Huawei မှ ထူးခြားကောင်းမွန်သည့် sensor ၊ lens ၊ design များဖြင့် ထုတ်လုပ်ထားသည့် HUAWEI P30 နှင့် HUAWEI P30 Pro အား ပါရီမြို့တွင် ထုတ်ဖော်မိတ်ဆက်ခဲ့

Huawei Consumer Business Group (BG) မှ ယနေ့တွင် HUAWEI P30 နှင့် HUAWEI P30 Pro ဖုန်းများအား Paris Convention Center ၌ ထုတ်ဖော်ပြသခဲ့သည်။ HAUWEI P30 Series များသည် HUAWEI P Series ၏ DNA ဖြစ်သည့် ဒီဇိုင်း နှင့် ဓာတ်ပုံပညာပိုင်းဆိုင်ရာထူးခြား ကောင်းမွန်မှုဆိုသော အချက်များပေါ်တွင် အခြေခံပြီး ထုတ်လုပ်ထားသည်။ HUAWEI P30 Series ထုတ်ကုန်များသည် ကုမ္ပဏီ၏ အဆင့်မြင့်ဆုံးသော ကင်မရာများပါဝင်သည့် စမတ်ဖုန်း မော်ဒယ်များဟု ဆိုနိုင်ပြီး တီထွင်ဆန်းသစ်သည့် HUAWEI SuperSpectrum Sensor ၊ လွန်စွာကောင်းမွန်သည့် optical HUAWEI SuperZoom Lens ၊ Time of Flight (TOF) ကင်မရာ အသစ် နှင့် ပိုမိုကောင်းမွန်သည့် OIS နှင့် AIS Image Stabilization နည်းပညာ များ ပါဝင်လာခဲ့သည်။ P30 (သို့မဟုတ်) P30 Pro များအား ကိုင်ဆော င်ခြင်းဖြင့် သုံးစွဲသူများမှ လွန်စွာကောင်းမွန်သည့် ဓာတ်ပုံ နှင့် ဗီဒီယိုများအား မည်သည့် အခြေအနေတွင် မဆို ဖမ်းယူနိုင်မည်ဖြစ်သည်။

Huawei Consumer BG ၏ CEO တစ်ဦးဖြစ်သည့် Richard Yu မှ “ နောက်ဆုံးပေါ် HUAWEI P30 Series တွေဟာ သုံးစွဲသူတွေရဲ့ မိုဘိုင်းဓာတ်ပုံရိုက်ကူးခြင်း အပေါ်မှာ ထားရှိတဲ့ အမြင်ပိုင်းဆိုင်ရာကို ၁၀ စုနှစ် ပေါင်းများစွာ ကြာတဲ့အချိန်မှာ ပြန်လည် ပုံဖော်ရေးသားနိုင်ခဲ့တာဖြစ်ပါတယ်။ HUAWEI SuperSpectrum Sensor နှင့် SUperZoom Lens တို့လို့ တီထွင်ဆန်းသစ်မှုတွေကြောင့် ဓာတ်ပုံပိုင်းဆိုင်ရာ တွင်သာမက ဗီဒီယိုပိုင်းဆိုင်ရာတွေမှာပါ သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ HUAWEI P30 Series ကနေပြီးတော့ စမတ်ဖုန်း မျိုးဆက်သစ်တော်တော်များရဲ့ မှတ်တိုင်တွေကို ချမှတ်စေနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ပရော်ဖက်ရှင်နယ်အဆင့်ရှိသည့် ဓာတ်ပုံများအား အမြဲရိုက်ကူးနိုင်စေခြင်းဖြင့် ဓာတ်ပုံရိုက်ကူးခြင်း စည်းမျဉ်းစည်းကမ်း အား ပြန်လည်ရေးသားခဲ့

HUAWEI P30 Series သည် သုံးစွဲသူများမှ စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးခြင်းအပေါ်တွင် ထားရှိသည့် အမြင်အား ပြောင်းလဲစေနိုင်မည်ဖြစ်သည်။ DxOMark တွင် အမှတ်ပေါင်း ၁၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေသည့် HUAWEI P30 Pro တွင် HUAWEI SuperSpectrum Sensor ပါဝင်သည့် 40 MP အဓိက ကင်မရာ ၊ 20 MP ultra-wide angel ကင်မရာ ၊ 8MP telephoto ကင်မရာ နှင့် HUAWEI Tof ကင်မရာ များပါဝင်သည့် Leica Quad Camera System အသစ် ပါဝင်သည်။ ထို့အပြင် 32 MP အရှေ့ကင်မရာ များ ပါဝင်သောကြောင့် ကောင်းမွန်သည့် selfie များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

