[Zawgyi]

Huawei က 2018 Annual Report Media Roundtable ပြဲကို မေန႔(ဧၿပီလ ၈ရက္ေန႔) က Huawei Customer Solution Innovation & Integration Center ၊ Huawei Myanmar ရံုးခ်ဴပ္မွာ မီဒီယာေတြနဲ႔အတူ က်င္းပသြားခဲ့ပါတယ္။ အဆိုပါ ပြဲမွာ Huawei Myanmar ရဲ႕ ဒုတိယအေထြေထြမန္ေနဂ်ာ ျဖစ္သူ Bob Zhu က ” ႂကြေရာက္လာၾကတဲ့ မီဒီယာမိတ္ေဆြမ်ားအားလုံး မဂၤလာမနက္ခင္းပါ ခင္မ်ာ။ ဒီေန႔ပြဲေလးကို အခ်ိန္ယူၿပီးတက္ေရာက္ေပးတဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ Huawei Myanmar ရဲ႕ Deputy General Manager Bob Zhu ပါ။ Huawei အေပၚ လူႀကီးမင္းတို႔ရဲ႕ ေရရွည္ဂ႐ုစိုက္မႈနဲ႔ ေထာက္ခံအားေပးမႈေတြအတြက္ Huaweiရဲ႕ကိုယ္စား အထူးေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္ ” ဆိုၿပီး အဖြင့္ အမွာစကားကို ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Bob Zhu က ” ဒီေန႔ပြဲေလးကေတာ့ ေအာင္ျမင္ခဲ့တဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ အစီရင္ခံစာရဲ႕ အဓိကအခ်က္ေတြကို ေျပာ သြားမွာ ျဖစ္သလို ျမန္မာႏိုင္ငံမွာ ဆက္လက္ေဆာင္႐ြက္သြားမယ့္လုပ္ငန္းေတြ၊ အျပည့္အဝခ်ိတ္ဆက္ၿပီး အသိဉာဏ္ျမင့္မားတဲ့ ကမာၻတစ္ခုကို အတူတကြတည္ေဆာက္ဖို႔ အတြက္ ေဆာင္႐ြက္သြားမယ့္အစီအစဥ္ေတြ အေၾကာင္းကို ေျပာသြားမွာ ျဖစ္ပါတယ္။ လူႀကီးမင္းတို႔နဲ႔ အခုလိုေတြ႕ဆုံခြင့္ရလို႔ စိတ္လႈပ္ရွားရသလို Huawei နဲ႔ ျမန္မာICT နယ္ပယ္အေပၚ လူႀကီးမင္းတို႔ရဲ႕သေဘာထားေတြကိုလည္း သိခြင့္ရခ်င္ပါတယ္။ ေမးခြန္းေတြေမးၾက ဖို႔ တိုက္တြန္းပါရေစ။ စီးပြားေရးလုပ္ေဆာင္မႈေကာင္းေတြနဲ႔ မိတ္ဖက္ေကာင္းေတြရဲ႕ေက်းဇူးေၾကာင့္ ၂၀၁၈ ခုႏွစ္ဟာ Huawei အတြက္ ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ပါတယ္။ လူႀကီးမင္းတို႔လည္း သတိထားမိၾကမွာပါ။ ဒီႏွစ္ထဲမွာ ကြၽန္ေတာ္တို႔ အေၾကာင္း ႏိုင္ငံတကာမွာ သတင္းေတြထြက္ေပၚေနခဲ့ေပမယ့္ တကယ့္လက္ရွိ စီးပြားေရးနဲ႔ ဘ႑ာေရးပိုင္းမွာ ေတာ့ ဒီႏွစ္ဟာ မွတ္ေက်ာက္တင္ႏိုင္တဲ့ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့ပါတယ္။

ဘ႑ာေရးရလဒ္ကို ေျပာရမယ္ဆိုရင္ ၂၀၁၈ခုႏွစ္အတြက္ အေရာင္းဝင္ေငြက အေမရိကန္ေဒၚလာ ၁၀၅.၁၉ ဘီလ်ံ ျဖစ္ၿပီး မႏွစ္ကထက္ ၁၉.၅ % ပိုျမင့္လာခဲ့ပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ အဓိကစီးပြားေရးလုပ္ငန္းစုႀကီး ၃ ခု နဲ႔ စီးပြားေရးယူနစ္တစ္ခုရဲ႕ စုစုေပါင္း အေရာင္းဝင္ေငြပါ။ ဒီထဲမွာမွ carrier business ရဲ႕ အေရာင္းဝင္ေငြက အေမရိကန္ေဒၚလာ ၄၂.၈၈ ဘီလ်ံ ျဖစ္ၿပီး မႏွစ္ကထက္အနည္းငယ္ ေလ်ာ့နည္းပါတယ္။ Enterprise Business နယ္ပယ္မွာ Huawei က နယ္ေျမ ၂၃ ခုနဲ႔ ရႏိုင္တဲ့ေနရာ ၄၀ က သုံးစြဲသူေပါင္း ၆,၀၀၀ အတြက္ နည္းပညာေပါင္း ၁၄၀ နဲ႔ cloud ဝန္ေဆာင္မႈေပါင္း ၁၆၀ ကို ေထာက္ပံ့ေပးထားပါတယ္။ ဒီနယ္ပယ္အတြက္ အေရာင္းဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၁၀.၈၅ ဘီလ်ံ ျဖစ္ၿပီး မႏွစ္က ထက္ ၂၃.၈ % ပိုမ်ား ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဓိကစီးပြားေရးလုပ္ငန္းစုျဖစ္တဲ့ Consumer Business ရဲ႕ အေရာင္းဝင္ေငြက အေမရိကန္ေဒၚလာ ၅၀.၈၈ ဘီလ်ံ ျဖစ္ၿပီးေတာ့ မႏွစ္ကထက္ ၄၅.၁% တိုးလာပါတယ္။ အခ်ဳပ္ေျပာရရင္ ၂၀၁၈ ခုႏွစ္အတြက္ အသားတင္အျမတ္ေငြ အေမရိကန္ေဒၚလာ ၈.၆၄ ဘီလ်ံ ရခဲ့ၿပီး မႏွစ္ကထက္ ၂၅.၁% တိုးလာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရရွိခဲ့တဲ့အျမတ္ေငြေတြကို စီးပြားေရးလုပ္ငန္းေတြမွာ ျပန္လည္အသုံးျပဳတဲ့အျပင္ ဒစ္ဂ်စ္တယ္ကမာၻ ႀကီးျဖစ္လာေအာင္တြန္းအားေပးတဲ့ေနရာမွာ အေထာက္အကူျဖစ္ေစမယ့္ နည္းပညာေတြကို ေထာက္ပံ့ေပးႏိုင္ဖို႔ သုေတသနနဲ႔ ဖြံ႕ၿဖိဳးမႈက႑မွာလည္း အမ်ားအျပားရင္းႏွီးျမႇဳပ္ႏွံထားပါေသးတယ္။

