Zawgyi

ကမာၻ႔အႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူ သုံးဦးထဲမွာ အပါအဝင္ ျဖစ္တဲ့ Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ (Sub-brand) Honor ဟာ အလယ္အလတ္တန္း Mid-range ထဲမွာ လူႀကိဳက္မ်ားဖုန္းစီးရီးျဖစ္တဲ့ X စီးရီးအတြက္ မ်ိဳးဆက္သစ္ Honor 8X ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလမွာ မိတ္ဆက္ခဲ့ပါတယ္။ ေနာက္ဆုံးေပၚမ်ိဳးဆက္သစ္ Honor 8X ဟာ မၾကာေသးခင္ကပဲ ျမန္မာေဈးကြက္ထဲကို တရားဝင္ ဝင္ေရာက္လာခဲ့ပါၿပီ။

မ်ိဳးဆက္ေဟာင္း Honor 7X နဲ႔ယွဥ္ၾကည့္မယ္ဆိုရင္ Honor 8X ရဲ႕ Display နဲ႔ ကိုယ္ထည္ဒီဇိုင္းမွာတင္ တိုးတက္မႈကို ထင္ထင္ရွားရွားေတြ႕ရမွာပါ။ ၂၀၁၇ ႏွစ္ကုန္မွာ ထြက္ခဲ့တဲ့ Honor 7X မွာ အေပၚ၊ ေအာက္ Double-Chin ပါတဲ့ Display ဒီဇိုင္းကို သုံးခဲ့တာေၾကာင့္ 156.5 x 75.3 mm ရွိတဲ့ စကရင္ရဲ႕ 77% ကိုသာ အသုံးျပဳႏိုင္ခဲ့ၿပီး မ်က္ႏွာျပင္ေထာင့္ျဖတ္အလ်ား 5.93” လက္မသာ ရွိခဲ့ပါတယ္။

Honor 8X ကေတာ့ 7X နဲ႔တစ္ႏွစ္ေတာင္ မကြာေသးေပမယ့္ ဒီဇိုင္းပိုင္းမွာ အမ်ားႀကီးတိုးတက္လာၿပီး ဆယ္လ္ဖီကင္မရာအတြက္ အေပၚ Chin တစ္ခုလုံးေပးရတဲ့ ဒီဇိုင္းကို စြန႔္ခြာကာ Notch တစ္ခုနဲ႔ ေဘးေဘာင္ေပ်ာက္လုနီးပါး (Borderless) စတိုင္ကို အသုံးျပဳလာတယ္။ ေအာက္ဘက္က Chin လည္း အမ်ားႀကီးေသးငယ္သြားၿပီး ကိုယ္ထည္အခ်ိဳး 160.4 x 76.6 mm အျဖစ္ နည္းနည္းေလးပဲ ပိုခ်ဲ႕ထားတာ ျဖစ္ေပမယ့္ Screen-to-body အခ်ိဳးက်ေတာ့ 91% ထိ ထိုးတက္သြားတဲ့အတြက္ Display ဟာ 6.5” ေျခာက္လက္မခြဲ အ႐ြယ္ထိ က်ယ္ျပန႔္သြားပါတယ္။

ဒါ့ေၾကာင့္ အရင္မ်ိဳးဆက္ 7X နဲ႔ယွဥ္ၾကည့္ရင္ ဟန္းဆက္ရဲ႕ အ႐ြယ္အစား သိသိသာသာ ႀကီးမလာဘဲ 8X ရဲ႕ Display က အသုံးျပဳႏိုင္တဲ့ ဧရိယာ ပိုရသြားတာ ျဖစ္တယ္။ အလားတူ ဥပမာထပ္ေပးရမယ္ဆိုရင္ ၂၀၁၈ ပထမႏွစ္ဝက္မွာပဲ ထြက္ရွိခဲ့တဲ့ နာမည္ႀကီး Flagship တစ္ခုျဖစ္တဲ့ Samsung Galaxy S9 ရဲ႕မ်က္ႏွာျပင္ဒီဇိုင္း အ႐ြယ္အစားနဲ႔ ယွဥ္ၾကည့္ရေအာင္။

