Zawgyi

လူေတာ္ေတာ္မ်ားမ်ား စိတ္ဝင္တစားနဲ႔ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ Honor 8X နဲ႔ ပတ္သတ္ၿပီး MyTech Myanmar ရဲ႕ First Impression ေလးကို ေျပာျပေပးခ်င္ပါတယ္။

Honor 8X က သူရဲ႕ အရင္မ်ိဴးဆက္ 7X ထက္ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတဲ့ ဖုန္းတစ္လုံးပါ။ တိုးတက္ေျပာင္းလဲလာတာက Specifications ေတြတင္ မဟုတ္ပါဘူး။ ဒီဇိုင္းပိုင္းမွာပါ တိုးတက္ေျပာင္းလဲတာပါ။ 7X မွာတုန္းက ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေပါ့ေပါ့ပါးပါး ဒီဇိုင္းမ်ိဴး သုံးခဲ့ေပမယ့္ အခု 8X မွာေတာ့ Texture ၂ကို Aurora Glass နဲ႔အုပ္ထားတဲ့အတြက္ ဒီေကာင့္ရဲ႕ ဒီဇိုင္းေလးက သူမ်ားေတြနဲ႔ မတူဘဲ ကြဲထြက္ေနသလိုမ်ိဴး ခံစားရပါတယ္။

ေရွ႕ဘက္မွာဆိုရင္လည္း Notch Display ကိုသုံးထားတယ္။ ေနာက္ၿပီး Chin ကလည္း 4.5မီလီမီတာ သာရွိတာေၾကာင့္ Screen-to-body ratio က 91% အထိ ရွိလာပါတယ္။

Performance
လက္ရွိ ကြၽန္ေတာ္ စမ္းသပ္ အသုံးျပဳေနတဲ့ ေမာ္ဒယ္က RAM 4GB/ Storage 128GB ဗားရွင္းပါ။ ဒီေမာ္ဒယ္ကို ၃၅၉,၀၀၀ က်ပ္နဲ႔ေရာင္းခ်ေနၿပီး RAM 6GB ဗားရွင္းကိုေတာ့ ၃၉၉,၀၀၀ က်ပ္နဲ႔ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ 12nm Kirin 710 SoC သုံးေပးထားတယ္။ Kirin 710 ကို Honor 7X မွာ သုံးခဲ့တဲ့ Kirin 659 နဲ႔ယွဥ္မယ္ဆိုရင္ GPU Performance မွာ 130% ထိ ပိုေကာင္းလာမယ့္အျပင္ CPU Single-core Speed မွာ 75% , Multi-core Speed မွာ 68% ထိ ပိုေကာင္းလာမွာပါ။ ေနာက္ၿပီး Gaming Experience ကို ျမႇင့္တင္ေပးမယ့္ GPU Turbo လည္း ပါဝင္ပါေသးတယ္။

Camera
20MP Wide Sensor နဲ႔ 2MP Depth Sensor ေတြကို ေက်ာဘက္မွာ ေဒါင္လိုက္တပ္ထားတယ္။ Front Facing Camera ကေတာ့ Aperture f/2.0 ရွိတဲ့ 16MP Sensor ပါ။ 20MP Camera က AI Support ရရွိတဲ့အတြက္ မတူညီတဲ့ Objects ၂၂မ်ိဴးကို အခ်ိန္နဲ႔ တေျပးညီ Recognize လုပ္ႏိုင္ပါတယ္။ ဥပမာ – ကိုယ္က ပန္းပြင့္ေလးေတြကို ဓာတ္ပုံ႐ိုက္ေတာ့မယ္ဆိုရင္ ကင္မရာက ပန္းပြင့္ေလးေတြကို ခ်ိန္ေနမွန္း သိတယ္။ ဒီေတာ့ ပန္းပြင့္ေလးေတြနဲ႔ လိုက္ဖက္မယ့္ ဒီဇိုင္း ကာလာ အေနအထားေတြကို ဓာတ္ပုံ႐ိုက္လိုက္တာနဲ႔ တၿပိဳင္နက္ A.I က ေအာ္တိုမက္တစ္ ျပင္ေပးသြားပါလိမ့္မယ္။

ေနာက္ၿပီး ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ ႐ိုက္ကူးႏိုင္ဖို႔အတြက္ Night Mode လည္း ပါဝင္ပါေသးတယ္။ Honor ရဲ႕ ေျပာၾကားခ်က္ေတြအရဆိုရင္ အဲ့ဒီ Night Mode က Machine Learning ကို အေျခခံထားတဲ့ Multi-frame Stabilization နည္းပညာကို သုံးထားတာေၾကာင့္ လက္မၿငိမ္လို႔ ဝါးသြားတဲ့ပုံေတြကို ေအာ္တိုမက္တစ္ ဖယ္ရွားေပးႏိုင္တယ္လို႔ သိရပါတယ္။

ဗီဒီယိုအပိုင္းမွာဆိုရင္လည္း Slow-motion ဗီဒီယိုေတြကို ႐ိုက္ကူးႏိုင္ပါေသးတယ္။ 720p HD ဗီဒီယိုေတြကို 480frame per second နဲ႔ ႐ိုက္ကူးႏိုင္သလို 120frame per second နဲ႔လည္း ႐ိုက္ကူးႏိုင္မွာပါ။

Battery
ဘက္ထရီက 3750mAh ပါ။ 5Volt 2Ampere 10Watt အားသြင္းစနစ္ပါမယ္။ ဒီေကာင့္ရဲ႕ Battery life ကို ကြၽန္ေတာ္ ေသခ်ာ မစမ္းရေသးေပမယ့္ Android Authority ကေတာ့ Web Browsing နဲ႔ Music Streaming ေလာက္ပဲ လုပ္မယ္ဆိုရင္ ၃ရက္အထိ အသုံးခံေၾကာင္း ေကာက္ခ်က္ခ်ထားပါတယ္။