Huawei က၂၀၁၈ခုႏွစ္မွာ တစ္ႏွစ္တာအေရာင္းဝင္ေငြရဲ႕ ၁၄.၁% ပမာဏျဖစ္ တဲ့ အေမရိကန္ေဒၚလာ ၁၄.၈၀ ဘီလ်ံ ကို သုေတသနနဲ႔ဖြံ႕ၿဖိဳးမႈက႑အတြက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဥေရာပ စက္မႈသုေတသနႏွင့္ဖြံ႕ၿဖိဳးေရးရင္းႏွီးျမႇဳပ္ႏွံမႈ အမွတ္ေပးဇယားမွာ ကမာၻ႔အဆင့္ နံပါတ္ (၁) ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၁၀ ႏွစ္တာကာလမွာ သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏစုစုေပါင္း အေမရိကန္ေဒၚလာ ၇၀ ဘီလ်ံေက်ာ္ ရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း တင္သြင္းႏိုင္ခဲ့တဲ့ မူပိုင္ခြင့္ေပါင္း ၅,၄၀၅ခုက တစ္ေလွ်ာက္လုံးရင္းႏွီးျမႇဳပ္ႏွံခဲ့တာေတြရဲ႕ ရလဒ္အျဖစ္ျမင္ရခဲ့ၿပီးေတာ့ ကမာၻ႔ ဉာဏမူပိုင္ခြင့္ဆိုင္ရာအဖြဲ႕အစည္း (WIPO)ရဲ႕ တရားဝင္ထုတ္ျပန္ခ်က္ေတြအရ ႏိုင္ငံတကာက ကုမၸဏီ ေတြၾကားမွာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ဒါေတြက Huawei Technologies ရဲ႕ အခ်က္အလက္ေတြျဖစ္ပါတယ္။ Huawei ရဲ႕ စီးပြားေရးလုပ္ငန္းေတြက ႏိုင္ငံတကာမွာေအာင္ျမင္ခဲ့သလိုပဲ ျမန္မာႏိုင္ငံမွာလည္း အျမတ္အစြန္းေတြရခဲ့ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ တဲ့အခ်က္အလက္ေတြကိုေတာ့ စီးပြားေရးပိုင္းနဲ႔ အစိုးရနဲ႔ပတ္သက္တဲ့အပိုင္း ဆိုၿပီး ႏွစ္ပိုင္းခြဲေျပာခ်င္ပါတယ္။

ျမန္မာမွာ Huawei ရဲ႕တိုးတက္ႏႈန္းဟာ အေတာ္ေလးအားရစရာေကာင္းခဲ့ပါတယ္။ carrier business ပိုင္းမွာ တည္ၿငိမ္ေနခဲ့ၿပီး၊ consumer business အပိုင္းေတြမွာေတာ့ စိတ္လႈပ္ရွားစရာ တိုးတက္မႈေတြရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ စမတ္ဖုန္းအလုံးေရ ၁ မီလ်ံေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ Consumer business က မႏွစ္ကထက္ ၃၆% ပိုၿပီး တိုးတက္လာပါတယ္။ Enterprise business နဲ႔ cloud ပိုင္းမွာလည္း အမ်ားႀကီး ထိုးေဖာက္ႏိုင္ခဲ့ပါတယ္။ ဥပမာေျပာရရင္ Huawei နဲ႔ KBZ တို႔ပူးေပါင္းၿပီး သုံးစြဲသူေပါင္း ၂ မီလီယံေလာက္ကို ဝန္ေဆာင္မႈေပးႏို္င္တဲ့ mobile money ဝန္ေဆာင္မႈ (KBZ Pay) ကို စတင္ေဆာင္႐ြက္ေပး ခဲ့ၿပီး ဝန္ေဆာင္မႈေပးအပ္ႏိုင္တဲ့နယ္ပယ္က ဆက္လက္ႀကီးထြားလာေနပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာႏိုင္ငံက ေဖာက္သည္ေတြ၊ ပါတနာေတြ၊ သုံးစြဲသူေတြနဲ႔ အစိုးရအဖြဲ႕ကို ေက်းဇူးတင္ ေၾကာင္း ဒီေနရာကေန ေျပာၾကားလိုပါတယ္။ ျမန္မာႏိုင္ငံ ဒီဂ်စ္တယ္ရည္မွန္းခ်က္ေတြလည္း အတူတကြ လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈျဖစ္တဲ့ ေရွ႕ေဆာင္တီထြင္ဆန္းသစ္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံသားေတြအတြက္ ဒီဂ်စ္တယ္လူမႈဘဝေတြ တည္ေဆာက္ ေပးႏိုင္ခဲ့တာအတြက္လည္း ဂုဏ္ယူပါတယ္။