ဆမ္ေဆာင္းဟာ Notch ဒီဇိုင္းကို သိပ္သေဘာမက်တဲ့ ထုတ္လုပ္သူျဖစ္တဲ့အတြက္ သူ႔ဖုန္းေတြမွာ Forehead နဲ႔ Chin ပုံစံကိုပဲ ေဘးေဘာင္ေဖ်ာက္ႏိုင္သမွ် ေဖ်ာက္ၿပီး ထုတ္လုပ္ပါတယ္။ Galaxy S9 ကလည္း ထုံးစံအတိုင္း Bezel-Less Display ကိုမွ ေသးႏိုင္သမွ်ေသးထားတဲ့ forehead နဲ႔ chin ႏွစ္ခု အထက္ေအာက္ ပါဝင္တဲ့ ပုံစံနဲ႔ ထြက္လာခဲ့တယ္။ ဒါေပမယ့္ ေဘးေဘာင္ Bezel မပါတာေတာင္ သူ႔ရဲ႕ Screen-to-body Ratio ကေတာ့ 83.6% ထိပဲ ရွိပါတယ္။

Honor 8X ရဲ႕ Display စနစ္ဟာ ပိုက်ယ္ျပန႔္လာတဲ့ Screen နဲ႔လိုက္ဖက္ေအာင္ 1080 x 2340p Resolution ပိုင္ဆိုင္တယ္။ စက္ႏွင္စနစ္က Android OS 8.1 Oreo ျဖစ္ၿပီး EMUI 8.2 သုံးစြဲရမွာပါ။ ခ်စ္ပ္ဆက္ အတြက္ Huawei ကုမၸဏီကိုယ္တိုင္ ထုတ္လုပ္ထားတဲ့ HiSilicon Kirin 710 (12nm) ကိုအသုံးျပဳလာပါတယ္။

ကင္မရာပိုင္းမွာ အဓိကေက်ာဘက္ ကင္မရာက Dual ႏွစ္လုံးတြဲျဖစ္ၿပီး 20MP f/1.8 ကင္မရာက HD အဆင့္ ဓါတ္ပုံေတြ ႐ိုက္ကူးဖို႔နဲ႔ ပုံရိပ္ေတြရဲ႕ Depth ကို ပိုထင္ရွားေစမယ့္ 2MP Sensor ဖင့္တြဲထားတာပါ။ Panorama, HDR ႐ိုက္ကူးႏိုင္ၿပီး AI Camera လို႔ေၾကျငာထားတဲ့ အဓိက ကင္မရာမွာ ေ႐ြးခ်ယ္စရာ Mode ေတြ အမ်ားႀကီးပါဝင္တယ္။ ေရွ႕ဘက္ ဆယ္လ္ဖီကင္မရာကေတာ့ 16MP f/2.0 ျဖစ္ပါတယ္။ မန္မိုရီကေတာ့ Storage ပမာဏက 128GB ျဖစ္ကာ RAM မန္မိုရီကို 4GB သို႔မဟုတ္ 6GB ႏွစ္သက္ရာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

ေက်ာဘက္မွာ Fingerprint Sensor ပါဝင္သလိုပဲ မ်က္ႏွာသိမွတ္နည္းပညာနဲ႔ Face Unlock လည္း ျပဳလုပ္ႏိုင္တယ္။ ဘကၳရီအားကေတာ့ 3750 mAh ပါ။ Honor 8X ရဲ႕ ေက်ာဘက္ကိုယ္ထည္ကို 2.5D Double Texture Aurora Glass အသုံးျပဳထားတဲ့အတြက္ ႐ိုး႐ိုးစမတ္ဖုန္းကိုယ္ထည္နဲ႔ ကြာျခားကာ ႂကြတက္ေနတဲ့ အေရာင္ေျပးစတိုင္ကို ရရွိမွာပါ။

Honor 8X ဟာ ဒီဇိုင္းနဲ႔ Display အပါအဝင္ Specs ေတြကို သိသိသာသာ ေျပာင္းလဲတိုးျမႇင့္လာေပမယ့္ ေဈးႏႈန္းကေတာ့ ယခင္ 7X ရဲ႕ႏိုင္ငံတကာေဈးကြက္မွာ ပြဲထြက္လာတဲ့ ေဈးထက္ အနည္းငယ္ ပိုခ်ိဳသာေနပါတယ္။ ေလာေလာဆယ္ 4GB RAM / 128GB Storage မာ္ဒယ္ကို ၃၅၉,၀၀၀ က်ပ္၊ 6GB RAM / 128GB Storage ေမာ္ဒယ္ကို ၃၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်လာတဲ့အတြက္ သူ႔မွာပါဝင္တဲ့ Feature ေတြနဲ႔ Display ပမာဏဟာ ဘတ္ဂ်က္တြက္ၿပီး ဖုန္းအသစ္ဝယ္မယ့္ သူေတြအတြက္ စဥ္းစားသင့္တဲ့ စမတ္ဖုန္း တစ္လုံးပါပဲ။