1/1.7 inch ရှိသည့် HUAWEI SuperSpectrum Sensor ကြောင့် အခြေခံကျသည့် နည်းလမ်းအသစ်ဖြင့် အလင်းဝင်ရောက်စေမည်ဖြစ်သည်။

RYYB SuperSpectrum Sensor သည် အစိမ်းရောင် pixel များအား အဆင့်မြင့်သည့် အဝါရောင် pixel များဖြင့် အစားထိုးစေကာ HUAWEI P30 နှင့် HUAWEI P30 Pro အသီးသီးအား အဆင့်မြင့်ဆုံးသော ISO Rating ဖြစ်သည့် 204,800 နှင့် 409,600 များရရှိခဲ့ပြီး သမာရိုးကျ RGBG Bayer filter နှင့် သွေခွဲသွားနိုင်ခဲ့သည်။ ယခုကဲ့သို့သော အခြေခံကျသည့် ဆင်ဆာနည်းပညာတွင် ပြောင်းလဲမှုပြုလုပ်နိုင်ခဲ့ပြီး HUAWEI AIS ၊ OIS နှင့် HUAWEI P30 Pro ၏ f/1.6 wide aperture ကြောင့် ပိုမိုကောင်းမွန်သည့် ဓာတ်ပုံ နှင့် ဗီဒီယို အတွေ့အကြုံများအား မည်သည့် အခြေအနေ ၊ အလင်းအနေအထားတွင် မဆို တိကျလှပစေမည်ဖြစ်သည်။

အသစ်ပါဝင်လာသည့် SuperZoom Lens ကြောင့် ပိုမိုအဆင့်မြင့်မားသည့် zoom photography အား ပါးလွှာသည့် ထုတ်ကုန်ဒီဇိုင်းမှ တဆင့်ပေးစွမ်းနိုင်မည်ဖြစ်သည်။ Periscope ဒီဇိုင်းအသစ်ကြောင့် SuperZoom Lens သည် optical zoom 5 ဆ ၊ hybrid zoom 10 ဆ နှင့် digital zoom 50 ဆ အထိ ပံ့ပိုးရိုက်ကူးစေနိုင်မည်ဖြစ်သည်။ ယခု Telephoto Camera တွင် ပါဝင်သည့် prism element သည် အလင်းအား ၉၀ ဒီဂရီ မှ ဝင်ရောက်စေခြင်းကြောင့် focal length အား အများဆုံးဖြစ်အောင် လုပ်စေပြီး ကင်မရာ အမြင့် အား အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်ခြင်းဖြင့် ကင်မရာ၏ ဒီဇိုင်းအား အနှောင့်အယှက် မရှိစေဘဲ လှပစွာ တည်ရှိစေမည်ဖြစ်သည်။

HUAWEI ToF ကင်မရာ သည် စိတ်ကူးစိတ်သန်းများအားလုံးကို ထုတ်ဖော်ပြသနိုင်စေမည်ဖြစ်သည်။ HUAWEI P30 Pro တွင် HUAWEI Time-of-Flight (TOF) Camera မှ depth-of-field အချက်အလက်များအား ဖမ်းယူနိုင်ပြီး တိကျသည့် Image Segmentation များ ပေးအပ်နိုင်မည်ဖြစ်သည်။ တိကျသည့် အကွာအဝေး တိုင်းတာမှုကြောင့် အမျိုးမျိုးသော boken လုပ်ဆောင်ချက်များကို ရရှိစေမည်ဖြစ်သည်။ Super Portrait လုပ်ဆောင်ချက်တွင် ဆံပင်တစ်ချည်အထိ တိကျစွာ ရိုက်ကူးနိုင်စေမည်ဖြစ်သည်။ ၎င်းသည် ထူးခြားကောင်းမွန်သည့် ပုံရိပ်များ ရရှိရန်အတွက် depth information နှင့် proprietary algorithms များအား ပေါင်းစည်းပေးမည်ဖြစ်သည်။