ျမန္မာက တျဖည္းျဖည့္ပိုၿပီးက်ယ္ျပန႔္လာတဲ့ေဈးကြက္တစ္ခု ျဖစ္ပါတယ္။ တီထြင္ဆန္းသစ္မႈေတြနဲ႔ နည္းပညာ ေတြက စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ေမာင္းႏွင္ေနတဲ့ အင္ဂ်င္ေကာင္းတစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံရဲ႕ ဒစ္ဂ်စ္တယ္အပိုင္းကို တီထြင္ဆန္းသစ္မႈနဲ႔ ေပါင္းကူးႏိုင္ေအာင္နဲ႔ ေဒသ တြင္းတယ္လီကြန္းဆိုင္ရာကိစၥရပ္မ်ားကိုလည္း ေျဖရွင္းေပးႏိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားေနပါတယ္။၂၀၁၈ ခုႏွစ္မွာ optic fiber ခ်ိတ္ဆက္ဖို႔ခက္ခဲတဲ့ေဒသက သုံးစြဲသူေတြ broadband ဝန္ေဆာင္မႈကို ရရွိခံစားႏိုင္ၾကေစဖို႔အတြက္ WTTx (Wireless To The x) ႀကိဳးမဲ့ ဆက္သြယ္ေရးနည္းပညာကို အသုံးျပဳခဲ့ၿပီးေတာ့ အိမ္ေထာင္စုေပါင္း ၂ သိန္းေက်ာ္ကို ခ်ိတ္ဆက္ေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေက်းလက္ေဒသေတြမွာ ကြန္ယက္လႊမ္းၿခဳံမႈပိုမိုက်ယ္ျပန႔္ လာေစဖို႔အတြက္ ကုန္က်စရိတ္ျမင့္မားတဲ့ၿဂိဳလ္တုထုတ္လႊင့္မႈအစား LTE ထုတ္လႊင့္မႈကို သုံးထားတဲ့ RuralStar solution ကို မိတ္ဆက္ေပးခဲ့ပါတယ္။ ပဲခူးတိုင္းအတြင္းက ေက်း႐ြာ တစ္႐ြာမွာ ပထမဆုံးအင္တာနက္ခ်ိတ္ဆက္ႏိုင္ခဲ့ပါတယ္။ ကုန္က်စရိတ္မ်ားၿပီး အသုံးခ်ႏႈန္းနည္းေနတဲ့ LTE spectrum ကို ေျဖရွင္းႏိုင္ဖို႔အတြက္ CloudAir နည္းပညာနဲ႔ အပို bandwidth ၄၀%နဲ႔ အသုံးျပဳသူ အေတြ႕အႀကဳံ ပိုေကာင္းလာမႈတို႔အတြက္ အေ႐ြ႕တစ္ခုတို႔ကို မိတ္ဆက္ႏိုင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕စီးပြားေရးျမန္ျမန္ဆန္ဆန္ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ နယ္ပယ္အားလုံးရဲ႕ဒီဂ်စ္တယ္အသြင္ ကူးေျပာင္းမႈကို တြန္းအားေပးဖို႔ရာ ICT နည္းပညာကို ျမႇင့္တင္ၿပီး ဒီဂ်စ္တယ္ေဂဟစနစ္တစ္ခုဖန္တီးႏိုင္ဖို႔ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ပါတယ္။ Huawei Cloud ကို ျမန္မာႏိုင္ငံမွာပထမဆုံး မိတ္ဆက္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းကစလို႔ နယ္ပယ္တြင္းမွာရွိတဲ့ ျပည္တြင္းလုပ္ငန္းစုအမ်ားစုက IT စနစ္ ေတြနဲ႔ ဝန္ေဆာင္မႈေတြကို ျမန္ျမန္ဆန္ဆန္ ထိထိေရာက္ေရာက္ အသုံးျပဳႏိုင္လာၾကပါတယ္။ Huawei Cloud ကို သုံးၿပီး အစားအေသာက္ခင္းက်င္းေရးဝန္ေဆာင္မႈေတြကို အြန္လိုင္းကတဆင့္မွာယူႏိုင္တယ္၊ ကားငွားရမ္းတဲ့လုပ္ငန္းေတြကလည္း cloudေပၚမွာ အလုပ္လုပ္တယ္၊ အခ်င္းခ်င္းခ်ိတ္ဆက္ထားတဲ့ ေဈးဝယ္စင္တာေတြကလည္း သိုေလွာင္ထားတဲ့ပစၥည္းေတြနဲ႔ လိုက္လံပို႔ေဆာင္တဲ့ကိစၥရပ္ေတြကို ပိုၿပီး ထိထိေရာက္ေရာက္ ေဆာင္႐ြက္လာႏိုင္ၾကပါတယ္။ Huawei Cloud က ျမန္မာလက္ေရးကို တိတိက်က် ေသေသခ်ာခ်ာဖတ္ႏိုင္တဲ့ AI-enabled OCR technologies ကိုလည္း မိတ္ဆက္ေပးခဲ့တဲ့အတြက္ သတင္းအခ်က္အလက္ေတြကို ထည့္သြင္းစစ္ေဆးတဲ့လုပ္ငန္းေတြကို အမ်ားႀကီးအေထာက္အကူျဖစ္ေစပါတယ္။ AI နဲ႔ big data analysisကို သုံးထားတဲ့ Huawei ရဲ႕ အမ်ားျပည္သူလုံၿခဳံေရးဆိုင္ရာ နည္းလမ္းေတြက ရန္ကုန္နဲ႔အျခားၿမိဳ႕ႀကီးေတြမွာ ရဲဌာနေတြရဲ႕လုပ္ေဆာင္ခ်က္ေတြကို ပိုၿပီးထိေရာက္ေစတဲ့အတြက္ အမ်ားျပည္သူ လုံၿခဳံေရးကို တိုးတက္လာေစၿပီး smart cities ေတြျဖစ္လာဖို႔ အေျခခံအုတ္ျမစ္ကိုလည္း ျဖစ္လာေစပါတယ္။