Unicode

Display ပိုကြီးပေမယ့် ဈေးနှုန်းပိုချိုသာလာတဲ့ Honor 8X စမတ်ဖုန်းသစ်

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ သုံးဦးထဲမှာ အပါအဝင် ဖြစ်တဲ့ Huawei ရဲ့ အမှတ်တံဆိပ်ခွဲ (Sub-brand) Honor ဟာ အလယ်အလတ်တန်း Mid-range ထဲမှာ လူကြိုက်များဖုန်းစီးရီးဖြစ်တဲ့ X စီးရီးအတွက် မျိုးဆက်သစ် Honor 8X ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ မိတ်ဆက်ခဲ့ပါတယ်။ နောက်ဆုံးပေါ်မျိုးဆက်သစ် Honor 8X ဟာ မကြာသေးခင်ကပဲ မြန်မာဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါပြီ။

မျိုးဆက်ဟောင်း Honor 7X နဲ့ယှဉ်ကြည့်မယ်ဆိုရင် Honor 8X ရဲ့ Display နဲ့ ကိုယ်ထည်ဒီဇိုင်းမှာတင် တိုးတက်မှုကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ ၂၀၁၇ နှစ်ကုန်မှာ ထွက်ခဲ့တဲ့ Honor 7X မှာ အပေါ်၊ အောက် Double-Chin ပါတဲ့ Display ဒီဇိုင်းကို သုံးခဲ့တာကြောင့် 156.5 x 75.3 mm ရှိတဲ့ စကရင်ရဲ့ 77% ကိုသာ အသုံးပြုနိုင်ခဲ့ပြီး မျက်နှာပြင်ထောင့်ဖြတ်အလျား 5.93” လက်မသာ ရှိခဲ့ပါတယ်။

Honor 8X ကတော့ 7X နဲ့တစ်နှစ်တောင် မကွာသေးပေမယ့် ဒီဇိုင်းပိုင်းမှာ အများကြီးတိုးတက်လာပြီး ဆယ်လ်ဖီကင်မရာအတွက် အပေါ် Chin တစ်ခုလုံးပေးရတဲ့ ဒီဇိုင်းကို စွန့်ခွာကာ Notch တစ်ခုနဲ့ ဘေးဘောင်ပျောက်လုနီးပါး (Borderless) စတိုင်ကို အသုံးပြုလာတယ်။ အောက်ဘက်က Chin လည်း အများကြီးသေးငယ်သွားပြီး ကိုယ်ထည်အချိုး 160.4 x 76.6 mm အဖြစ် နည်းနည်းလေးပဲ ပိုချဲ့ထားတာ ဖြစ်ပေမယ့် Screen-to-body အချိုးကျတော့ 91% ထိ ထိုးတက်သွားတဲ့အတွက် Display ဟာ 6.5” ခြောက်လက်မခွဲ အရွယ်ထိ ကျယ်ပြန့်သွားပါတယ်။

ဒါ့ကြောင့် အရင်မျိုးဆက် 7X နဲ့ယှဉ်ကြည့်ရင် ဟန်းဆက်ရဲ့ အရွယ်အစား သိသိသာသာ ကြီးမလာဘဲ 8X ရဲ့ Display က အသုံးပြုနိုင်တဲ့ ဧရိယာ ပိုရသွားတာ ဖြစ်တယ်။ အလားတူ ဥပမာထပ်ပေးရမယ်ဆိုရင် ၂၀၁၈ ပထမနှစ်ဝက်မှာပဲ ထွက်ရှိခဲ့တဲ့ နာမည်ကြီး Flagship တစ်ခုဖြစ်တဲ့ Samsung Galaxy S9 ရဲ့မျက်နှာပြင်ဒီဇိုင်း အရွယ်အစားနဲ့ ယှဉ်ကြည့်ရအောင်။

