[Zawgyi]








Ref: GadgetHacks

[Unicode]

Samsung ရဲ့ One UI Update မှာ သုံးလို့ကောင်းတဲ့ Feature လေးတွေ တော်တော်များများ တွေ့ရပါတယ်။ အဲထဲက Dark Mode အသစ်ဆိုလည်း Stock App တွေနဲ့ System Menu တွေကို အနက်ရောင် ပြောင်းပစ်ပေးလိုက်တဲ့ Feature လေးပါပဲ။

ဒါပေမယ့် တစ်ချို့ မသိလောက်သေးတဲ့ Feature လေးတစ်ခုလည်း ရှိနေပါသေးတယ်။ သူကတော့ ကိုယ်ဝင်နေတဲ့ ဝဘ်ဆိုဒ်တွေအကုန်လုံးကိုပါ အနက်ရောင်အဖြစ် ပြောင်းလဲပစ်လိုက်တဲ့ Theme လေးပါ။

Setting—> Display ကနေ “Night Theme” ကို ရွေးပေးလိုက်တာနဲ့ Dark Mode ရမှာဖြစ်ပြီး ဝဘ်ဆိုဒ်တွေမှာပါ အော်တိုအနက်ဖြစ်သွားမှာပါ။ Samsung App Dark Theme မှာတော့ လုံးဝအနက်ရောင်ပေမယ့် ဝဘ်ဆိုဒ်တွေမှာတော့ မီးခိုးနက် Theme လေးအနေနဲ့ ပြောင်းပေးထားပါတယ်။

ခုနက Setting မှာ “Night Theme” ပြောင်းပေးရုံကလွဲရင် ကျန်တာဘာမှ ပြောင်းနေစရာမလိုပါဘူး။ ညဘက်မှာတော့ အနက်ရောင်နဲ့ သုံးရတာ မျက်လုံးကို ပိုသက်သာစေပေမယ့် အရာအားလုံးက Perfect ဖြစ်မနေဘူးဆိုသလိုပါပဲ။

အနက်ရောင် Color ကို ပြောင်းပစ်လိုက်တာဖြစ်တဲ့အတွက် တစ်ချို့ပုံ Button တွေ ဥပမာ Navigation Button တွေမှာဆို အရောင်တွေက အရမ်းမှိန်ပြီး  တော်တော်ကြည့်ယူရပါလိမ့်မယ်။ ဒါပေမယ့် အနည်းအကျဥ်းပါပဲ။ ဝဘ်ဆိုဒ် တော်တော်များများကတော့ Night Theme နဲ့ဆို ညဘက်သုံးရ တော်တော်လေးအဆင်ပြေပါလိမ့်မယ်။

တကယ်လို့ ဒါကိုစမ်းလို့မှ “Can’t use night mode in multi-window view” လို့ Error ပြနေတယ်ဆိုရင် Galaxy Apps ထဲက Samsung Internet ကို Update လုပ်ပေးရမှာပါ။ ပြီးရင်တော့ Setting> Software Update ကနေ OTA updates လုပ်ပေးလိုက်ပါ။ နောက်ဆုံး Firmware နောက်ဆုံး Samsung Internet Version ဆိုရင်တော့ ကောင်းကောင်းအလုပ်လုပ်မှာပါ။

ဒီ Feature လေးကတော့ လောလောဆယ် Samsung Android Pie Beta Program မှာမှ Galaxy S9, S9+ နဲ့ Note 9 တို့မှာတင် ရနေသေးတာဖြစ်ပြီး One UI update Stable ထွက်လာတဲ့အချိန်ကျရင်တော့ တခြား Samsung ဖုန်းတွေ အားလုံးမှာပါ ရလာမယ်လို့မှန်းရပါတယ်။

Ref: GadgetHacks