တာဝန္သိေကာ္ပိုရိတ္လုပ္ငန္းတစ္ခုျဖစ္တာနဲ႔အညီ ျမန္မာႏိုင္ငံအတြက္ ICT နည္းပညာနယ္ပယ္မွာ အလားအလာရွိသူေတြကို ေမြးထုတ္ေပးဖို႔လည္း စဥ္ဆက္မျပတ္ႀကိဳးစားေနပါတယ္။ Seeds for the Future ကမာၻလုံးဆိုင္ရာလႈပ္ရွားမႈရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ တကၠသိုလ္ေက်ာင္းသားေက်ာင္းသူ (၁၀) ဦးကို ႏွစ္စဥ္ႏွစ္တိုင္းမွာ တ႐ုတ္ျပည္ကိုေစလႊတ္ခဲ့ပါတယ္။ ထူးခြၽန္ေက်ာင္းသားေက်ာင္းသူ အေယာက္ (၅၀) ကိုလည္း ICT ပညာသင္ဆုေတြေပးအပ္တယ္။ ဒါ့အျပင္ အလားအလာေကာင္းသူေတြကို ေမြးထုတ္ ေပးဖို႔ႀကိဳးပမ္းမႈကို ပိုၿပီးျမႇင့္တင္ေပးႏိုင္ဖို႔အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ Huawei တို႔ ICT နည္းပညာမွာအလားအလာရွိသူမ်ားေမြးထုတ္ေရးနားလည္မႈစာခြၽန္လႊာ (ICT Talent Development MoU) ကိုလည္း လက္မွတ္ေရးထိုးခဲ့ပါေသးတယ္။ ေနာက္ ၃ ႏွစ္မွာလည္း အလားအလာရွိသူေတြေမြးထုတ္ဖို႔ကို ကြၽန္ေတာ္တို႔ဆက္ၿပီး ႀကိဳးစားသြားမွာပါ။ Seeds for the Future နဲ႔ ICT Talent Scholarship အစီအစဥ္ ေတြအျပင္ ျမန္မာႏိုင္ငံမွာ ပထမဆုံးေသာ ICT Diploma သင္႐ိုးကို မိတ္ဆက္ေပးျခင္း၊ တကၠသိုလ္ေတြရဲ႕ ICT သုေတသနနဲ႔ဖြံ႕ၿဖိဳးမႈဆိုင္ရာလုပ္ငန္းေတြကို အေထာက္အကူျဖစ္ေစဖို႔ HAINA (Huawei Authorized Information and Network Academy) ေတြကို တစ္ႏွစ္တစ္ခုဖြင့္လွစ္ႏိုင္ေအာင္ ႀကိဳးပမ္းျခင္း၊ Huawei Myanmar CSIC (Customer Solution & Innovation Center) ကို လူငယ္ေတြလာေရာက္ေလ့လာႏိုင္ဖို႔ တစ္လတစ္ခါ Youth Open Day က်င္းပေပးျခင္း စတာေတြပါဝင္တဲ့ ေနာက္ထပ္ ဦးေဆာင္လႈပ္ရွားမႈ (၄) ခုလည္း ရွိပါေသးတယ္။ Huawei က အျပည့္အဝခ်ိတ္ဆက္ႏိုင္ၿပီး အသိဉာဏ္ျမင့္မားတဲ့ကမာၻျဖစ္ေစဖို႔ လူတိုင္း၊ အိမ္တိုင္း၊ အဖြဲ႕အစည္း တိုင္းဆီကို ဒီဂ်စ္တယ္ကို သယ္ေဆာင္ေပးေနပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီဂ်စ္တယ္စီးပြားေရးစနစ္ျဖစ္လာဖို႔နဲ႔ အသိဉာဏ္ျမင့္ရည္မွန္းခ်က္ေတြအတြက္ အားျဖည့္ပါဝင္ဖို႔လည္း အၿမဲတမ္း အသင့္ရွိေနပါတယ္။

Huaweiက ၂၀၁၉ခုႏွစ္မွာလည္း နည္းပညာနယ္ပယ္ကို ဆက္လက္ဦးေဆာင္ၿပီး 5G၊ broadband၊ cloud နဲ႔ AI တို႔မွာ ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံသြားမွာျဖစ္ပါတယ္။ Huawei အေနနဲ႔ ကမာၻမွာတိုးတက္လာတဲ့ နည္းပညာေတြကို နယ္ပယ္အားလုံးက မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ သုံးစြဲသူေတြ တစ္ၿပိဳင္နက္သုံးစြဲႏိုင္ဖို႔ ပိုၿပီးျမင့္မားတဲ့ICTနည္းပညာေတြကို ျမန္မာႏိုင္ငံအတြက္ ေဆာင္ယူလာေပးၿပီး စီးပြားေရးေအာင္ျမင္မႈေတြ ျမင့္တက္လာေစဖို႔ ကူညီေပးမွာပါ။

