Zawgyi

Google ကေတာ့ Android နဲ႔ ပက္သက္ျပီး HUAWEI နဲ႔ သူ႔ရဲ႕ ၾကားက ဆက္ဆံေရးကို ဖ်က္သိမ္းေတာ့မွာပါ။ Android Q Beta ထုတ္ေပးမယ္လို႔ ေၾကညာထားတဲ့ HUAWEI ဖုန္းတစ္ခ်ိုဳ႕ အတြက္ ကိုေတာင္ Android Q Beta ထုတ္ေပးဖို႔ အစီအစဥ္ မရွိေတာ့ပါဘူး။ အေမရိကန္အေနနဲ႔ ဒီ တရုတ္ ကုမၸဏီ ၾကီး အေပၚ ဆက္ဆံေရး တင္းမာလာတာေၾကာင့္ Google အေနနဲ႔ အခုလို Android နဲ႔ ပက္သက္တဲ့ အေထာက္အပ့ံေတြကို HUAWEI ကိုဆက္လက္ မေပးေတာ့တာဟာ ထူးဆန္းတဲ့ သတင္းတစ္ခုေတာ့ မဟုတ္ပါဘူး။ HUAWEI ရဲ႕ ဆက္သြယ္ေရး ကြန္ရက္ေတြ နဲ႔ နည္းပညာေတြကို ႏိုင္ငံတစ္ကာမွာ တိုးခ်ဲ႕လာတာနဲ႔ အမ်ွ အေမရိကန္နဲ႔ တစ္ေန႔မဟုတ္၊ တစ္ေန႔ေတာ့ ျပႆနာတက္လာမွာပါလို႔ HUAWEI ဘက္က ၾကိဳတင္ နိမိတ္ဖတ္ထားျပီးပါျပီ။ Google ရဲ႕ Android အေထာက္အပံ့ေတြကို ဆက္လက္ရရွိေတာ့မွာ မဟုတ္လို႔ သူ႔ရဲ႕ အနာဂါတ္ ဖုန္းေတြကို ဆက္လက္ထုတ္လုပ္ဖို႔ အခက္ေတြ႔လာနိုင္တာေၾကာင့္ HUAWEI ဟာ သူ႔ကိုယ္ပိုင္ Mobile OS တစ္ခုကို ေရးဆြဲေနပါျပီ။

လူအမ်ားစုကေတာ့ HUAWEI ဟာ AOSP လို႔ေခၚတဲ့ Android Open Source Project ကိုယူ သံုးျပီး သူ႔ရဲ႕ စမတ္ဖုန္းေတြကို ေမာင္းႏွင္လာႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ေနပါတယ္။ တစ္ကယ္လို႔သာ AOSP ကို အသံုးျပဳခဲ့ရင္ အခုလက္ရွိသံုးေနတဲ့ EMUI နဲ႔ အေတာ္ေလး ကြာျခားသြားႏိုင္ပါတယ္။ ဒါေပမယ့္ HUAWEI ဘက္ကေန ထြက္ေပၚလာတဲ့ သတင္းတစ္ခု အရ HUAWEI ဟာ indeoenOS လို႔ေခၚတဲ့ Mobile Operating System တစ္ခုကို စမ္းသပ္ေနျပီလို႔ သိရပါတယ္။ အဆိုပါ OS ဟာ Android App ေတြကို အေထာက္အပံ့ေပးတဲ့ အျပင္ ChromeOS လိုမ်ိဳးပဲ Android App ေတြရဲ႕ စြမ္းေဆာင္ရည္ကို ပိုမိုတိုးျမွင့္ေပးႏို္င္တယ္လို႔ ဆိုပါတယ္။ အဆိုပါ OS အသစ္ကို ဒီႏွစ္ကုန္ပိုင္း (သို႔မဟုတ္) ေနာက္ႏွစ္ အေစာပိုင္းေလာက္မွာ စတင္ေတြ႔ျမင္ရႏိုင္ပါတယ္။ အဆိုပါ OS အသစ္ကို စမတ္ဖုန္းေတြအျပင္၊ ကြန္ျပဳတာေတြ၊ တက္ဘလက္ေတြ၊ တီဗီေတြ၊ ကားေတြနဲ႔ Wearable စမတ္နာရီေတြမွာပါ အသံုးျပဳႏိုင္မွာပါ။

Google ဟာ အေမရိကန္ အစိုးရရဲ႕ တရုတ္ေပၚ တင္းမာလာမွုေၾကာင့္သာ အနာဂတ္ Android OS Update ေတြကို ထုတ္ေပးမွာ မဟုတ္ေတာ့ေပမယ့္ HUAWEI ရဲ႕ Mobile OS အသစ္ျဖစ္ေျမာက္ေရးကိုေတာ့ ကူညီေပးေနတယ္လို႔သိရပါတယ္။ တစ္ကယ္လို႔သာ အဆိုပါ OS အသစ္ေပၚထြက္လာရင္ HUAWEI ဟာ Apple လိုမ်ိဳးပဲ ကိုယ္ပိုင္ SoC နဲ႔ ကိုယ္ပိုင္ OS ရရွိသြားမွာမို႔ HUAWEI ရဲ႕ အနာဂတ္ဖုန္းေတြဟာ သာမာန္ Android ဖုန္းေတြထက္ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္လာႏိုင္ပါတယ္။

