Zawgyi

HUAWEI Y9 (2019) ဟာဆိုရင္ ၂၀၁၈ခုႏွစ္ ဧၿပီလတုန္းက ထြက္ရွိခဲ့တဲ့ Y9 (2018) ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း တစ္လုံး ျဖစ္ပါတယ္။ Y9 (2019) က Y9 (2018) ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ဆိုေပမယ့္ ဒီဇိုင္းအပိုင္းနဲ႔ Specification အပိုင္းေတြမွာ Y9 (2018) ထက္ အမ်ားႀကီး တိုးတက္ေျပာင္းလဲ လာတာကို ေတြ႕ရပါတယ္။

Display
HUAWEI Y9 (2019) ရဲ႕ Display အပိုင္းအတြက္ ၆.၅လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2340 pixels ရွိပါတယ္။ Y9 (2018) မွာတုန္းက ၅.၉၃လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကိုသာ အသုံးျပဳခဲ့သလို Resolution ကလည္း 1080 x 2160 pixels သာ ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ Y9 (2019) ကို Y9 (2018) နဲ႔ယွဥ္မယ္ဆိုရင္ ပိုမိုႀကီးမားတဲ့ မ်က္ႏွာျပင္ကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ၿပီး ႐ုပ္ထြက္ အရည္အေသြးေတြကလည္း ပိုမိုေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

Processor
Y9 (2018) မွာတုန္းက 16nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ HiSilicon Kirin 659 SoC ကို အသုံးျပဳခဲ့ေပမယ့္ Y9 (2019) မွာေတာ့ 12nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ HiSilicon Kirin 710 SoC ကို အသုံးျပဳထားပါတယ္။ 12nm ျဖစ္သြားတဲ့အတြက္ Power Consumption ပိုမိုသက္သာလာမယ့္အျပင္ Performance အပိုင္းမွာလည္း သိသိသာသာ တိုးတက္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ အလားတူ ေငြက်ပ္ ၃၇၉,၀၀၀ က်ပ္ တန္ဖိုးရွိ HUAWEI nova 3i မွာလည္း Kirin 710 SoC ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ “nova 3i လိုမ်ိဴး Performance ကိုေတာ့ ရခ်င္တယ္ ဒါေပမယ့္ ေငြအမ်ားႀကီးလည္း မသုံးခ်င္ဘူး” ဆိုတဲ့ သူမ်ားအတြက္ ေငြက်ပ္ ၂၉၉,၀၀၀ က်ပ္ တန္ဖိုးရွိ HUAWEI Y9 (2019) က ေ႐ြးခ်ယ္စရာ စမတ္ဖုန္း တစ္လုံး ျဖစ္လာႏိုင္ပါတယ္။ ( HUAWEI Y9 (2019) ကို RAM 6GB / Storage 128GB နဲ႔ RAM 4GB / Storage 64GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားေပမယ့္ ျပည္တြင္းေစ်းကြက္မွာေတာ့ RAM 4GB / Storage 64GB တစ္မ်ိဴးတည္းသာ တင္သြင္းေရာင္းခ်သြာားမယ္လို႔ သိရပါတယ္)

Camera
HUAWEI Y9 (2019) ရဲ႕ ကင္မရာ အပိုင္းအတြက္ 16MP+2MP Camera ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ 13MP+2MP Camera ၂လုံးကို တြဲလ်က္ တပ္ဆင္ေပးထားပါတယ္။ Y9 (2018) မွာ အသုံးျပဳခဲ့တဲ့ Camera Sensor ေတြနဲ႔ တူညီေနေပမယ့္ Aperture မွာေတာ့ ကြဲျပားျခားနား ေနတာေလးေတြ ေတြ႕ရပါတယ္။ ဒါ့အျပင္ အဆိုပါ ကင္မရာ ၄လုံး စလုံးကို Artificial Intelligence လို႔ေခၚတဲ့ A.I နည္းပညာ ေပါင္းထည့္ထားတာေၾကာင့္ အရာဝတၳဳ ၂၂မ်ိဴးရဲ႕ မတူညီတဲ့ ပုံစံ ၅၀၀ေက်ာ္ကို အလိုအေလ်ာက္ Recognize လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

Battery & Security & Weight
HUAWEI Y9 (2019) မွာ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ Y9 (2018) တုန္းက လိုမ်ိဴး 4000mAh ဘက္ထရီကို ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ 5V/2A 10W အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ 4000mAh ဘက္ထရီ ျဖစ္တာေၾကာင့္ ဖုန္းကို လက္ထဲက မခ် အၿမဲတမ္း ဂိမ္းေဆာ့၊ ဗီဒီယိုၾကည့္၊ ဖုန္းေျပာတဲ့ သူေတြအတြက္ HUAWEI Y9 (2019) က ေ႐ြးခ်ယ္သင့္တဲ့ ဖုန္းတစ္လုံး ျဖစ္လာႏိုင္ပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ပါဝင္မွာ ျဖစ္သလို Face Unlock လုံၿခဳံေရးစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁၇၃ဂရမ္ ရွိတဲ့အတြက္ အရမ္းႀကီး မေပါ့သလို ေလးတဲ့ အထဲမွာလည္း မပါတဲ့ ဖုန္းတစ္လုံးလို႔ ေျပာရမွာပါ။