4G ကြန္ရက္ျဖန႔္က်က္မႈနဲ႔အရည္အေသြးတိုးတက္လာၿပီး စြမ္းရည္ျမင့္မားၿပီး ကုန္က်စရိတ္သက္သာတဲ့ ေခတ္မီစက္ပစၥည္းေတြနဲ႔ ျမန္ဆန္တဲ့ဆက္သြယ္ေရးဝန္ေဆာင္မႈေတြကို ျမန္မာႏိုင္ငံမွာရွိတဲ့ သုံးစြဲသူတိုင္း၊ အိမ္ေထာင္စုတိုင္းဆီကို ေဆာင္ယူလာႏိုင္ဖို႔ ဆက္သြယ္ေရး ေအာ္ပေရတာေတြနဲ႔ Huawei က အၿမဲအတူ ရပ္တည္ေနပါတယ္။ Huawei အေနနဲ႔ နည္းပညာနဲ႔စီးပြားေရးက႑ေတြမွာ ေအာ္ပေရတာေတြ၊ လႈိင္းႏႈန္း စဥ္ေတြနဲ႔မူဝါဒေတြအတြက္ အစိုးရအဖြဲ႕ေတြနဲအတူ 5Gေခတ္ကိုႀကိဳဆိုဖို႔ လိုအပ္တဲ့ျပင္ဆင္မႈေတြကို ပူးေပါင္းေဆာင္႐ြက္သြားမွာပါ။

၂၀၁၉ ကစလို႔ Huawei ထုတ္ကုန္စမတ္ပစၥည္းေတြကို ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာနဲ႔ အခ်ိန္တေျပးညီ ေရာင္းခ်ေပးသြားေတာ့မွာျဖစ္လို႔ ျမန္မာႏိုင္ငံက သုံးစြဲသူေတြအေနနဲ႔ ျပည့္ဝၿပီးေခတ္မီတဲ့အေတြ႕အႀကဳံ ေတြကို အျခားေသာေဈးကြက္က သုံးစြဲသူေတြနဲ႔ တစ္ခ်ိန္တည္းမွာ ခံစားႏိုင္ေတာ့မွာျဖစ္ပါတယ္။

လူႀကီးမင္းတို႔သိထားၿပီးတဲ့အတိုင္း Huawei ဟာ ၿပီးခဲ့တဲ့ႏွစ္ကစလို႔ စိန္ေခၚမႈမ်ားစြာနဲ႔ ရင္ဆိုင္ေန ရပါတယ္။ အဲဒါေတြဟာ နည္းပညာဆိုင္ရာ စိန္ေခၚမႈထက္ ႏိုင္ငံေရးႏြယ္တဲ့အေၾကာင္းအရာေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ လည္း ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူေတြဟာ ကြၽန္ေတာ္တို႔ကို ဆက္လက္ယုံၾကည္ၾကၿပီး ဒီနယ္ပယ္ထဲမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ပါဝင္ေနတဲ့က႑ကို အသိအမွတ္ျပဳၾကပါတယ္။ ဒီလိုမ်ိဳးအေထာက္အပံ့ေပးမႈအတြက္လည္း အရမ္းေက်းဇူးတင္ပါတယ္။ ႏိုင္ငံနဲ႔ သုံးစြဲသူေတြပိုၿပီး အက်ိဳးရွိေစဖို႔ ၿပိဳင္ဆိုင္မႈျပင္းတဲ့တီထြင္မႈေတြကို ကြၽန္ေတာ္ တို႔ရဲ႕သုံးစြဲသူေတြနဲ႔အတူ ဆက္လက္ လုပ္ေဆာင္သြားမွာပါ ” ဆိုၿပီး ၂၀၁၈ခုႏွစ္မွာ ျဖတ္သန္းခဲ့ရတဲ့ Huawei ရဲ႕ အေတြ႕အႀကဳံနဲ႔ အနာဂတ္မွာ လုပ္ေဆာင္သြားမယ့္ အေၾကာင္းအရာေတြကို ရွင္းလင္းေျပာၾကားသြားခဲ့ပါတယ္။

[Unicode]

Huawei ရဲ့ ၂၀၁၈ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာကို ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ Bob Zhu က ရှင်းလင်းပြောကြား

Huawei က 2018 Annual Report Media Roundtable ပွဲကို မနေ့(ဧပြီလ ၈ရက်နေ့) က Huawei Customer Solution Innovation & Integration Center ၊ Huawei Myanmar ရံုးချူပ်မှာ မီဒီယာတွေနဲ့အတူ ကျင်းပသွားခဲ့ပါတယ်။ အဆိုပါ ပွဲမှာ Huawei Myanmar ရဲ့ ဒုတိယအထွေထွေမန်နေဂျာ ဖြစ်သူ Bob Zhu က ” ကြွရောက်လာကြတဲ့ မီဒီယာမိတ်ဆွေများအားလုံး မင်္ဂလာမနက်ခင်းပါ ခင်မျာ။ ဒီနေ့ပွဲလေးကို အချိန်ယူပြီးတက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ Huawei Myanmar ရဲ့ Deputy General Manager Bob Zhu ပါ။ Huawei အပေါ် လူကြီးမင်းတို့ရဲ့ ရေရှည်ဂရုစိုက်မှုနဲ့ ထောက်ခံအားပေးမှုတွေအတွက် Huaweiရဲ့ကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ” ဆိုပြီး အဖွင့် အမှာစကားကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Bob Zhu က ” ဒီနေ့ပွဲလေးကတော့ အောင်မြင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာရဲ့ အဓိကအချက်တွေကို ပြော သွားမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ ဆက်လက်ဆောင်ရွက်သွားမယ့်လုပ်ငန်းတွေ၊ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာတစ်ခုကို အတူတကွတည်ဆောက်ဖို့ အတွက် ဆောင်ရွက်သွားမယ့်အစီအစဉ်တွေ အကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့နဲ့ အခုလိုတွေ့ဆုံခွင့်ရလို့ စိတ်လှုပ်ရှားရသလို Huawei နဲ့ မြန်မာICT နယ်ပယ်အပေါ် လူကြီးမင်းတို့ရဲ့သဘောထားတွေကိုလည်း သိခွင့်ရချင်ပါတယ်။ မေးခွန်းတွေမေးကြ ဖို့ တိုက်တွန်းပါရစေ။ စီးပွားရေးလုပ်ဆောင်မှုကောင်းတွေနဲ့ မိတ်ဖက်ကောင်းတွေရဲ့ကျေးဇူးကြောင့် ၂၀၁၈ ခုနှစ်ဟာ Huawei အတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ လူကြီးမင်းတို့လည်း သတိထားမိကြမှာပါ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ အကြောင်း နိုင်ငံတကာမှာ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် တကယ့်လက်ရှိ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းမှာ တော့ ဒီနှစ်ဟာ မှတ်ကျောက်တင်နိုင်တဲ့နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

