Zawgyi

အေမရိကန္ ဆယ္ေက်ာ္သက္လူငယ္ေလး Kyle Giersdorf ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယူးေယာက္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ Fortnite ဗီဒီယိုဂိမ္းၿပိဳင္ပြဲမွာ ပထမဆုကို ရရွိခဲ့တဲ့အတြက္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ ၃ သန္းကို ပိုင္ဆုိင္သြားခဲ့ပါတယ္။

အသက္ ၁၆ ႏွစ္သာရွိေသးတဲ့ Kyle အပါအဝင္ ကမာၻတလႊားက Fortnite ကစားသမားသန္းဂဏန္းထဲက လက္ရည္စစ္ပြဲေအာင္လာတဲ့ ကစားသမား ၁၀၀ ေက်ာ္ဟာ စုစုေပါင္းဆုေၾကးေငြေဒၚလာသန္း ၃၀ ခ်ီးျမင့္မယ့္ Fortnite World Cup Finals ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

Kyle ရဲ႕ In-game နာမည္က “Bugha” ျဖစ္ၿပီး သူအႏုိင္ရခဲ့တဲ့ၿပိဳင္ပြဲက တစ္ေယာက္တည္း တစ္သင္းအေနနဲ႔ ကစားရတဲ့ Solo Finals ျဖစ္တာေၾကာင့္ ဆုေၾကးေငြကို ခြဲေဝစရာမလိုဘဲ တစ္ေယာက္တည္း ရရွိခဲ့တာပါ။ ဒုတိယေနရာက ကစားသမား ‘psalm’ ထက္ကို အမွတ္ ၂၆ မွတ္ပိုမ်ားၿပီး စုစုေပါင္း ၅၉ မွတ္နဲ႔ အျပတ္အသတ္ ဗုိလ္စြဲခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ စတင္ခဲ့တဲ့ Fortnite ဂိမ္းဟာ အခုခ်ိန္မွာ နာမည္အႀကီးဆုံး လူႀကိဳက္အမ်ားဆုံး ဂိမ္းေတြထဲက တစ္ခုျဖစ္ၿပီး သူ႕ေၾကာင့္ ထုတ္လုပ္သူကုမၸဏီ Epic Games ဟာ တန္ေၾကး အေမရိကန္ေဒၚလာ ၁၅ ဘီလီယံထိ ခုန္တက္သြားခဲ့ပါတယ္။ သူနဲ႔အနီးဆုံးၿပိဳင္ဘက္ဆုိလုိ႔ တရုတ္အေျခစိုက္ Tencent ကုမၸဏီက ပိုင္ဆုိင္ေနတဲ့ PUBG ဂိမ္းသာရွိေနၿပီး Tencent ဟာ Epic Games မွာလည္း ၄၀% ရွယ္ယာ ပါဝင္သူပါ။

Epic Games ဟာ အခုႏွစ္မွာ Fortnite World Cup Finals ဆုိတဲ့အမည္နဲ႔ တရားဝင္ဂိမ္းၿပိဳင္ပြဲႀကီးကို အေမရိကန္မွာ ျပဳလုပ္က်င္းပေနတာျဖစ္ၿပီး စုစုေပါင္း ဆုေၾကးေငြ ေဒၚလာသန္း ၃၀ ထိေပးအပ္သြားမွာျဖစ္လို႔ အႏုိင္ရရွိသူေတြဟာ တစ္ခါတည္း ခ်မ္းခ်မ္းသာသာေနႏုိင္မွာျဖစ္ပါတယ္။

စေနေန႔က က်င္းပခဲ့တဲ့ Duo (ႏွစ္ေယာက္တြဲ) ပြဲစဥ္မွာလည္း ၁၅ ႏွစ္သာရွိေသးတဲ့ ၿဗိတိန္ႏုိင္ငံသား ဆယ္ေက်ာ္သက္ေလး Jaden Ashman ဟာ ေဟာ္လန္ႏုိင္ငံသား Dave Jong နဲ႔အတူ ဒုတိယ-ခ်န္ပီယံျဖစ္သြားခဲ့တာေၾကာင့္ ဆုေၾကးေငြ ၂.၂၅ သန္းကို တစ္ေယာက္တစ္ဝက္စီ ခြဲေဝယူႏုိင္ခဲ့ၾကပါတယ္။

