[Zawgyi]

Apple ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက iPhone X ေတြကို ေဈးကြက္ထဲပို႔ၿပီး အေကာင္းဆုံးကို ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ iPhone သုံးမ်ိဳးထဲမွာ XR ကပဲ အေရာင္းသြက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ျဖန႔္ခ်ိလိုက္တဲ့ iPhone 11 ေတြရဲ႕ လက္ရွိအေျခအေနကေတာ့ Apple အတြက္ ေ႐ႊရင္ေအးေစတယ္လို႔ပဲ ဆိုရမွာပါ။

iPhone 11 မိသားစုကို ေတာင္ကိုရီးယားမွာ စတင္ၿပီး မိတ္ဆက္ျဖန႔္ခ်ိတဲ့ရက္မွာပဲ အလုံးေရ ၁ သိန္း ၃ ေသာင္းအထိ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီကိန္းဂဏန္းအခ်က္အလက္က iPhone သစ္ေတြကို Activation ျပဳလုပ္တဲ့ နံပါတ္အေရအတြက္ေပၚ အေျခခံထားတယ္လို႔လည္း ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ iPhone 11 ေတြဟာ အေရာင္းထိုင္းမေနဘူးလို႔ ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။ လက္ရွိအေျခအေနအရ ေရာင္းအားဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ၃၀ ရာခိုင္ႏႈန္းအထိ ခုန္တက္သြားတယ္လိို႔ ဆိုရပါတယ္။ iPhone XS, XS Max နဲ႔ XR တို႔ရဲ႕ ပထမဆုံးရက္ ေရာင္းခ်မႈဟာ အလုံးေရ ၁သိန္း အထိပဲ ရွိခဲ့တာ ျဖစ္ပါတယ္။

စိတ္မေကာင္းစရာတစ္ခုကေတာ့ iPhone 11 ေတြရဲ႕ေရာင္းအားတက္လာတယ္ဆိုေပမယ့္ ၿပိဳင္ဘက္ႀကီးျဖစ္တဲ့ Samsung ရဲ႕ Galaxy Note10 ေရာင္းအားကိုေတာ့ မမီေသးတာပဲ ျဖစ္ပါတယ္။ Galaxy Note10 ဟာ စၿပီးျဖန႔္ခ်ိတဲ့ေနမွာပဲ အလုံးေရ ၂ သိန္း၂ ေသာင္းအထိ ေရာင္းခ်ခဲ့ရတာပါ။

Ref: GSM Arena

[Unicode]

iPhone 11 တွေကို တောင်ကိုရီးယားဈေးကွက်ထဲ စဖြန့်တဲ့ရက်မှာတင် အလုံးရေ ၁ သိန်း ၃ သောင်းထိရောင်းခဲ့ရ

Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iPhone X တွေကို ဈေးကွက်ထဲပို့ပြီး အကောင်းဆုံးကို မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ iPhone သုံးမျိုးထဲမှာ XR ကပဲ အရောင်းသွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဖြန့်ချိလိုက်တဲ့ iPhone 11 တွေရဲ့ လက်ရှိအခြေအနေကတော့ Apple အတွက် ရွှေရင်အေးစေတယ်လို့ပဲ ဆိုရမှာပါ။

iPhone 11 မိသားစုကို တောင်ကိုရီးယားမှာ စတင်ပြီး မိတ်ဆက်ဖြန့်ချိတဲ့ရက်မှာပဲ အလုံးရေ ၁ သိန်း ၃ သောင်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်က iPhone သစ်တွေကို Activation ပြုလုပ်တဲ့ နံပါတ်အရေအတွက်ပေါ် အခြေခံထားတယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် iPhone 11 တွေဟာ အရောင်းထိုင်းမနေဘူးလို့ သေချာပေါက်ပြောနိုင်ပါတယ်။ လက်ရှိအခြေအနေအရ ရောင်းအားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်လိို့ ဆိုရပါတယ်။ iPhone XS, XS Max နဲ့ XR တို့ရဲ့ ပထမဆုံးရက် ရောင်းချမှုဟာ အလုံးရေ ၁သိန်း အထိပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ iPhone 11 တွေရဲ့ရောင်းအားတက်လာတယ်ဆိုပေမယ့် ပြိုင်ဘက်ကြီးဖြစ်တဲ့ Samsung ရဲ့ Galaxy Note10 ရောင်းအားကိုတော့ မမီသေးတာပဲ ဖြစ်ပါတယ်။ Galaxy Note10 ဟာ စပြီးဖြန့်ချိတဲ့နေမှာပဲ အလုံးရေ ၂ သိန်း၂ သောင်းအထိ ရောင်းချခဲ့ရတာပါ။

Ref: GSM Arena