ဘဏ္ဍာရေးရလဒ်ကို ပြောရမယ်ဆိုရင် ၂၀၁၈ခုနှစ်အတွက် အရောင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀၅.၁၉ ဘီလျံ ဖြစ်ပြီး မနှစ်ကထက် ၁၉.၅ % ပိုမြင့်လာခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းစုကြီး ၃ ခု နဲ့ စီးပွားရေးယူနစ်တစ်ခုရဲ့ စုစုပေါင်း အရောင်းဝင်ငွေပါ။ ဒီထဲမှာမှ carrier business ရဲ့ အရောင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၄၂.၈၈ ဘီလျံ ဖြစ်ပြီး မနှစ်ကထက်အနည်းငယ် လျော့နည်းပါတယ်။ Enterprise Business နယ်ပယ်မှာ Huawei က နယ်မြေ ၂၃ ခုနဲ့ ရနိုင်တဲ့နေရာ ၄၀ က သုံးစွဲသူပေါင်း ၆,၀၀၀ အတွက် နည်းပညာပေါင်း ၁၄၀ နဲ့ cloud ဝန်ဆောင်မှုပေါင်း ၁၆၀ ကို ထောက်ပံ့ပေးထားပါတယ်။ ဒီနယ်ပယ်အတွက် အရောင်းဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၀.၈၅ ဘီလျံ ဖြစ်ပြီး မနှစ်က ထက် ၂၃.၈ % ပိုများ ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Consumer Business ရဲ့ အရောင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၅၀.၈၈ ဘီလျံ ဖြစ်ပြီးတော့ မနှစ်ကထက် ၄၅.၁% တိုးလာပါတယ်။ အချုပ်ပြောရရင် ၂၀၁၈ ခုနှစ်အတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈.၆၄ ဘီလျံ ရခဲ့ပြီး မနှစ်ကထက် ၂၅.၁% တိုးလာခဲ့ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့အမြတ်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုတဲ့အပြင် ဒစ်ဂျစ်တယ်ကမ္ဘာ ကြီးဖြစ်လာအောင်တွန်းအားပေးတဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် နည်းပညာတွေကို ထောက်ပံ့ပေးနိုင်ဖို့ သုတေသနနဲ့ ဖွံ့ဖြိုးမှုကဏ္ဍမှာလည်း အများအပြားရင်းနှီးမြှုပ်နှံထားပါသေးတယ်။

Huawei က၂၀၁၈ခုနှစ်မှာ တစ်နှစ်တာအရောင်းဝင်ငွေရဲ့ ၁၄.၁% ပမာဏဖြစ် တဲ့ အမေရိကန်ဒေါ်လာ ၁၄.၈၀ ဘီလျံ ကို သုတေသနနဲ့ဖွံ့ဖြိုးမှုကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ် ဥရောပ စက်မှုသုတေသနနှင့်ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှု အမှတ်ပေးဇယားမှာ ကမ္ဘာ့အဆင့် နံပါတ် (၁) ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ သုတေသနနဲ့ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀ ဘီလျံကျော် ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းနိုင်ခဲ့တဲ့ မူပိုင်ခွင့်ပေါင်း ၅,၄၀၅ခုက တစ်လျှောက်လုံးရင်းနှီးမြှုပ်နှံခဲ့တာတွေရဲ့ ရလဒ်အဖြစ်မြင်ရခဲ့ပြီးတော့ ကမ္ဘာ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း (WIPO)ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ နိုင်ငံတကာက ကုမ္ပဏီ တွေကြားမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒါတွေက Huawei Technologies ရဲ့ အချက်အလက်တွေဖြစ်ပါတယ်။ Huawei ရဲ့ စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတကာမှာအောင်မြင်ခဲ့သလိုပဲ မြန်မာနိုင်ငံမှာလည်း အမြတ်အစွန်းတွေရခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့အချက်အလက်တွေကိုတော့ စီးပွားရေးပိုင်းနဲ့ အစိုးရနဲ့ပတ်သက်တဲ့အပိုင်း ဆိုပြီး နှစ်ပိုင်းခွဲပြောချင်ပါတယ်။

မြန်မာမှာ Huawei ရဲ့တိုးတက်နှုန်းဟာ အတော်လေးအားရစရာကောင်းခဲ့ပါတယ်။ carrier business ပိုင်းမှာ တည်ငြိမ်နေခဲ့ပြီး၊ consumer business အပိုင်းတွေမှာတော့ စိတ်လှုပ်ရှားစရာ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းအလုံးရေ ၁ မီလျံကျော် ရောင်းချနိုင်ခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ Consumer business က မနှစ်ကထက် ၃၆% ပိုပြီး တိုးတက်လာပါတယ်။ Enterprise business နဲ့ cloud ပိုင်းမှာလည်း အများကြီး ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဥပမာပြောရရင် Huawei နဲ့ KBZ တို့ပူးပေါင်းပြီး သုံးစွဲသူပေါင်း ၂ မီလီယံလောက်ကို ဝန်ဆောင်မှုပေးနို်င်တဲ့ mobile money ဝန်ဆောင်မှု (KBZ Pay) ကို စတင်ဆောင်ရွက်ပေး ခဲ့ပြီး ဝန်ဆောင်မှုပေးအပ်နိုင်တဲ့နယ်ပယ်က ဆက်လက်ကြီးထွားလာနေပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက ဖောက်သည်တွေ၊ ပါတနာတွေ၊ သုံးစွဲသူတွေနဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင် ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံ ဒီဂျစ်တယ်ရည်မှန်းချက်တွေလည်း အတူတကွ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုဖြစ်တဲ့ ရှေ့ဆောင်တီထွင်ဆန်းသစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအတွက် ဒီဂျစ်တယ်လူမှုဘဝတွေ တည်ဆောက် ပေးနိုင်ခဲ့တာအတွက်လည်း ဂုဏ်ယူပါတယ်။

