Zawgyi

Huawei အေနနဲ႔ Mate 20 Series စမတ္ဖုန္းေတြကို မၾကာေသးခင္က မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Mate 20 Series ေတြဟာ Android ဖုန္းေတြထဲမွာဆိုရင္ 7nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ Kirin 980 SoC ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းမ်ား ျဖစ္ၾကပါတယ္။

Huawei အေနနဲ႔ Mate 20, Mate 20 Pro, Mate 20 RS, Mate 20 X စမတ္ဖုန္းေတြကို တၿပိဳင္တည္း မိတ္ဆက္ခဲ့ေပမယ့္ ျပည္တြင္းေစ်းကြက္မွာေတာ့ Mate 20 နဲ႔ Mate 20 Pro တို႔ကို မၾကာခင္ တင္သြင္းေရာင္းခ်ေတာ့မွာ ျဖစ္တာေၾကာင့္ ဒီေဆာင္းပါးေလးမွာ Mate 20 နဲ႔ Mate 20 Pro တို႔ရဲ႕ ကြာျခားခ်က္ေတြကို အဓိကထားၿပီး ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

Mate 20 နဲ႔ Mate 20 Pro တို႔ကို ျမင္ျမင္ခ်င္း ခြဲျခား သိရွိႏိုင္ေစမယ့္ အရာေတြကေတာ့ Notch နဲ႔ Fingerprint Sensor ေတြပဲ ျဖစ္ပါတယ္။ Mate 20 Pro မွာ 3D Face ID စနစ္ပါဝင္တာေၾကာင့္ အ႐ြယ္အစား အနည္းငယ္ႀကီးေနတဲ့ Notch ကို ျမင္ေတြ႕ရၿပီး Mate 20 မွာေတာ့ Camera Sensor တစ္လုံးစာပဲ ေနရာယူထားတဲ့ Notch ကို ျမင္ေတြ႕ရမွာပါ။ Mate 20 ရဲ႕ ေနာက္ေက်ာဘက္မွာ သာမန္ Fingerprint Scanner ကိုသာ တပ္ဆင္ထားၿပီး Mate 20 Pro မွာေတာ့ In-display Fingerprint Scanner ကို တပ္ဆင္ထားပါတယ္။

Mate 20 Pro မွာ IP68 Water/Dust Resistant ပါဝင္ၿပီး Mate 20 မွာေတာ့ IP53 သာ ပါဝင္ပါတယ္။ Mate 20 Pro မွာ 6.39” AMOLED Display (1440 x 3120 pixels) ကို အသုံးျပဳထားၿပီး Mate 20 မွာေတာ့ 6.53” LCD Display (1080 x 2244 pixels) ကိုသာ အသုံးျပဳထားပါတယ္။ Mate 20 Pro ကို RAM 8GB/ Storage 256GB နဲ႔ RAM 6GB/ Storage 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားၿပီး Mate 20 မွာေတာ့ RAM 6GB/ Storage 128GB နဲ႔ RAM 4GB/ Storage 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။

Mate 20 Pro ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 40MP+20MP+8MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ 24MP Camera ကို တပ္ဆင္ထားပါတယ္။ Mate 20 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 12MP+16MP+8MP Camera ေတြကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ Mate 20 Pro မွာ တပ္ဆင္ထားတဲ့ Camera Sensor ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ (ကင္မရာ နဲ႔ Flash Light အထားအသိုေလးေတြလည္း ကြဲျပားပါေသးတယ္။)


Mate 20 Pro မွာ 4200mAh ဘက္ထရီ ထည့္သြင္းထားၿပီး မိနစ္ ၃၀ အတြင္း 70% အထိ ေရာက္ရွိႏိုင္မယ့္ 40W အျမန္အားသြင္းစနစ္ ပါဝင္မွာ ျဖစ္ပါတယ္။ Mate 20 မွာေတာ့ 4000mAh ဘက္ထရီကိုသာ ထည့္သြင္းထားၿပီး မိနစ္ ၃၀ အတြင္း 58% အထိ ေရာက္ရွိႏိုင္မယ့္ အျမန္အားသြင္းစနစ္သာ ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Mate 20 Pro က 15W Qi ႀကိဳးမဲ့ အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားၿပီး Reverse Wireless Charging လည္း ပါဝင္ဦးမွာပါ။

အထက္ပါ အေၾကာင္းအရာေတြကေတာ့ Huawei Mate 20 နဲ႔ Mate 20 Pro တို႔ အဓိက ကြာျခားသြားတဲ့ အေၾကာင္းအရာမ်ား ျဖစ္ပါတယ္။ ေစ်းႏႈန္းကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ က်င္းပမယ့္ Mate 20 Series ျပည္တြင္း မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာပါ။

Spec Ref: gsmarena

Unicode

Huawei Mate 20 နဲ့ Mate 20 Pro တို့က ဘာတွေကွာခြားသွားလဲ ???

