Zawgyi

Huawei အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးထြက္ System-on-Chip (SoC) ျဖစ္တဲ့ HiSilicon Kirin 980 Processor ကို ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ က်င္းပေနတဲ့ IFA 2018 မွာ မိတ္ဆက္ျပသခဲ့တာ ျဖစ္ပါတယ္။ Kirin 980 Processor ဟာ ကမာၻ႔ ပထမဦးဆုံး 7nm (nanometre) SoC အမ်ိဴးအစားျဖစ္ၿပီး ARM ရဲ႕ Cortex-A76 CPU နဲ႔ Mali-G76 GPU ေတြကို ေပါင္းစပ္တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

Kirin 980 Processor မွာ 1.4Gbps အထိ ရရွိႏိုင္မယ့္ ပထမဦးဆုံး Cat.21 Smartphone Modem ကို တပ္ဆင္ေပးထားသလို 2133MHz ရွိတဲ့ LPDDR4X RAM ေတြ စိုက္ႏိုင္ဖို႔အတြက္လည္း ေထာက္ပံ့ေပးထားပါတယ္။ 1 Spuare centimeter ေလာက္သာ အ႐ြယ္အစားရွိတဲ့ Kirin 980 Processor မွာ Transistors စုစုေပါင္း ၆.၉ ဘီလီယံ (၆၉၀၀,၀၀၀,၀၀၀) အထိ ပါဝင္ပါတယ္။ Kirin 980 ဟာ ယခင္မ်ိဴးဆက္ ျဖစ္တဲ့ Kirin 970 (10nm) ထက္ Performance အပိုင္းမွာ ၂၀% အထိ ပိုမိုေကာင္းမြန္လာၿပီး Power Consumption အပိုင္းမွာလည္း ၄၀% အထိ ေလ်ာ့ခ်ေပးႏိုင္တယ့္ Processor ျဖစ္ပါတယ္။

Huawei ကေတာ့ သူတို႔ရဲ႕ Kirin 980 Processor ဟာ Qualcomm ရဲ႕ Snapdragno 845 Processor ထက္ Bandwidth ၂၀% အထိ ပိုမိုေကာင္းမြန္သလို Latency ကလည္း ၂၂% အထိ ပိုနည္းေၾကာင္း ႂကြားလုံးထုတ္ထားပါတယ္။ အဆိုပါ ရလဒ္ေၾကာင့္ Applications ေတြ ဖြင့္တဲ့အခါမွာ ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Gaming Applications ေတြရဲ႕ Frame Rates ထုတ္လုပ္မႈ အပိုင္းမွာ Snapdragon 845 ထက္ ၂၂% အထိ ပိုမိုေကာင္းမြန္လာၿပီး Power Consumption အပိုင္းမွာလည္း ၃၂% အထိ ပိုနည္းသြားတယ္လို႔ သိရပါတယ္။

Kirin 980 ရဲ႕ AI အပိုင္းအတြက္ အသုံးျပဳထားတဲ့ NPU (Neural Processor Unit) ဟာ ဓာတ္ပုံေပါင္း ၄၅၀၀ ကို တစ္မိနစ္အတြင္းမွာ Recognize လုပ္ႏိုင္မွာ ျဖစ္ၿပီး Snapdragon 845 ကေတာ့ ၂၃၇၁ ပုံကိုပဲ Recognize လုပ္ႏိုင္တာ ျဖစ္ပါတယ္။ Apple ရဲ႕ A11 Chip ကေတာ့ ၁၄၅၈ ပုံကိုသာ Recognize လုပ္ႏိုင္ပါတယ္။

Kirin 980 ရဲ႕ Wi-Fi Speed က 1732Mbps အထိ ရွိတဲ့အတြက္ “ကမာၻ႔ အျမန္ဆုံး စမတ္ဖုန္း Wi-Fi Speed” ဆိုတဲ့ ဂုဏ္ပုဒ္ကို ေလာေလာဆယ္မွာေတာ့ Huawei က သိမ္းပိုက္ထားႏိုင္မွာပါ။ Snapdragon 845 ရဲ႕ Qualcomm Modem ကေတာ့ 866Mbps သာ ရွိပါတယ္။ Huawei အေနနဲ႔ Kirin 980 Processor ေတြကို လာမယ့္ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမယ့္ Mate 20, Magic 2 နဲ႔ မ်ိဴးဆက္သစ္ Honor flagship စမတ္ဖုန္းေတြမွာ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