Huawei AI ကြောင့် ပြီးပြည့်စုံသည့် ပုံရိပ်များအား ရိုက်ကူးစေနိုင်မြည်ဖစ်သည်။ Huawei AI HDR+ သည် အနောက် နှင့် အရှေ့ ကင်မရာများမှ ရိုက်ကူးလိုက်သော ပုံရိပ်များ အား လျှင်မြန်စွာ ပေါင်းစည်းလိုက်စေခြင်းဖြင့် နောက်ခံ အလင်းရောင်လွန်ကဲနေသည့် selfie များအား အချိန်တိုအတွင်းပေါင်းစည်းကာ ပြုပြင်ပေးနိုင်မည်ဖြစ်သည်။

စမတ်ဖုန်း ဗီဒီယို ရိုက်ကူးခြင်းအား အဓိပ္ပါယ်ပြန်လည်ဖော်ဆောင်စေခြင်း

HUAWEI P30 Series တွင် cinematic လုပ်ဆောင်ချက်များစွာ ပါဝင်လာခဲ့သည်။ HUAWEI P30 Series သည် စတူဒီယို အဆင့်ရှိသည့် videography များ ရိုက်ကူးစေကာ ခေတ်သစ်တစ်ခုကို အစပြုစေမည်ဖြစ်သည်။ HUAWEI SuperSpectrum Sensor သည် အလင်းရောင် အားနည်းသည့် ညအချိန်မှာပင် ကြည်လင်ပြတ်သားသည့် ညဖက်ပုံရိပ်များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Huawei AIS နှင့် OIS သည် ဗီဒီယိုရိုက်ကူးသည့် မည်သည့် setting မျိုးကိုမဆို stabilization ပေးစွမ်းနိုင်မည်ဖြစ်သောကြောင့် အမြဲ လှပ တည်ငြိမ်သည့် ရိုက်ကူးချက်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် SuperZoom Lens ကြောင့် နီးကပ်သည့် ပုံရိပ်များအား ရိုက်ကူးနိုင်စေမည်ဖြစ်ပြီး AI Video Editor မှ နောက်ခံ သီချင်း နှင့် အထူးပြုလုပ်ချက်များအား ထည့်သွင်းစေနိုင်မှုကြောင့် HUAWEI P30 Series အား mobile production studio အဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။

မြင်ကွင်း ၂ ခု က မြင်ကွင်း ၁ ခု ထပ် ပိုကောင်းမွန်ပါတယ်။ HUAWEI Dual-View Video မှ မြင်ကွင်းတစ်ခုအား ကင်မရာများအား တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေခြင်းဖြင့် မတူညီသည့် ရှုထောင့် နှစ်မျိုး မှ ကြည့်ရှုနိုင်စေမည်ဖြစ်သည်။ HUAWEI P30 Series သည် မြင်ကွင်းပြည့် အပြင် အပြင် ရိုက်ကူးခံနေသည့် ပုံရိပ်၏ အနီးကပ် မြင်ကွင်းအားလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်စေမည်ဖြစ်သည်။ ၄င်း Feature အား နောက်ပိုင်းမှာ Software Update ကနေ တဆင့် အဆင်မြှင့်တင် အသုံးပြုနိုင်မည်။

လှပကျော့ရှင်းသည့် ဒီဇိုင်းအမွေဆက်ခံမှု

သဘာဝ နှင့် နည်းပညာ သဘောတရားများပေါ်တွင် အခြေပြုပြီး ဖန်တီးထားသည့် HUAWEI P30 Series များသည် Huawei P Series တို့၏ အစဉ်အလာအတိုင်း လှပကြော့ရှင်းလျှက်ရှိသည် ။ ၆.၄၇ လက်မအရွယ်ရှိသည့် HUAWEI P30 Pro နှင့် ၆.၁ လက်မ အရွယ်ရှိသည့် HUAWEI P30 တို့အား Breathing Crystal ၊ Amber Sunrise ၊ Aurora ၊ Pearl White နှင့် Black ဟူပြီး ထုတ်လုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းသို့ Breathing Crystal နှင့် Aurora အရောင် နှစ်မျိုးတည်းသာ လက်ရှိ တည်သွင်းမည်ဖြစ်သည်။ HD+ (2340×1080) Dewdrop Display သည် လွန်စွာသေးငယ်ပြီး ဖုန်းမျက်နှာပြင်အား အကြီးမား အကျယ်ပြန့်ဆုံး နှင့် အချိုးညီညီ ကြည့်ရှုစေနိုင်မည်ဖြစ်သည်။ ဘေးဘောင်မပါသည့် အရှေ့ဖန်မျက်နှာပြင် အောက်တွင် In-Screen Fingerprint Sensor အား ထည့်သွင်းထားပြီး ၎င်းမှာ မြန်ဆန်စွာ နှင့် လုံခြုံစိတ်ချစွာ သုံးစွဲစေနိုင်မည်ဖြစ်သည်။ HUAWEI P30 Pro တွင် HUAWEI Acoustic Display နည်းပညာ ပါဝင်ပြီး အရည်အသွေးကောင်းမွန်သည့် အသံထွက်အား ပေးစွမ်းနိုင်မည်ဖြစ်သည်။