Unicode

Honor 8X ကို အကြမ်းဖျင်း လေ့လာ သုံးသပ်ကြည့်ခြင်း (Honor 8X First Look)

လူတော်တော်များများ စိတ်ဝင်တစားနဲ့ မျှော်လင့်စောင့်စားနေတဲ့ Honor 8X နဲ့ ပတ်သတ်ပြီး MyTech Myanmar ရဲ့ First Impression လေးကို ပြောပြပေးချင်ပါတယ်။

Honor 8X က သူရဲ့ အရင်မျိူးဆက် 7X ထက် အများကြီး တိုးတက်ပြောင်းလဲလာတဲ့ ဖုန်းတစ်လုံးပါ။ တိုးတက်ပြောင်းလဲလာတာက Specifications တွေတင် မဟုတ်ပါဘူး။ ဒီဇိုင်းပိုင်းမှာပါ တိုးတက်ပြောင်းလဲတာပါ။ 7X မှာတုန်းက ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းမျိူး သုံးခဲ့ပေမယ့် အခု 8X မှာတော့ Texture ၂ကို Aurora Glass နဲ့အုပ်ထားတဲ့အတွက် ဒီကောင့်ရဲ့ ဒီဇိုင်းလေးက သူများတွေနဲ့ မတူဘဲ ကွဲထွက်နေသလိုမျိူး ခံစားရပါတယ်။

ရှေ့ဘက်မှာဆိုရင်လည်း Notch Display ကိုသုံးထားတယ်။ နောက်ပြီး Chin ကလည်း 4.5မီလီမီတာ သာရှိတာကြောင့် Screen-to-body ratio က 91% အထိ ရှိလာပါတယ်။

Performance
လက်ရှိ ကျွန်တော် စမ်းသပ် အသုံးပြုနေတဲ့ မော်ဒယ်က RAM 4GB/ Storage 128GB ဗားရှင်းပါ။ ဒီမော်ဒယ်ကို ၃၅၉,၀၀၀ ကျပ်နဲ့ရောင်းချနေပြီး RAM 6GB ဗားရှင်းကိုတော့ ၃၉၉,၀၀၀ ကျပ်နဲ့ရောင်းချနေတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် 12nm Kirin 710 SoC သုံးပေးထားတယ်။ Kirin 710 ကို Honor 7X မှာ သုံးခဲ့တဲ့ Kirin 659 နဲ့ယှဥ်မယ်ဆိုရင် GPU Performance မှာ 130% ထိ ပိုကောင်းလာမယ့်အပြင် CPU Single-core Speed မှာ 75% , Multi-core Speed မှာ 68% ထိ ပိုကောင်းလာမှာပါ။ နောက်ပြီး Gaming Experience ကို မြှင့်တင်ပေးမယ့် GPU Turbo လည်း ပါဝင်ပါသေးတယ်။

Camera
20MP Wide Sensor နဲ့ 2MP Depth Sensor တွေကို ကျောဘက်မှာ ဒေါင်လိုက်တပ်ထားတယ်။ Front Facing Camera ကတော့ Aperture f/2.0 ရှိတဲ့ 16MP Sensor ပါ။ 20MP Camera က AI Support ရရှိတဲ့အတွက် မတူညီတဲ့ Objects ၂၂မျိူးကို အချိန်နဲ့ တပြေးညီ Recognize လုပ်နိုင်ပါတယ်။ ဥပမာ – ကိုယ်က ပန်းပွင့်လေးတွေကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ကင်မရာက ပန်းပွင့်လေးတွေကို ချိန်နေမှန်း သိတယ်။ ဒီတော့ ပန်းပွင့်လေးတွေနဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ကာလာ အနေအထားတွေကို ဓာတ်ပုံရိုက်လိုက်တာနဲ့ တပြိုင်နက် A.I က အော်တိုမက်တစ် ပြင်ပေးသွားပါလိမ့်မယ်။

နောက်ပြီး ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ ရိုက်ကူးနိုင်ဖို့အတွက် Night Mode လည်း ပါဝင်ပါသေးတယ်။ Honor ရဲ့ ပြောကြားချက်တွေအရဆိုရင် အဲ့ဒီ Night Mode က Machine Learning ကို အခြေခံထားတဲ့ Multi-frame Stabilization နည်းပညာကို သုံးထားတာကြောင့် လက်မငြိမ်လို့ ဝါးသွားတဲ့ပုံတွေကို အော်တိုမက်တစ် ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။

ဗီဒီယိုအပိုင်းမှာဆိုရင်လည်း Slow-motion ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါသေးတယ်။ 720p HD ဗီဒီယိုတွေကို 480frame per second နဲ့ ရိုက်ကူးနိုင်သလို 120frame per second နဲ့လည်း ရိုက်ကူးနိုင်မှာပါ။

Battery
ဘက်ထရီက 3750mAh ပါ။ 5Volt 2Ampere 10Watt အားသွင်းစနစ်ပါမယ်။ ဒီကောင့်ရဲ့ Battery life ကို ကျွန်တော် သေချာ မစမ်းရသေးပေမယ့် Android Authority ကတော့ Web Browsing နဲ့ Music Streaming လောက်ပဲ လုပ်မယ်ဆိုရင် ၃ရက်အထိ အသုံးခံကြောင်း ကောက်ချက်ချထားပါတယ်။