[Zawgyi]

Facebook အေနနဲ႔ သူတို႔ရဲ႕ F8 Developer Conference ညီလာခံႀကီးကို မေန႔တုန္းက က်င္းပလိုက္တာ ျဖစ္ပါတယ္။ အဆိုပါ ညီလာခံမွာ Facebook ကုမၸဏီရဲ႕ ေရွ႕ဆက္လုပ္ေဆာင္သြားမယ့္ အေၾကာင္းအရာေတြကို အဓိကထား ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ ေရွ႕ဆက္လုပ္ေဆာင္သြားမယ့္ အေၾကာင္းအရာေတြထဲမွာ Mobile နဲ႔ Desktop ေတြအတြက္ UI နဲ႔ Logo အသစ္ေတြ ေျပာင္းလဲျခင္း၊ Facebook (Web) အတြက္ Dark Mode ထည့္သြင္းျခင္း၊ Messenger, Instagram နဲ႔ WhatsApp တို႔အတြက္ Features အသစ္ေတြနဲ႔အတူ ေျပာင္းလဲမႈမ်ား ျပဳလုပ္ျခင္းမ်ား ပါဝင္ပါတယ္။

Messenger မွာ Friends Tab နဲ႔ Watch Together ဆိုတဲ့ Features အသစ္ေတြ ပါဝင္လာမွာျဖစ္ပါတယ္။ Friends Tab က Facebook , Instagram နဲ႔ WhatsApp ေတြမွာ မိမိ Follow လုပ္ထားသူေတြရဲ႕ အေၾကာင္းအရာေတြကို ၾကည့္ရႈ႕ႏိုင္ၿပီး Watch Together ကေတာ့ Messenger မွာ သူငယ္ခ်င္းေတြနဲ႔အတူတူ ဗီဒီယိုေတြၾကည့္ရႈ႕လို႔ ရတဲ့ Feature ျဖစ္ႏိုင္ပါတယ္။

Facebook ဟာ သူတို႔ရဲ႕ Logo နဲ႔ UI ဒီဇိုင္းေတြကိုလည္း အသစ္ေျပာင္းလဲေတာ့မွာပါ။ Mobile နဲ႔ Desktop ၂မ်ိဴးစလုံးမွာ ေျပာင္းလဲသြားမွာျဖစ္ၿပီး၊ Facebook ကိုယ္စားျပဳအေရာင္ျဖစ္တဲ့ Blue Theme ကိုေလွ်ာ့ခ်ကာ အျမင္ဆန္းေစတဲ့ ေခတ္ေရွ႕ေျပး ဒီဇိုင္းကို ေျပာင္းလဲ အသုံးျပဳလာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Facebook (Web) အတြက္ Dark Mode ပါဝင္လာမွာ ျဖစ္ၿပီး သိပ္မၾကာခင္မွာ ထုတ္ေပးေတာ့မယ္လို႔ ယူဆရပါတယ္။ Mobile ေတြအတြက္ Dark Mode ကို Watch Tab မွာ ထည့္သြင္းေပးထားၿပီး ျဖစ္ေပမယ့္ App တစ္ခုလုံး Dark Mode ရဖို႔ကိုေတာ့ အခ်ိန္ အတန္ၾကာ ေမွ်ာ္လင့္ေစာင့္ရဦးမယ့္ အေနအထားမွာ ရွိပါတယ္။

Ref : 9To5Mac

[Unicode]

ဒီဇိုင်းအသစ်ပြောင်းလဲလာမယ့် Facebook ကို Web မှာ Dark Mode နဲ့ အသုံးပြုနိုင်တော့မည်

Facebook အနေနဲ့ သူတို့ရဲ့ F8 Developer Conference ညီလာခံကြီးကို မနေ့တုန်းက ကျင်းပလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ညီလာခံမှာ Facebook ကုမ္ပဏီရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို အဓိကထား ရှင်းလင်းပြောကြားခဲ့ပါတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေထဲမှာ Mobile နဲ့ Desktop တွေအတွက် UI နဲ့ Logo အသစ်တွေ ပြောင်းလဲခြင်း၊ Facebook (Web) အတွက် Dark Mode ထည့်သွင်းခြင်း၊ Messenger, Instagram နဲ့ WhatsApp တို့အတွက် Features အသစ်တွေနဲ့အတူ ပြောင်းလဲမှုများ ပြုလုပ်ခြင်းများ ပါဝင်ပါတယ်။

Messenger မှာ Friends Tab နဲ့ Watch Together ဆိုတဲ့ Features အသစ်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ Friends Tab က Facebook , Instagram နဲ့ WhatsApp တွေမှာ မိမိ Follow လုပ်ထားသူတွေရဲ့ အကြောင်းအရာတွေကို ကြည့်ရှု့နိုင်ပြီး Watch Together ကတော့ Messenger မှာ သူငယ်ချင်းတွေနဲ့အတူတူ ဗီဒီယိုတွေကြည့်ရှု့လို့ ရတဲ့ Feature ဖြစ်နိုင်ပါတယ်။

Facebook ဟာ သူတို့ရဲ့ Logo နဲ့ UI ဒီဇိုင်းတွေကိုလည်း အသစ်ပြောင်းလဲတော့မှာပါ။ Mobile နဲ့ Desktop ၂မျိူးစလုံးမှာ ပြောင်းလဲသွားမှာဖြစ်ပြီး၊ Facebook ကိုယ်စားပြုအရောင်ဖြစ်တဲ့ Blue Theme ကိုလျှော့ချကာ အမြင်ဆန်းစေတဲ့ ခေတ်ရှေ့ပြေး ဒီဇိုင်းကို ပြောင်းလဲ အသုံးပြုလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook (Web) အတွက် Dark Mode ပါဝင်လာမှာ ဖြစ်ပြီး သိပ်မကြာခင်မှာ ထုတ်ပေးတော့မယ်လို့ ယူဆရပါတယ်။ Mobile တွေအတွက် Dark Mode ကို Watch Tab မှာ ထည့်သွင်းပေးထားပြီး ဖြစ်ပေမယ့် App တစ်ခုလုံး Dark Mode ရဖို့ကိုတော့ အချိန် အတန်ကြာ မျှော်လင့်စောင့်ရဦးမယ့် အနေအထားမှာ ရှိပါတယ်။

Ref : 9To5Mac