အကောင်းမွန်ဆုံးသော တီထွင်ဆန်းသစ်မှု

တီထွင်ဆန်းသစ်မှုသည် Huawei ၏ အဓိက DNA ဖြစ်သည်။ အဆိုပါ အစဉ်အလာအား Huawei P30 Series တွင်လည်း ဆက်လက် အကောင်အထည်ဖော်ခဲ့ကြသည်။ P30 နှင့် P30 Pro များသည် စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်နေသည့် လုပ်ဆောင်ချက် အသစ်များထည့်သွင်းထားပြီး ဈေးကွက်ထဲတွင်ရှိသော ပြိုက်ဖက်များတွင်ပါဝင်သည့် ပါဝါ ၊ လုပ်ဆောင်ချက် နှင့် ထိရောက်မှုများ နှင့် ယှဉ်လျှင် သွေကွဲနေသည်မှာ အမှန်ပင်ဖြစ်သည်။

P30 Series သည် HUAWEI Kirin 980 Processor ဖြင့် အဆင့်မြင့်ဆုံးသော ထိရောက်မှု ဖြင့် အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။Dual NPU ပါဝင်သည့် 7nm Kirin Chipset ကြောင့် ပုံရိပ်များအား ပိုမို မြန်ဆန်စွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

HUAWEI P Series အသစ်တွင် EMUI 9.1 ထည့်သွင်းထားပြီး Extendable Read-Only File System (EROFS) ပါဝင်သောကြောင့် သိုလှောင်မှု လွှဲပြောင်းခြင်း နှင့် ပတ်သတ်သည့် လုပ်ဆောင်မှုများအား တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။ နောက်ဆုံးပေါ် OS ကြောင့် HUAWEI Share OneHop ပါဝင်ပြီး Huawei စမတ်ဖုန်း နှင့် PC များကြားတွင် အနှောင့်အယှက်မရှိ ကူးပြောင်းစေနိုင်မည်ဖြစ်သည်။

HUAWEI P30 Pro တွင် 4200 mAH ဘက်ထ္ထရီ ပါဝင်ပြီး 40W HUAWEI SuperCharge ပါဝင်သောကြောင့် 0% ဘက်ထ္ထရီရှိသည့် ထုတ်ကုန်အား မိနစ် ၃၀ အတွင်း 70% အထိ အားသွင်းစေနိုင်မည်ဖြစ်သည်။

HUAWEI P30 Pro တွင် HUAWEI SuperCool နည်းပညာ ပါဝင်သောကြောင့် ပြင်းထန်သည့် လုပ်ဆောင်ချက်များ လုပ်ကိုင်နေသည့်တိုင်အောင် ဖုန်းအပူချိန်အား ထိန်းညှိပေးနိုင်မည်ဖြစ်သည်။

အဆိုပါ ထုတ်ကုန် နှစ်မျိုးစလုံးတွင် ပိုမိုအဆင့်မြင့်သည့် ကြိုးမဲ့ချိတ်ဆက်မှုများ ပါဝင်လာပြီး Dual SIM နှင့် Dual VoLTE ချိတ်ဆက်မှုများ ပါဝင်လာခဲ့သည်။

ယနေ့တွင် မိတ်ဆက်လိုက်သည့် Huawei P30 Series အား ၂၇ ရက် ၊ မတ်လ ၊ ၂၀၁၉ ခုနှစ်မှ ဧပြီလ ၆ ရက်နေ့ အထိ Pre-Order စနစ်ဖြင့် မှာယူနိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ Huawei P30 ၊ Huawei P30 Pro များအား အပြင် Huawei P30 Lite ကိုပါ ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချသွားမည်ဖြစ်သည်။