HUAWEI Y9 (2019) ဟာ ယေန႔ေခတ္ စမတ္ဖုန္းေလာကမွာ ေရပန္းစားေနတဲ့ Notch Display ကို အသုံးျပဳထားတဲ့အတြက္ Screen-to-body ratio ကလည္း ေတာ္ေတာ္ေလး မ်ားလာတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ဖုန္းကိုယ္ထည္ကိုလည္း 3D arc ဒီဇိုင္းနဲ႔ ပုံေဖာ္ထားတဲ့အတြက္ လက္ထဲမွာ ကိုင္တဲ့အခါ က်စ္က်စ္လစ္လစ္နဲ႔ သက္ေသာင့္သက္သာ ရွိေစမွာ အမွန္ပါပဲ။

Unicode

ပြောင်းလဲမှုများစွာနဲ့ ပွဲထွက်ခဲ့တဲ့ HUAWEI Y9 (2019)

HUAWEI Y9 (2019) ဟာဆိုရင် ၂၀၁၈ခုနှစ် ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Y9 (2018) ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ Y9 (2019) က Y9 (2018) ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဆိုပေမယ့် ဒီဇိုင်းအပိုင်းနဲ့ Specification အပိုင်းတွေမှာ Y9 (2018) ထက် အများကြီး တိုးတက်ပြောင်းလဲ လာတာကို တွေ့ရပါတယ်။

Display
HUAWEI Y9 (2019) ရဲ့ Display အပိုင်းအတွက် ၆.၅လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါတယ်။ Y9 (2018) မှာတုန်းက ၅.၉၃လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကိုသာ အသုံးပြုခဲ့သလို Resolution ကလည်း 1080 x 2160 pixels သာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Y9 (2019) ကို Y9 (2018) နဲ့ယှဥ်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး ရုပ်ထွက် အရည်အသွေးတွေကလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

Processor
Y9 (2018) မှာတုန်းက 16nm Architecture နဲ့ တည်ဆောက်ထားတဲ့ HiSilicon Kirin 659 SoC ကို အသုံးပြုခဲ့ပေမယ့် Y9 (2019) မှာတော့ 12nm Architecture နဲ့ တည်ဆောက်ထားတဲ့ HiSilicon Kirin 710 SoC ကို အသုံးပြုထားပါတယ်။ 12nm ဖြစ်သွားတဲ့အတွက် Power Consumption ပိုမိုသက်သာလာမယ့်အပြင် Performance အပိုင်းမှာလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အလားတူ ငွေကျပ် ၃၇၉,၀၀၀ ကျပ် တန်ဖိုးရှိ HUAWEI nova 3i မှာလည်း Kirin 710 SoC ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “nova 3i လိုမျိူး Performance ကိုတော့ ရချင်တယ် ဒါပေမယ့် ငွေအများကြီးလည်း မသုံးချင်ဘူး” ဆိုတဲ့ သူများအတွက် ငွေကျပ် ၂၉၉,၀၀၀ ကျပ် တန်ဖိုးရှိ HUAWEI Y9 (2019) က ရွေးချယ်စရာ စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ပါတယ်။ ( HUAWEI Y9 (2019) ကို RAM 6GB / Storage 128GB နဲ့ RAM 4GB / Storage 64GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပေမယ့် ပြည်တွင်းစျေးကွက်မှာတော့ RAM 4GB / Storage 64GB တစ်မျိူးတည်းသာ တင်သွင်းရောင်းချသွာားမယ်လို့ သိရပါတယ်)

Camera
HUAWEI Y9 (2019) ရဲ့ ကင်မရာ အပိုင်းအတွက် 16MP+2MP Camera တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 13MP+2MP Camera ၂လုံးကို တွဲလျက် တပ်ဆင်ပေးထားပါတယ်။ Y9 (2018) မှာ အသုံးပြုခဲ့တဲ့ Camera Sensor တွေနဲ့ တူညီနေပေမယ့် Aperture မှာတော့ ကွဲပြားခြားနား နေတာလေးတွေ တွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါ ကင်မရာ ၄လုံး စလုံးကို Artificial Intelligence လို့ခေါ်တဲ့ A.I နည်းပညာ ပေါင်းထည့်ထားတာကြောင့် အရာဝတ္ထု ၂၂မျိူးရဲ့ မတူညီတဲ့ ပုံစံ ၅၀၀ကျော်ကို အလိုအလျောက် Recognize လုပ်နိုင်မှာ ဖြစ်ပါတယ်။

Battery & Security & Weight
HUAWEI Y9 (2019) မှာ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ Y9 (2018) တုန်းက လိုမျိူး 4000mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် 5V/2A 10W အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာ ဖြစ်သလို Face Unlock လုံခြုံရေးစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁၇၃ဂရမ် ရှိတဲ့အတွက် အရမ်းကြီး မပေါ့သလို လေးတဲ့ အထဲမှာလည်း မပါတဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ။

HUAWEI Y9 (2019) ဟာ ယနေ့ခေတ် စမတ်ဖုန်းလောကမှာ ရေပန်းစားနေတဲ့ Notch Display ကို အသုံးပြုထားတဲ့အတွက် Screen-to-body ratio ကလည်း တော်တော်လေး များလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖုန်းကိုယ်ထည်ကိုလည်း 3D arc ဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့အတွက် လက်ထဲမှာ ကိုင်တဲ့အခါ ကျစ်ကျစ်လစ်လစ်နဲ့ သက်သောင့်သက်သာ ရှိစေမှာ အမှန်ပါပဲ။