Zawgyi

၂၀၁၉ ခုႏွစ္ရဲ႕ တတိယသုံးလပတ္အတြက္ သုေတသနျပဳလုပ္ခ်က္အရ Google ရဲ႕ Play Store နဲ႔ Apple ရဲ႕ App Store တုိ႔မွာ ရရွိခဲ့သမွ် App Download ပမာဏရဲ႕ 80% ဟာ တကယ္တမ္း App ထုတ္လုပ္ေနတဲ့ ကုမၸဏီေတြထဲက 1% မွ်သာရွိတဲ့ App Developer ေတြရဲ႕ ထုတ္ကုန္ေတြထံမွ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ က်န္တဲ့ 99% ေသာ App ထုတ္လုပ္သူေတြဟာ အားလုံးေပါင္းမွ သုံးလအတြင္းမွာ App Download ႀကိမ္ေရစုစုေပါင္းရဲ႕ 20% ပမာဏသာ ရရွိခဲ့တာပါ။

80% ဟာ Download အႀကိမ္ေရ ၂၉.၆ ဘီလီယံနဲ႔ ညီမွ်တာေၾကာင့္ ကမာၻေပၚမွာ မုိဘုိင္း App ေတြကို ေန႔စဥ္နဲ႔အမွ် Download ျပဳလုပ္မႈ ဘယ္ေလာက္ေတာင္မ်ားျပားလာလဲ ဆုိတာ သိႏုိင္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ Google Play နဲ႔ App Store တုိ႔ေပၚမွာ မုိဘုိင္းအက္ပလီေကးရွင္း စုစုေပါင္း 3.4 သန္းထိ ရွိလာၿပီး 2014 ခုႏွစ္ထက္ 65% ပိုမ်ားလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္က စစ္တမ္းေတြအရ App 3.4 သန္းအတြင္းမွာ အႀကိမ္ေရတစ္ေထာင္ထက္ပိုၿပီး Download ျပဳလုပ္ခံရတဲ့ App ပမာဏက 26% သာရွိခဲ့ပါတယ္။

လက္ရွိကမာၻေပၚမွာ လူသုံးအမ်ားဆုံး App Store ႏွစ္ခုေပါင္းရင္ App ထုတ္လုပ္သူပမာဏဟာ 792,000 ခန္႔ ရွိၿပီး 7,920 မွ်ေသာ ထုတ္လုပ္သူေတြဟာ ဒီသုံးလတာအတြင္း Install ျပဳလုပ္ခံရမႈ 23.6 သန္းကို ရရွိခဲ့တာပါ။ ဒီထဲမွာ Facebook လည္းပါဝင္ၿပီး သူ႕ App တစ္ခုတည္းကတင္ 2019 Q3 ကာလမွာ Download ျပဳလုပ္မႈ 682 သန္း ရရွိခဲ့ပါတယ္။

မုိဘုိင္းဂိမ္းထုတ္လုပ္သူေတြလည္း ဒီထဲမွာအပါအဝင္ျဖစ္ၿပီး သူတုိ႔ထဲက 1% ဟာ Download ျပဳလုပ္မႈအႀကိမ္ေရ 9.1 ဘီလီယံ ရရွိခဲ့ပါတယ္။ ဒီပမာဏဟာ ဂိမ္း Download ျပဳလုပ္မႈစုစုေပါင္းရဲ႕ 82% ျဖစ္ၿပီး က်န္တဲ့ Developer 99% ေပါင္းမွ Download အႀကိမ္ေရ 2 ဘီလီယံသာ ရရွိခဲ့တာပါ။

မုိဘုိင္းေစ်းကြက္တုိးတက္လာတာနဲ႔အမွ် ထိပ္တန္း App ထုတ္လုပ္သူေတြနဲ႔ က်န္တဲ့ေစ်းကြက္ၾကားက ကြာဟမႈဟာ ပိုမုိက်ယ္ျပန္႔လာပါတယ္။ အခု Q3 ကာလမွာ App Store ေတြကေန ေဒၚလာ 22 ဘီလီယံ အျမတ္ေငြရရွိခဲ့ၿပီး 1% ေသာ ထုတ္လုပ္သူေတြက 20.5 ဘီလီယံပမာဏထိ ရရွိခဲ့ပါတယ္။