Huawei P30 Lite သည် Huawei P Series ၏ အငယ်ဆုံး မိသားစုဝင်တစ်ဦးအဖြစ်ပါဝင်လာမည်ဖြစ်ပြီး ၎င်းတွင် ခေတ်ဆန်သော ဒီဇိုင်း ၊ ကောင်းမွန်သည့် ဓာတ်ပုံများ ရိုက်ကူးနိုင်စေမည့် လုပ်ဆောင်ချက်များ ၊ စမတ်ကျသော စွမ်းဆောင်ရည် နှင့် အသိဉာဏ်မြင့်မားသည့် လုပ်ဆောင်ချက်များပါဝင်လာခဲ့သည်။ ဖုန်းကိုယ်ထည်အား လှပကြော့ရှင်းပြီး ပါးလွှာသည့် 3D မှန်ကွေးနည်းပညာဖြင့် ဒီဇိုင်းပြုလုပ် ထုတ်လုပ်ထားသည်။ Dewdrop Display ပါဝင်ပြီး မျက်နှာပြင်မှာ 6.15” မျက်နှာပြင် အကျယ်ပါရှိသည်။ သေးသွယ်သည့် ဘေးဘောင်များကြောင့် ကျယ်ပြန့်သော မျက်နှာပြင်ပြည့် ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်သည်။

Huawei P30 Lite တွင် 24 MP Wide Angle Lens ၊ 8 MP Ultra-Wide Angle Lens နှင့် 2MP Bokeh Lens တို့အား စမတ်ဖုန်းကျောဖက်တွင် လှပစွာ နေရာချထားပြီး အရှေ့ဖက် တွင် 32 MP ရှိသည့် Selfie Camera အား ထည့်သွင်းထားသည်။ ထို့အပြင် Master AI လည်း ပါဝင်သောကြောင့် မြင်ကွင်းအမျိုးမျိုးအား ခွဲခြားသိရှိနိုင်စေမည်ဖြစ်သည်။

ကောင်းမွန်သည့် လုပ်ဆောင်ချက်များအား ပေးစွမ်းနိုင်မည့် Huawei Kirin 710 အား ထည့်သွင်းထားသည်။ 3340 mAH ရှိသည့် ဘက်ထ္ထရီ ပါဝင်ပြီး Huawei Quick Charge နည်းပညာပါဝင်သည်။ 6GB RAM နှင့် 128 GB ROM ပါဝင်သောကြောင့် များပြားသည့် အချက်အလက်များအား သိမ်းဆည်းစေနိုင်မည်ဖြစ်သည်။ Huawei P30 Lite အား Midnight Black ၊ Pearl White နှင့် Peacock Blue ဆိုပြီး အရောင် သုံးမျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Huawei P30 Pro အား Pre-Order Period အတွင်း မှာယူသူများအား FreeBuds Lite နှင့် Wireless Charger များအား လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ Huawei P30 အား Pre-Order Period အတွင်း ဝယ်ယူသူများအား FreeBuds Lite ၊ Wireless Charger နှင့် Wireless Charging Case များအား လက်ဆောင်ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။ Huawei P30 Lite အား Pre-Order Period အတွင်း မှာယူသူများအား Bluetooth Speaker အား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Huawei P30 Series ၏ First Sales အား ဧပြီလ ၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ နေ့တွင် ပစ္စည်းလာရောက်ထုတ်ယူသူများထဲမှ Huawei P30 နှင့် Huawei P30 Pro မှာယူသူများအား သတ်မှတ်ထားသည့် လက်ဆောင်များအပြင် Huawei Watch GT (သတ်မှတ်ထားသည့် အလုံးအရေအတွက်အထိ) ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Huawei P30 Lite လာရောက်ထုတ်ယူသူများအား သတ်မှတ်ထားသည့် လက်ဆောင်များအပြင် Power Bank အား ထပ်မံ ပေးအပ်သွားမည်ဖြစ်သည်။

ဈေးနှုန်အားဖြင့် Huawei P30 Pro အား မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ ၊ Huawei P30 အား မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ နှင့် Huawei P30 Lite အားး မြန်မာငွေကျပ် ၃၉၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။