Ref: Gizmo China

Unicode

ကိုယ်ပိုင် Mobile OS တစ်ခုကို မိတ်ဆက်တော့မယ့် HUAWEI

Google ကတော့ Android နဲ့ ပက်သက်ပြီး HUAWEI နဲ့ သူ့ရဲ့ ကြားက ဆက်ဆံရေးကို ဖျက်သိမ်းတော့မှာပါ။ Android Q Beta ထုတ်ပေးမယ်လို့ ကြေညာထားတဲ့ HUAWEI ဖုန်းတစ်ချို့ အတွက် ကိုတောင် Android Q Beta ထုတ်ပေးဖို့ အစီအစဉ် မရှိတော့ပါဘူး။ အမေရိကန်အနေနဲ့ ဒီ တရုတ် ကုမ္ပဏီ ကြီး အပေါ် ဆက်ဆံရေး တင်းမာလာတာကြောင့် Google အနေနဲ့ အခုလို Android နဲ့ ပက်သက်တဲ့ အထောက်အပ့ံတွေကို HUAWEI ကိုဆက်လက် မပေးတော့တာဟာ ထူးဆန်းတဲ့ သတင်းတစ်ခုတော့ မဟုတ်ပါဘူး။ HUAWEI ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ နဲ့ နည်းပညာတွေကို နိုင်ငံတစ်ကာမှာ တိုးချဲ့လာတာနဲ့ အမျှ အမေရိကန်နဲ့ တစ်နေ့မဟုတ်၊ တစ်နေ့တော့ ပြဿနာတက်လာမှာပါလို့ HUAWEI ဘက်က ကြိုတင် နိမိတ်ဖတ်ထားပြီးပါပြီ။ Google ရဲ့ Android အထောက်အပံ့တွေကို ဆက်လက်ရရှိတော့မှာ မဟုတ်လို့ သူ့ရဲ့ အနာဂါတ် ဖုန်းတွေကို ဆက်လက်ထုတ်လုပ်ဖို့ အခက်တွေ့လာနိုင်တာကြောင့် HUAWEI ဟာ သူ့ကိုယ်ပိုင် Mobile OS တစ်ခုကို ရေးဆွဲနေပါပြီ။

လူအများစုကတော့ HUAWEI ဟာ AOSP လို့ခေါ်တဲ့ Android Open Source Project ကိုယူ သုံးပြီး သူ့ရဲ့ စမတ်ဖုန်းတွေကို မောင်းနှင်လာနိုင်တယ်လို့ ကောက်ချက်ချနေပါတယ်။ တစ်ကယ်လို့သာ AOSP ကို အသုံးပြုခဲ့ရင် အခုလက်ရှိသုံးနေတဲ့ EMUI နဲ့ အတော်လေး ကွာခြားသွားနိုင်ပါတယ်။ ဒါပေမယ့် HUAWEI ဘက်ကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ခု အရ HUAWEI ဟာ indeoenOS လို့ခေါ်တဲ့ Mobile Operating System တစ်ခုကို စမ်းသပ်နေပြီလို့ သိရပါတယ်။ အဆိုပါ OS ဟာ Android App တွေကို အထောက်အပံ့ပေးတဲ့ အပြင် ChromeOS လိုမျိုးပဲ Android App တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးမြှင့်ပေးနို်င်တယ်လို့ ဆိုပါတယ်။ အဆိုပါ OS အသစ်ကို ဒီနှစ်ကုန်ပိုင်း (သို့မဟုတ်) နောက်နှစ် အစောပိုင်းလောက်မှာ စတင်တွေ့မြင်ရနိုင်ပါတယ်။ အဆိုပါ OS အသစ်ကို စမတ်ဖုန်းတွေအပြင်၊ ကွန်ပြုတာတွေ၊ တက်ဘလက်တွေ၊ တီဗီတွေ၊ ကားတွေနဲ့ Wearable စမတ်နာရီတွေမှာပါ အသုံးပြုနိုင်မှာပါ။

Google ဟာ အမေရိကန် အစိုးရရဲ့ တရုတ်ပေါ် တင်းမာလာမှုကြောင့်သာ အနာဂတ် Android OS Update တွေကို ထုတ်ပေးမှာ မဟုတ်တော့ပေမယ့် HUAWEI ရဲ့ Mobile OS အသစ်ဖြစ်မြောက်ရေးကိုတော့ ကူညီပေးနေတယ်လို့သိရပါတယ်။ တစ်ကယ်လို့သာ အဆိုပါ OS အသစ်ပေါ်ထွက်လာရင် HUAWEI ဟာ Apple လိုမျိုးပဲ ကိုယ်ပိုင် SoC နဲ့ ကိုယ်ပိုင် OS ရရှိသွားမှာမို့ HUAWEI ရဲ့ အနာဂတ်ဖုန်းတွေဟာ သာမာန် Android ဖုန်းတွေထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

Ref: Gizmo China