မြန်မာက တဖြည်းဖြည့်ပိုပြီးကျယ်ပြန့်လာတဲ့ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ တီထွင်ဆန်းသစ်မှုတွေနဲ့ နည်းပညာ တွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နေတဲ့ အင်ဂျင်ကောင်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အပိုင်းကို တီထွင်ဆန်းသစ်မှုနဲ့ ပေါင်းကူးနိုင်အောင်နဲ့ ဒေသ တွင်းတယ်လီကွန်းဆိုင်ရာကိစ္စရပ်များကိုလည်း ဖြေရှင်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။၂၀၁၈ ခုနှစ်မှာ optic fiber ချိတ်ဆက်ဖို့ခက်ခဲတဲ့ဒေသက သုံးစွဲသူတွေ broadband ဝန်ဆောင်မှုကို ရရှိခံစားနိုင်ကြစေဖို့အတွက် WTTx (Wireless To The x) ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုခဲ့ပြီးတော့ အိမ်ထောင်စုပေါင်း ၂ သိန်းကျော်ကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသတွေမှာ ကွန်ယက်လွှမ်းခြုံမှုပိုမိုကျယ်ပြန့် လာစေဖို့အတွက် ကုန်ကျစရိတ်မြင့်မားတဲ့ဂြိုလ်တုထုတ်လွှင့်မှုအစား LTE ထုတ်လွှင့်မှုကို သုံးထားတဲ့ RuralStar solution ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပဲခူးတိုင်းအတွင်းက ကျေးရွာ တစ်ရွာမှာ ပထမဆုံးအင်တာနက်ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ကုန်ကျစရိတ်များပြီး အသုံးချနှုန်းနည်းနေတဲ့ LTE spectrum ကို ဖြေရှင်းနိုင်ဖို့အတွက် CloudAir နည်းပညာနဲ့ အပို bandwidth ၄၀%နဲ့ အသုံးပြုသူ အတွေ့အကြုံ ပိုကောင်းလာမှုတို့အတွက် အရွေ့တစ်ခုတို့ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နယ်ပယ်အားလုံးရဲ့ဒီဂျစ်တယ်အသွင် ကူးပြောင်းမှုကို တွန်းအားပေးဖို့ရာ ICT နည်းပညာကို မြှင့်တင်ပြီး ဒီဂျစ်တယ်ဂေဟစနစ်တစ်ခုဖန်တီးနိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ Huawei Cloud ကို မြန်မာနိုင်ငံမှာပထမဆုံး မိတ်ဆက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကစလို့ နယ်ပယ်တွင်းမှာရှိတဲ့ ပြည်တွင်းလုပ်ငန်းစုအများစုက IT စနစ် တွေနဲ့ ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အသုံးပြုနိုင်လာကြပါတယ်။ Huawei Cloud ကို သုံးပြီး အစားအသောက်ခင်းကျင်းရေးဝန်ဆောင်မှုတွေကို အွန်လိုင်းကတဆင့်မှာယူနိုင်တယ်၊ ကားငှားရမ်းတဲ့လုပ်ငန်းတွေကလည်း cloudပေါ်မှာ အလုပ်လုပ်တယ်၊ အချင်းချင်းချိတ်ဆက်ထားတဲ့ ဈေးဝယ်စင်တာတွေကလည်း သိုလှောင်ထားတဲ့ပစ္စည်းတွေနဲ့ လိုက်လံပို့ဆောင်တဲ့ကိစ္စရပ်တွေကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ကြပါတယ်။ Huawei Cloud က မြန်မာလက်ရေးကို တိတိကျကျ သေသေချာချာဖတ်နိုင်တဲ့ AI-enabled OCR technologies ကိုလည်း မိတ်ဆက်ပေးခဲ့တဲ့အတွက် သတင်းအချက်အလက်တွေကို ထည့်သွင်းစစ်ဆေးတဲ့လုပ်ငန်းတွေကို အများကြီးအထောက်အကူဖြစ်စေပါတယ်။ AI နဲ့ big data analysisကို သုံးထားတဲ့ Huawei ရဲ့ အများပြည်သူလုံခြုံရေးဆိုင်ရာ နည်းလမ်းတွေက ရန်ကုန်နဲ့အခြားမြို့ကြီးတွေမှာ ရဲဌာနတွေရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးထိရောက်စေတဲ့အတွက် အများပြည်သူ လုံခြုံရေးကို တိုးတက်လာစေပြီး smart cities တွေဖြစ်လာဖို့ အခြေခံအုတ်မြစ်ကိုလည်း ဖြစ်လာစေပါတယ်။