Huawei အနေနဲ့ Mate 20 Series စမတ်ဖုန်းတွေကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Mate 20 Series တွေဟာ Android ဖုန်းတွေထဲမှာဆိုရင် 7nm Architecture နဲ့ တည်ဆောက်ထားတဲ့ Kirin 980 SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။

Huawei အနေနဲ့ Mate 20, Mate 20 Pro, Mate 20 RS, Mate 20 X စမတ်ဖုန်းတွေကို တပြိုင်တည်း မိတ်ဆက်ခဲ့ပေမယ့် ပြည်တွင်းစျေးကွက်မှာတော့ Mate 20 နဲ့ Mate 20 Pro တို့ကို မကြာခင် တင်သွင်းရောင်းချတော့မှာ ဖြစ်တာကြောင့် ဒီဆောင်းပါးလေးမှာ Mate 20 နဲ့ Mate 20 Pro တို့ရဲ့ ကွာခြားချက်တွေကို အဓိကထားပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Mate 20 နဲ့ Mate 20 Pro တို့ကို မြင်မြင်ချင်း ခွဲခြား သိရှိနိုင်စေမယ့် အရာတွေကတော့ Notch နဲ့ Fingerprint Sensor တွေပဲ ဖြစ်ပါတယ်။ Mate 20 Pro မှာ 3D Face ID စနစ်ပါဝင်တာကြောင့် အရွယ်အစား အနည်းငယ်ကြီးနေတဲ့ Notch ကို မြင်တွေ့ရပြီး Mate 20 မှာတော့ Camera Sensor တစ်လုံးစာပဲ နေရာယူထားတဲ့ Notch ကို မြင်တွေ့ရမှာပါ။ Mate 20 ရဲ့ နောက်ကျောဘက်မှာ သာမန် Fingerprint Scanner ကိုသာ တပ်ဆင်ထားပြီး Mate 20 Pro မှာတော့ In-display Fingerprint Scanner ကို တပ်ဆင်ထားပါတယ်။

Mate 20 Pro မှာ IP68 Water/Dust Resistant ပါဝင်ပြီး Mate 20 မှာတော့ IP53 သာ ပါဝင်ပါတယ်။ Mate 20 Pro မှာ 6.39” AMOLED Display (1440 x 3120 pixels) ကို အသုံးပြုထားပြီး Mate 20 မှာတော့ 6.53” LCD Display (1080 x 2244 pixels) ကိုသာ အသုံးပြုထားပါတယ်။ Mate 20 Pro ကို RAM 8GB/ Storage 256GB နဲ့ RAM 6GB/ Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပြီး Mate 20 မှာတော့ RAM 6GB/ Storage 128GB နဲ့ RAM 4GB/ Storage 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။

Mate 20 Pro ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 40MP+20MP+8MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 24MP Camera ကို တပ်ဆင်ထားပါတယ်။ Mate 20 ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+16MP+8MP Camera တွေကို တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ Mate 20 Pro မှာ တပ်ဆင်ထားတဲ့ Camera Sensor ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ (ကင်မရာ နဲ့ Flash Light အထားအသိုလေးတွေလည်း ကွဲပြားပါသေးတယ်။)


Mate 20 Pro မှာ 4200mAh ဘက်ထရီ ထည့်သွင်းထားပြီး မိနစ် ၃၀ အတွင်း 70% အထိ ရောက်ရှိနိုင်မယ့် 40W အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ Mate 20 မှာတော့ 4000mAh ဘက်ထရီကိုသာ ထည့်သွင်းထားပြီး မိနစ် ၃၀ အတွင်း 58% အထိ ရောက်ရှိနိုင်မယ့် အမြန်အားသွင်းစနစ်သာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Mate 20 Pro က 15W Qi ကြိုးမဲ့ အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး Reverse Wireless Charging လည်း ပါဝင်ဦးမှာပါ။

အထက်ပါ အကြောင်းအရာတွေကတော့ Huawei Mate 20 နဲ့ Mate 20 Pro တို့ အဓိက ကွာခြားသွားတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ လာမယ့် အောက်တိုဘာလ ၃၁ရက်နေ့မှာ ကျင်းပမယ့် Mate 20 Series ပြည်တွင်း မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာပါ။

Spec Ref: gsmarena