Ref: theverge, gadgets.ndtv

Unicode

Kirin 980 SoC က Snapdragon 845 SoC ထက် ပိုကြမ်းကြောင်း Huawei ပြောကြား

Huawei အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် System-on-Chip (SoC) ဖြစ်တဲ့ HiSilicon Kirin 980 Processor ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ IFA 2018 မှာ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ Kirin 980 Processor ဟာ ကမ္ဘာ့ ပထမဦးဆုံး 7nm (nanometre) SoC အမျိူးအစားဖြစ်ပြီး ARM ရဲ့ Cortex-A76 CPU နဲ့ Mali-G76 GPU တွေကို ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Kirin 980 Processor မှာ 1.4Gbps အထိ ရရှိနိုင်မယ့် ပထမဦးဆုံး Cat.21 Smartphone Modem ကို တပ်ဆင်ပေးထားသလို 2133MHz ရှိတဲ့ LPDDR4X RAM တွေ စိုက်နိုင်ဖို့အတွက်လည်း ထောက်ပံ့ပေးထားပါတယ်။ 1 Spuare centimeter လောက်သာ အရွယ်အစားရှိတဲ့ Kirin 980 Processor မှာ Transistors စုစုပေါင်း ၆.၉ ဘီလီယံ (၆၉၀၀,၀၀၀,၀၀၀) အထိ ပါဝင်ပါတယ်။ Kirin 980 ဟာ ယခင်မျိူးဆက် ဖြစ်တဲ့ Kirin 970 (10nm) ထက် Performance အပိုင်းမှာ ၂၀% အထိ ပိုမိုကောင်းမွန်လာပြီး Power Consumption အပိုင်းမှာလည်း ၄၀% အထိ လျော့ချပေးနိုင်တယ့် Processor ဖြစ်ပါတယ်။

Huawei ကတော့ သူတို့ရဲ့ Kirin 980 Processor ဟာ Qualcomm ရဲ့ Snapdragno 845 Processor ထက် Bandwidth ၂၀% အထိ ပိုမိုကောင်းမွန်သလို Latency ကလည်း ၂၂% အထိ ပိုနည်းကြောင်း ကြွားလုံးထုတ်ထားပါတယ်။ အဆိုပါ ရလဒ်ကြောင့် Applications တွေ ဖွင့်တဲ့အခါမှာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Gaming Applications တွေရဲ့ Frame Rates အပိုင်းမှာ Snapdragon 845 ထက် ၂၂% အထိ ပိုမိုကောင်းမွန်လာပြီး Power Consumption အပိုင်းမှာလည်း ၃၂% အထိ ပိုနည်းသွားတယ်လို့ သိရပါတယ်။

Kirin 980 ရဲ့ AI အပိုင်းအတွက် အသုံးပြုထားတဲ့ NPU (Neural Processor Unit) ဟာ ဓာတ်ပုံပေါင်း ၄၅၀၀ ကို တစ်မိနစ်အတွင်းမှာ Recognize လုပ်နိုင်မှာ ဖြစ်ပြီး Snapdragon 845 ကတော့ ၂၃၇၁ ပုံကိုပဲ Recognize လုပ်နိုင်တာ ဖြစ်ပါတယ်။ Apple ရဲ့ A11 Chip ကတော့ ၁၄၅၈ ပုံကိုသာ Recognize လုပ်နိုင်ပါတယ်။

Kirin 980 ရဲ့ Wi-Fi Speed က 1732Mbps အထိ ရှိတဲ့အတွက် “ကမ္ဘာ့ အမြန်ဆုံး စမတ်ဖုန်း Wi-Fi Speed” ဆိုတဲ့ ဂုဏ်ပုဒ်ကို လောလောဆယ်မှာတော့ Huawei က သိမ်းပိုက်ထားနိုင်မှာပါ။ Snapdragon 845 ရဲ့ Qualcomm Modem ကတော့ 866Mbps သာ ရှိပါတယ်။ Huawei အနေနဲ့ Kirin 980 Processor တွေကို လာမယ့်အောက်တိုဘာလ ၁၆ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ့် Mate 20, Magic 2 နဲ့ မျိူးဆက်သစ် Honor flagship စမတ်ဖုန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Ref: theverge, gadgets.ndtv