တာဝန်သိကော်ပိုရိတ်လုပ်ငန်းတစ်ခုဖြစ်တာနဲ့အညီ မြန်မာနိုင်ငံအတွက် ICT နည်းပညာနယ်ပယ်မှာ အလားအလာရှိသူတွေကို မွေးထုတ်ပေးဖို့လည်း စဉ်ဆက်မပြတ်ကြိုးစားနေပါတယ်။ Seeds for the Future ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် တက္ကသိုလ်ကျောင်းသားကျောင်းသူ (၁၀) ဦးကို နှစ်စဉ်နှစ်တိုင်းမှာ တရုတ်ပြည်ကိုစေလွှတ်ခဲ့ပါတယ်။ ထူးချွန်ကျောင်းသားကျောင်းသူ အယောက် (၅၀) ကိုလည်း ICT ပညာသင်ဆုတွေပေးအပ်တယ်။ ဒါ့အပြင် အလားအလာကောင်းသူတွေကို မွေးထုတ် ပေးဖို့ကြိုးပမ်းမှုကို ပိုပြီးမြှင့်တင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ Huawei တို့ ICT နည်းပညာမှာအလားအလာရှိသူများမွေးထုတ်ရေးနားလည်မှုစာချွန်လွှာ (ICT Talent Development MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ နောက် ၃ နှစ်မှာလည်း အလားအလာရှိသူတွေမွေးထုတ်ဖို့ကို ကျွန်တော်တို့ဆက်ပြီး ကြိုးစားသွားမှာပါ။ Seeds for the Future နဲ့ ICT Talent Scholarship အစီအစဉ် တွေအပြင် မြန်မာနိုင်ငံမှာ ပထမဆုံးသော ICT Diploma သင်ရိုးကို မိတ်ဆက်ပေးခြင်း၊ တက္ကသိုလ်တွေရဲ့ ICT သုတေသနနဲ့ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ HAINA (Huawei Authorized Information and Network Academy) တွေကို တစ်နှစ်တစ်ခုဖွင့်လှစ်နိုင်အောင် ကြိုးပမ်းခြင်း၊ Huawei Myanmar CSIC (Customer Solution & Innovation Center) ကို လူငယ်တွေလာရောက်လေ့လာနိုင်ဖို့ တစ်လတစ်ခါ Youth Open Day ကျင်းပပေးခြင်း စတာတွေပါဝင်တဲ့ နောက်ထပ် ဦးဆောင်လှုပ်ရှားမှု (၄) ခုလည်း ရှိပါသေးတယ်။ Huawei က အပြည့်အဝချိတ်ဆက်နိုင်ပြီး အသိဉာဏ်မြင့်မားတဲ့ကမ္ဘာဖြစ်စေဖို့ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်း တိုင်းဆီကို ဒီဂျစ်တယ်ကို သယ်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်စီးပွားရေးစနစ်ဖြစ်လာဖို့နဲ့ အသိဉာဏ်မြင့်ရည်မှန်းချက်တွေအတွက် အားဖြည့်ပါဝင်ဖို့လည်း အမြဲတမ်း အသင့်ရှိနေပါတယ်။

Huaweiက ၂၀၁၉ခုနှစ်မှာလည်း နည်းပညာနယ်ပယ်ကို ဆက်လက်ဦးဆောင်ပြီး 5G၊ broadband၊ cloud နဲ့ AI တို့မှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ Huawei အနေနဲ့ ကမ္ဘာမှာတိုးတက်လာတဲ့ နည်းပညာတွေကို နယ်ပယ်အားလုံးက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ သုံးစွဲသူတွေ တစ်ပြိုင်နက်သုံးစွဲနိုင်ဖို့ ပိုပြီးမြင့်မားတဲ့ICTနည်းပညာတွေကို မြန်မာနိုင်ငံအတွက် ဆောင်ယူလာပေးပြီး စီးပွားရေးအောင်မြင်မှုတွေ မြင့်တက်လာစေဖို့ ကူညီပေးမှာပါ။

4G ကွန်ရက်ဖြန့်ကျက်မှုနဲ့အရည်အသွေးတိုးတက်လာပြီး စွမ်းရည်မြင့်မားပြီး ကုန်ကျစရိတ်သက်သာတဲ့ ခေတ်မီစက်ပစ္စည်းတွေနဲ့ မြန်ဆန်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတိုင်း၊ အိမ်ထောင်စုတိုင်းဆီကို ဆောင်ယူလာနိုင်ဖို့ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ Huawei က အမြဲအတူ ရပ်တည်နေပါတယ်။ Huawei အနေနဲ့ နည်းပညာနဲ့စီးပွားရေးကဏ္ဍတွေမှာ အော်ပရေတာတွေ၊ လှိုင်းနှုန်း စဉ်တွေနဲ့မူဝါဒတွေအတွက် အစိုးရအဖွဲ့တွေနဲအတူ 5Gခေတ်ကိုကြိုဆိုဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားမှာပါ။

၂၀၁၉ ကစလို့ Huawei ထုတ်ကုန်စမတ်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ အချိန်တပြေးညီ ရောင်းချပေးသွားတော့မှာဖြစ်လို့ မြန်မာနိုင်ငံက သုံးစွဲသူတွေအနေနဲ့ ပြည့်ဝပြီးခေတ်မီတဲ့အတွေ့အကြုံ တွေကို အခြားသောဈေးကွက်က သုံးစွဲသူတွေနဲ့ တစ်ချိန်တည်းမှာ ခံစားနိုင်တော့မှာဖြစ်ပါတယ်။

လူကြီးမင်းတို့သိထားပြီးတဲ့အတိုင်း Huawei ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေ ရပါတယ်။ အဲဒါတွေဟာ နည်းပညာဆိုင်ရာ စိန်ခေါ်မှုထက် နိုင်ငံရေးနွယ်တဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ကျွန်တော်တို့ကို ဆက်လက်ယုံကြည်ကြပြီး ဒီနယ်ပယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပါဝင်နေတဲ့ကဏ္ဍကို အသိအမှတ်ပြုကြပါတယ်။ ဒီလိုမျိုးအထောက်အပံ့ပေးမှုအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ နိုင်ငံနဲ့ သုံးစွဲသူတွေပိုပြီး အကျိုးရှိစေဖို့ ပြိုင်ဆိုင်မှုပြင်းတဲ့တီထွင်မှုတွေကို ကျွန်တော် တို့ရဲ့သုံးစွဲသူတွေနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ ” ဆိုပြီး ၂၀၁၈ခုနှစ်မှာ ဖြတ်သန်းခဲ့ရတဲ့ Huawei ရဲ့ အတွေ့အကြုံနဲ့ အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။