Zawgyi







Unicode

ကမ္ဘာတစ်ဝှမ်းတွင် ရောင်းအား အကောင်းဆုံး စမတ်ဖုန်း Honor 8X

မကြာခင်က ထုတ်ပြန်ချက်များ အရ Honor 8X သည် ကမ္ဘာတစ်ဝှမ်း နိုင်ငံခြားဈေကွက်များတွင် သမိုင်းဝင်အောင်မြင်မှုများ ရရှိ

Honor 8X သည် တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၆ ရက်၊ ၂၀၁၈ ၌ ပထမဦးစွာ မိတ်ဆက်ခဲ့ပြီး အောက်တိုဘာလတွင် နိုင်ငံခြားဈေးကွက်သို့ စတင်ရောက်ရှိခဲ့သည့် အောင်မြင်မှုရရှိနေသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။ Honor 8X ၏ အောင်မြင်မှုသည် အရှေ့အလည်ပိုင်း၊ အာဖရိက နှင့် ဥရောပ အနောက်ပိုင်းတို့ထိ ရောက်ရှိခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် နေရာယူ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်း နိုင်ငံခြားဈေးကွက် အောင်မြင်မှုမှာလည်း ပြောစမတ်ပြုစရာ တစ်ခုဖြစ်နေပြီ ဖြစ်သည်။ Honor 8X သည် ၎င်း၏ ကောင်းမွန်သော စွမ်းဆောင်ရည်နှင့် အရောင်အရည်အသွေး တို့နှင့်အတူ ကမ္ဘာအနှံ့သို့ ရောက်ရှိလာပြီး ဖြစ်သည်။ အောက်တိုဘာလ အစပိုင်းမှ စ၍ ဥရောပ အနောက်ပိုင်း၊ အရှေ့အလည်ပိုင်းဒေသ၊ ဥရောပ အရှေ့မြောက်ပိုင်းနှင့် အိန္ဒိယတို့တွင် ရရှိနေပြီးဖြစ်သည်။ ဗြိတိန်၊ ပြင်သစ် နှင့် မလေးရှားတို့တွင်လည်း Honor 8X ၏ ရောင်းချမှု အရည်အတွက်မှာ အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး Samsung နှင့် Mi တို့ကို ကျော်ဖြတ်ကာ ဈေးကွက်ကို ဦးဆောင်လျက်ရှိသည်။ ၎င်း၏ ချောမွေ့သော စွမ်းဆောင်ရည်ကြောင့် Honor 8X သည် ကမ္ဘာတစ်ဝှမ်းမှ အသုံးပြုသူများကို စွဲဆောင်နိုင်ခဲ့ သောဖုန်းတစ်လုံး ဖြစ်သည်။

Honor 8X ၏ အကြီးမားဆုံး စွဲဆောင်မှုတစ်ခု မှာ Body ၏ 91% ရှိသော မျက်နှာပြင်ကျယ်ဖြစ်သည်။ Flagship COF packaging နည်းပညာကြောင့် 4.5 mm သာရှိသော ကျဉ်းမြောင်းသည့် ဘေးဘောင် ဒီဇိုင်း၊ 6.5 inches မျက်နှာပြင်ကျယ်ကို ရရှိထားသော စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ Honor 8X သည် ဗြိတိန်မှ Double Stitching Design ကို အသုံးပြုထားသည့် အတွက် ဖုန်းကိုယ်ထည် မျက်နှာပြင်တစ်ခုထဲတွင် Texture နှစ်မျိုးရရှိနိုင်ပြီး 3D မှန်ခုံးပေါ်တွင် အလင်းနှင့် အမှောင်နှစ်ထပ် Design နှင့် ကွဲပြားသည့် အလှတရားကို တွေ့မြင်နိုင်သည်။ အရောင်အရည်အသွေး အနေနှင့်လည်း ကမ္ဘာတစ်ဝှမ်းမှ အသုံးပြုသူများကို ဆွဲဆောင်ထားသော ဖုန်းတစ်လုံးလည်း ဖြစ်နေသည်။ ထူးခြားပြောင်မြောက်သည့် Screen design ကလည်း Honor ၏ Flagship ကုန်ပစ္စည်းတစ်ခု ဖြစ်ကြောင်း ပေါ်လွင်စေသည်။

စွမ်းဆောင်ရည်ပိုင်းတွင်လည်း Kirin 710 processor ကို အသုံးပြုထားပြီး GPU Turbo နည်းပညာ ပါဝင်သည့် အတွက် Honor 8X ၏ အလုံးစုံ စွမ်းဆောင်ရည်မှာ အဆမတန် တိုးတက်ခဲ့ ပြီးဖြစ်သည်။ အရင် Generation မှ Chipset များနှင့် နှိုင်းယှဉ်ကြည့်ပါက Kirin 710 processor သည် Single-core စွမ်းဆောင်ရည်ကို 71% ထိတိုးတက်လာစေခဲ့ပြီး Multi-core စွမ်းဆောင်ရည်မှာလည်း 68% ထိတိုးတက် လာခဲ့သည့် အတွက် Flagship ဖုန်းများနှင့် နည်းစပ်လာပြီးဖြစ်သည်။ လူအများ စံသတ်မှတ်များအရ Honor 8X သည် ဂိမ်းများကို ချောမွေ့စွာ တွေ့ကြုံခံစားနိုင်ပြီး ပုံမှန် 60 Frame per second ရှိသောကြောင့် ၎င်း၏ Gaming performance မှာ ကောင်းမွန်ကြောင်း တွေ့ရှိနိုင်သည်။

အောက်တိုဘာ ၁၆ ရက်တွင် Honor 8X အရောင်သစ် Dream Purple ကိုစတင် ရောင်းချခဲ့ပြီး Honor မှ ပစ္စည်းပြတ်ရောင်းချလိုက်ရ ကြောင်းကို စတင်ရောင်းချပြီး ၂ နာရီ အကြာတွင် တရားဝင်ကြေငြာခဲ့သည်။ ယခုကဲ့သို့ အလောတကြီး ဝယ်ယူလိုမှုကို ကြည့်၍ အသုံးပြုသူများ၏ Honor ပေါ်ထားရှိသော စိတ်ဓါတ်ကို လုံလောက်စွာ သိရှိနိုင်သည်။ တာဝန်ရှိသူများက နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်၌ Online platform များဖြစ်သော Vmall၊ DongJing၊ TianMao၊ Suning.com၊ Vip.com နှင့် Gome.com.cn တို့တွင် ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။