ဆမ်ဆောင်းဟာ Notch ဒီဇိုင်းကို သိပ်သဘောမကျတဲ့ ထုတ်လုပ်သူဖြစ်တဲ့အတွက် သူ့ဖုန်းတွေမှာ Forehead နဲ့ Chin ပုံစံကိုပဲ ဘေးဘောင်ဖျောက်နိုင်သမျှ ဖျောက်ပြီး ထုတ်လုပ်ပါတယ်။ Galaxy S9 ကလည်း ထုံးစံအတိုင်း Bezel-Less Display ကိုမှ သေးနိုင်သမျှသေးထားတဲ့ forehead နဲ့ chin နှစ်ခု အထက်အောက် ပါဝင်တဲ့ ပုံစံနဲ့ ထွက်လာခဲ့တယ်။ ဒါပေမယ့် ဘေးဘောင် Bezel မပါတာတောင် သူ့ရဲ့ Screen-to-body Ratio ကတော့ 83.6% ထိပဲ ရှိပါတယ်။

Honor 8X ရဲ့ Display စနစ်ဟာ ပိုကျယ်ပြန့်လာတဲ့ Screen နဲ့လိုက်ဖက်အောင် 1080 x 2340p Resolution ပိုင်ဆိုင်တယ်။ စက်နှင်စနစ်က Android OS 8.1 Oreo ဖြစ်ပြီး EMUI 8.2 သုံးစွဲရမှာပါ။ ချစ်ပ်ဆက် အတွက် Huawei ကုမ္ပဏီကိုယ်တိုင် ထုတ်လုပ်ထားတဲ့ HiSilicon Kirin 710 (12nm) ကိုအသုံးပြုလာပါတယ်။

ကင်မရာပိုင်းမှာ အဓိကကျောဘက် ကင်မရာက Dual နှစ်လုံးတွဲဖြစ်ပြီး 20MP f/1.8 ကင်မရာက HD အဆင့် ဓါတ်ပုံတွေ ရိုက်ကူးဖို့နဲ့ ပုံရိပ်တွေရဲ့ Depth ကို ပိုထင်ရှားစေမယ့် 2MP Sensor ဖင့်တွဲထားတာပါ။ Panorama, HDR ရိုက်ကူးနိုင်ပြီး AI Camera လို့ကြေငြာထားတဲ့ အဓိက ကင်မရာမှာ ရွေးချယ်စရာ Mode တွေ အများကြီးပါဝင်တယ်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ 16MP f/2.0 ဖြစ်ပါတယ်။ မန်မိုရီကတော့ Storage ပမာဏက 128GB ဖြစ်ကာ RAM မန်မိုရီကို 4GB သို့မဟုတ် 6GB နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ Fingerprint Sensor ပါဝင်သလိုပဲ မျက်နှာသိမှတ်နည်းပညာနဲ့ Face Unlock လည်း ပြုလုပ်နိုင်တယ်။ ဘက္ထရီအားကတော့ 3750 mAh ပါ။ Honor 8X ရဲ့ ကျောဘက်ကိုယ်ထည်ကို 2.5D Double Texture Aurora Glass အသုံးပြုထားတဲ့အတွက် ရိုးရိုးစမတ်ဖုန်းကိုယ်ထည်နဲ့ ကွာခြားကာ ကြွတက်နေတဲ့ အရောင်ပြေးစတိုင်ကို ရရှိမှာပါ။

Honor 8X ဟာ ဒီဇိုင်းနဲ့ Display အပါအဝင် Specs တွေကို သိသိသာသာ ပြောင်းလဲတိုးမြှင့်လာပေမယ့် ဈေးနှုန်းကတော့ ယခင် 7X ရဲ့နိုင်ငံတကာဈေးကွက်မှာ ပွဲထွက်လာတဲ့ ဈေးထက် အနည်းငယ် ပိုချိုသာနေပါတယ်။ လောလောဆယ် 4GB RAM / 128GB Storage မာ်ဒယ်ကို ၃၅၉,၀၀၀ ကျပ်၊ 6GB RAM / 128GB Storage မော်ဒယ်ကို ၃၉၉,၀၀၀ ကျပ်နဲ့ ရောင်းချလာတဲ့အတွက် သူ့မှာပါဝင်တဲ့ Feature တွေနဲ့ Display ပမာဏဟာ ဘတ်ဂျက်တွက်ပြီး ဖုန်းအသစ်ဝယ်မယ့် သူတွေအတွက် စဉ်းစားသင့်တဲ့ စမတ်ဖုန်း တစ်လုံးပါပဲ။