင်းမှာ တခြားသူက သိရှိပြီး ဖောက်ထွင်းနိုင်ဖို့ အလွန်ခက်ခဲမှာဖြစ်ပါတယ်။

အခု Article မှာတော့ 2-Factor Authentication App တွေထဲကမှ အကောင်းဆုံးလို့ပြောနိုင်တဲ့ App တွေကို ဖော်ပြပေးသွားမှာပါ။

Google Authenticator

Google ကနေ ထုတ်ပေးထားတဲ့ Google Authenticator App ကတော့ အသုံးပြုရတာအလွန်လွယ်ကူပြီးတော့ အပို Feature တွေတစ်ခုမှ ပါဝင်မှာမဟုတ်ပါဘူး။ Setup ပြုလုပ်တဲ့အချိန်မှာလည်း QR Code သို့မဟုတ် Setup Key ကို ရိုက်ပေးလိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Authenticator ဟာ စိတ်ချရပြီး အသုံးပြုရလွယ်ကူဖို့ပဲ လိုအပ်တဲ့သူတွေအတွက် အကောင်းဆုံး App ဖြစ်ပါတယ်။ တကယ်လို့ ဖုန်းပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်လည်း မှတ်ထားတဲ့ Account တွေကို Export/Import ပြုလုပ်နိုင်မှာပါ။

Microsoft Authenticator

Microsoft Authenticator App ကလည်း Google လိုမျိုးပဲ အသုံးပြုရတာလွယ်ကူပြီးတော့ ရှင်းလင်းနေမှာဖြစ်ပါတယ်။ Microsoft Account ရှိတယ်ဆိုရင် Microsoft Authenticator App နဲ့ တွဲဖက်ပြီးတော့ Microsoft Account ကို Sign In ပြုလုပ်တဲ့အချိန်မှာ Password ရိုက်စရာမလိုတာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Account Password တွေကိုလည်း Microsoft Account မှာမှတ်ထားပြီးတော့ Autofill Service ကို အသုံးပြုနိုင်မှာပါ။ ကျန်တဲ့ Social Media နဲ့ တခြား 2FA App ကို Support ပြုလုပ်တဲ့ Service တွေအကုန်လုံးကိုလည်း လုံခြုံစွာချိတ်ဆက်နိုင်မှာပါ။

Authy

Authy ကတော့ အသုံးပြုရတာရိုးရှင်းတယ်ဆိုပေမယ့် စတင်ပြီး Setup ပြုလုပ်တဲ့အချိန်မှာ ဖုန်းနံပါတ်လိုအပ်တာကတော့ တခြား 2FA App တွေနဲ့ ယှဥ်ရင် ကွဲပြားနေမှာဖြစ်ပါတယ်။ ဒါက တဖက်မှာ လုံခြုံရေးကို ပိုပြီးကောင်းမွန်စေတယ်ဆိုပေမယ့် တဖက်မှာလည်း ဖုန်းနံပါတ်အနေနဲ့ အသုံးမပြုချင်တဲ့အတွက် 2FA App ကို အသုံးပြုတဲ့ရည်ရွယ်ချက်ပျောက်သလို ဖြစ်နေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Authy မှာ အားသာချက်ကတော့ Encrypted Cloud Backup Support ရရှိနိုင်တာပဲဖြစ်ပါတယ်။ Authy ကို သွင်းထားတဲ့ဖုန်းက တစ်ခုခုဖြစ်လို့ ပြန်ယူချင်တယ်ဆိုရင် Website နဲ့ Support Page တွေကတစ်ဆင့် Password နဲ့ ဖုန်းနံပါတ်ကို ပေးပို့တဲ့ PIN Code ကို အသုံးပြုပြီး ပြန်လည်ရယူနိုင်မှာပါ။

LastPass Authenticator

Password Manager App တွေထဲမှာ နာမည်ကြီးဖြစ်တဲ့ LastPass ကနေ ထုတ်လုပ်ထားတဲ့ LastPss Authenticator ကလည်း လက်ရှိ 2FA App တွေထဲမှာ တော်တော်လေးကို ကောင်းမွန်တာဖြစ်ပါတယ်။ အသုံးပြုရတာလွယ်ကူသလို တကယ်လို့ LastPass Password Manager ကိုပါ အသုံးပြုနေတယ်ဆိုရင် LastPass Account ဝင်ရောက်ပြီးတော့ ကိုယ့်ရဲ့ Vault ထဲမှာ Account တွေကို ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒါက ဖုန်းပြောင်းလဲပြီး အသုံးပြုချင်တဲ့အချိန်မျိုးမှာ Restore ပြုလုပ်ဖို့အတွက် ပိုပြီးလွယ်ကူစေမှာပါ။

ယခု 2-Factor Authentication App တွေကတော့ 2FA App ကို စတင်အသုံးပြုချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတွေဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ 2FA App တစ်ခုထဲမှာပဲ ကိုယ့်ရဲ့ Account တွေအားလုံးထည့်သွင်းထားတာက ပိုပြီးအဆင်ပြေမှာဖြစ်တဲ့အတွက် 2FA App တိုင်း ထည့်သွင်းထားဖို့တော့ မလိုအပ်ပါဘူး။

Ref – PC Mag