Ref – GSM Arena

Unicode

၂၀၁၉ ခုနှစ်ရဲ့ တတိယသုံးလပတ်အတွက် သုတေသနပြုလုပ်ချက်အရ Google ရဲ့ Play Store နဲ့ Apple ရဲ့ App Store တို့မှာ ရရှိခဲ့သမျှ App Download ပမာဏရဲ့ 80% ဟာ တကယ်တမ်း App ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေထဲက 1% မျှသာရှိတဲ့ App Developer တွေရဲ့ ထုတ်ကုန်တွေထံမှ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်တဲ့ 99% သော App ထုတ်လုပ်သူတွေဟာ အားလုံးပေါင်းမှ သုံးလအတွင်းမှာ App Download ကြိမ်ရေစုစုပေါင်းရဲ့ 20% ပမာဏသာ ရရှိခဲ့တာပါ။

80% ဟာ Download အကြိမ်ရေ ၂၉.၆ ဘီလီယံနဲ့ ညီမျှတာကြောင့် ကမ္ဘာပေါ်မှာ မိုဘိုင်း App တွေကို နေ့စဉ်နဲ့အမျှ Download ပြုလုပ်မှု ဘယ်လောက်တောင်များပြားလာလဲ ဆိုတာ သိနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Google Play နဲ့ App Store တို့ပေါ်မှာ မိုဘိုင်းအက်ပလီကေးရှင်း စုစုပေါင်း 3.4 သန်းထိ ရှိလာပြီး 2014 ခုနှစ်ထက် 65% ပိုများလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်က စစ်တမ်းတွေအရ App 3.4 သန်းအတွင်းမှာ အကြိမ်ရေတစ်ထောင်ထက်ပိုပြီး Download ပြုလုပ်ခံရတဲ့ App ပမာဏက 26% သာရှိခဲ့ပါတယ်။

လက်ရှိကမ္ဘာပေါ်မှာ လူသုံးအများဆုံး App Store နှစ်ခုပေါင်းရင် App ထုတ်လုပ်သူပမာဏဟာ 792,000 ခန့် ရှိပြီး 7,920 မျှသော ထုတ်လုပ်သူတွေဟာ ဒီသုံးလတာအတွင်း Install ပြုလုပ်ခံရမှု 23.6 သန်းကို ရရှိခဲ့တာပါ။ ဒီထဲမှာ Facebook လည်းပါဝင်ပြီး သူ့ App တစ်ခုတည်းကတင် 2019 Q3 ကာလမှာ Download ပြုလုပ်မှု 682 သန်း ရရှိခဲ့ပါတယ်။

မိုဘိုင်းဂိမ်းထုတ်လုပ်သူတွေလည်း ဒီထဲမှာအပါအဝင်ဖြစ်ပြီး သူတို့ထဲက 1% ဟာ Download ပြုလုပ်မှုအကြိမ်ရေ 9.1 ဘီလီယံ ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ဂိမ်း Download ပြုလုပ်မှုစုစုပေါင်းရဲ့ 82% ဖြစ်ပြီး ကျန်တဲ့ Developer 99% ပေါင်းမှ Download အကြိမ်ရေ 2 ဘီလီယံသာ ရရှိခဲ့တာပါ။

မိုဘိုင်းဈေးကွက်တိုးတက်လာတာနဲ့အမျှ ထိပ်တန်း App ထုတ်လုပ်သူတွေနဲ့ ကျန်တဲ့ဈေးကွက်ကြားက ကွာဟမှုဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ အခု Q3 ကာလမှာ App Store တွေကနေ ဒေါ်လာ 22 ဘီလီယံ အမြတ်ငွေရရှိခဲ့ပြီး 1% သော ထုတ်လုပ်သူတွေက 20.5 ဘီလီယံပမာဏထိ ရရှိခဲ့ပါတယ်။

Ref – GSM Arena