[Zawgyi]

Facebook ဟာ Facebook Dating ကို လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ ကတည္းက ကိုလံဘီယာမွာ စမ္းသပ္ေနတာ ျဖစ္ပါတယ္။ ယခုအခါမွာေတာ့ Facebook Dating ကို ႏိုင္ငံ ၅ႏိုင္ငံမွာ အသုံးျပဳလို႔ ရေနၿပီ ျဖစ္ၿပီး ေနာက္ထပ္ ႏိုင္ငံ ၁၄ႏိုင္ငံကို သိပ္မၾကာခင္မွာ ထုတ္လႊင့္ေပးသြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အေမရိကန္ႏိုင္ငံကိုလည္း ၂၀၁၉ခုႏွစ္ ေႏွာင္းပိုင္းမွာ ထုတ္လႊင့္ေပးသြားမယ္လို႔ ဆိုပါတယ္။

Facebook Dating နဲ႔အတူ ပါလာမယ့္ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ Feature တစ္ခုကေတာ့ Secret Crush (တိတ္တခိုးနဲ႔ တဖက္သတ္ႀကိဳက္ေနရသူ) ျဖစ္ပါတယ္။ Facebook အေနနဲ႔ Secret Crush ကို မိတ္ဆက္လိုက္ရျခင္း အေၾကာင္းအရင္းက ကိုယ္နဲ႔ Friends ျဖစ္ၿပီးသားသူေတြနဲ႔ ပိုၿပီး အခ်ိတ္အဆက္မိမိ ဆက္သြယ္ေျပာဆိုေစႏိုင္ဖို႔လို႔ ဆိုပါတယ္။

Secret Crush အသုံးျပဳဖို႔အတြက္ ပထမဦးဆုံး ကိုယ္ရဲ႕ Friend list ထဲက ကိုယ္ႀကိတ္ Crush ေနတဲ့ လူ ၉ေယာက္ကို ေ႐ြးခ်ယ္ေပးရမွာပါ။ တကယ္လို႔ ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့ လူေတြဟာ Facebook Dating မွာ ရွိေနတယ္ဆိုရင္ သူတို႔ဆီမွာ ကိုယ္က သူ႔တို႔ကို Crush ေနတယ္ဆိုတဲ့အေၾကာင္း Notification သြားေပၚမွာ ျဖစ္ပါတယ္။ အဲ့ဒီအခါမွာ Crush က သူရဲ႕ လူ ၉ေယာက္ စာရင္းမွာ ကိုယ့္ကို ျပန္ထည့္လိုက္တယ္ဆိုရင္ ၂ေယာက္သား ထိပ္တိုက္ေတြ႕၊ စကားစျမည္ေျပာၿပီး ခ်စ္ရည္လူးႏိုင္ဖို႔အတြက္ Messenger Chat Box က ေအာ္တို ပြင့္လာမယ္လို႔ ဆိုပါတယ္။

Facebook အေနနဲ႔ Facebook Dating နဲ႔အတူ ပါလာႏိုင္တဲ့ Secret Crush feature ကို စမ္းသပ္ေနတုန္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Secret Crush ကို လက္ရွိအခ်ိန္မွာေတာ့ အသုံးျပဳလို႔ မရေသးပါဘူး။ ဒါေပမယ့္ သိပ္အၾကာႀကီး မေစာင့္ရေတာ့ဘူးလို႔ ေမွ်ာ္လင့္မိပါတယ္။

Ref : Android Authority

[Unicode]

ကိုယ်ကြိတ် Crush နေတဲ့ သူတွေနဲ့ နီးစပ်ခွင့်ရစေမယ့် Facebook ရဲ့ Secret Crush

Facebook ဟာ Facebook Dating ကို လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် စက်တင်ဘာလ ကတည်းက ကိုလံဘီယာမှာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Facebook Dating ကို နိုင်ငံ ၅နိုင်ငံမှာ အသုံးပြုလို့ ရနေပြီ ဖြစ်ပြီး နောက်ထပ် နိုင်ငံ ၁၄နိုင်ငံကို သိပ်မကြာခင်မှာ ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံကိုလည်း ၂၀၁၉ခုနှစ် နှောင်းပိုင်းမှာ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

Facebook Dating နဲ့အတူ ပါလာမယ့် နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Feature တစ်ခုကတော့ Secret Crush (တိတ်တခိုးနဲ့ တဖက်သတ်ကြိုက်နေရသူ) ဖြစ်ပါတယ်။ Facebook အနေနဲ့ Secret Crush ကို မိတ်ဆက်လိုက်ရခြင်း အကြောင်းအရင်းက ကိုယ်နဲ့ Friends ဖြစ်ပြီးသားသူတွေနဲ့ ပိုပြီး အချိတ်အဆက်မိမိ ဆက်သွယ်ပြောဆိုစေနိုင်ဖို့လို့ ဆိုပါတယ်။

Secret Crush အသုံးပြုဖို့အတွက် ပထမဦးဆုံး ကိုယ်ရဲ့ Friend list ထဲက ကိုယ်ကြိတ် Crush နေတဲ့ လူ ၉ယောက်ကို ရွေးချယ်ပေးရမှာပါ။ တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့ လူတွေဟာ Facebook Dating မှာ ရှိနေတယ်ဆိုရင် သူတို့ဆီမှာ ကိုယ်က သူ့တို့ကို Crush နေတယ်ဆိုတဲ့အကြောင်း Notification သွားပေါ်မှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ Crush က သူရဲ့ လူ ၉ယောက် စာရင်းမှာ ကိုယ့်ကို ပြန်ထည့်လိုက်တယ်ဆိုရင် ၂ယောက်သား ထိပ်တိုက်တွေ့၊ စကားစမြည်ပြောပြီး ချစ်ရည်လူးနိုင်ဖို့အတွက် Messenger Chat Box က အော်တို ပွင့်လာမယ်လို့ ဆိုပါတယ်။

Facebook အနေနဲ့ Facebook Dating နဲ့အတူ ပါလာနိုင်တဲ့ Secret Crush feature ကို စမ်းသပ်နေတုန်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Secret Crush ကို လက်ရှိအချိန်မှာတော့ အသုံးပြုလို့ မရသေးပါဘူး။ ဒါပေမယ့် သိပ်အကြာကြီး မစောင့်ရတော့ဘူးလို့ မျှော်လင့်မိပါတယ်။

Ref : Android Authority