၁၅ ႏွစ္သား Jaden ဟာ ဂိမ္းေဆာ့တဲ့အတြက္ သူ႕မိခင္နဲ႔ အျမဲလိုလုိ စကားမ်ားရၿပီး မိခင္က သူ ဂိမ္းေဆာ့တာကို အခ်ိန္ျဖဳန္းတယ္လို႔ပဲ ျမင္ေၾကာင္းနဲ႔ အခုလို လုပ္ျပႏုိင္ခဲ့တဲ့အတြက္ သူ႕မိခင္ကို သက္ေသျပႏုိင္သလိုျဖစ္ၿပီး တကယ္ေပ်ာ္ရႊင္ရတယ္လို႔ ဖြင့္ဟေျပာဆုိခဲ့ပါတယ္။

သူ႕မိခင္ Lisa Dallman ကလည္း ဒါကို ဝန္ခံခဲ့ၿပီး တစ္ခ်ိန္လုံး ကစားေနတဲ့ သူ႕သားကို ရပ္တန္႔ဖို႔ Xbox ဂိမ္းစက္ကို လႊင့္ပစ္ခဲ့ေၾကာင္း၊ ဒီၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္လည္း ဗီဇာျပႆနာ အစရွိတာေတြကို ေတြ႕ၾကဳံခဲ့ရေပမယ့္ အခုလို အႏုိင္ရခဲ့တဲ့သားေၾကာင့္ အရာရာဟာ ျပန္လည္အဆင္ေျပလာမယ္လို႔ ခံစားရတယ္လို႔ ဆိုခဲ့ပါတယ္။

Ref – Daily Mail

Unicode

အမေရိကန် ဆယ်ကျော်သက်လူငယ်လေး Kyle Giersdorf ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ Fortnite ဗီဒီယိုဂိမ်းပြိုင်ပွဲမှာ ပထမဆုကို ရရှိခဲ့တဲ့အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သန်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

အသက် ၁၆ နှစ်သာရှိသေးတဲ့ Kyle အပါအဝင် ကမ္ဘာတလွှားက Fortnite ကစားသမားသန်းဂဏန်းထဲက လက်ရည်စစ်ပွဲအောင်လာတဲ့ ကစားသမား ၁၀၀ ကျော်ဟာ စုစုပေါင်းဆုကြေးငွေဒေါ်လာသန်း ၃၀ ချီးမြင့်မယ့် Fortnite World Cup Finals ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Kyle ရဲ့ In-game နာမည်က “Bugha” ဖြစ်ပြီး သူအနိုင်ရခဲ့တဲ့ပြိုင်ပွဲက တစ်ယောက်တည်း တစ်သင်းအနေနဲ့ ကစားရတဲ့ Solo Finals ဖြစ်တာကြောင့် ဆုကြေးငွေကို ခွဲဝေစရာမလိုဘဲ တစ်ယောက်တည်း ရရှိခဲ့တာပါ။ ဒုတိယနေရာက ကစားသမား ‘psalm’ ထက်ကို အမှတ် ၂၆ မှတ်ပိုများပြီး စုစုပေါင်း ၅၉ မှတ်နဲ့ အပြတ်အသတ် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Fortnite ဂိမ်းဟာ အခုချိန်မှာ နာမည်အကြီးဆုံး လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး သူ့ကြောင့် ထုတ်လုပ်သူကုမ္ပဏီ Epic Games ဟာ တန်ကြေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံထိ ခုန်တက်သွားခဲ့ပါတယ်။ သူနဲ့အနီးဆုံးပြိုင်ဘက်ဆိုလို့ တရုတ်အခြေစိုက် Tencent ကုမ္ပဏီက ပိုင်ဆိုင်နေတဲ့ PUBG ဂိမ်းသာရှိနေပြီး Tencent ဟာ Epic Games မှာလည်း ၄၀% ရှယ်ယာ ပါဝင်သူပါ။

Epic Games ဟာ အခုနှစ်မှာ Fortnite World Cup Finals ဆိုတဲ့အမည်နဲ့ တရားဝင်ဂိမ်းပြိုင်ပွဲကြီးကို အမေရိကန်မှာ ပြုလုပ်ကျင်းပနေတာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာသန်း ၃၀ ထိပေးအပ်သွားမှာဖြစ်လို့ အနိုင်ရရှိသူတွေဟာ တစ်ခါတည်း ချမ်းချမ်းသာသာနေနိုင်မှာဖြစ်ပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ Duo (နှစ်ယောက်တွဲ) ပွဲစဉ်မှာလည်း ၁၅ နှစ်သာရှိသေးတဲ့ ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက်လေး Jaden Ashman ဟာ ဟော်လန်နိုင်ငံသား Dave Jong နဲ့အတူ ချန်ပီယံဖြစ်သွားခဲ့တာကြောင့် ဆုကြေးငွေ ၂.၂၅ သန်းကို တစ်ယောက်တစ်ဝက်စီ ခွဲဝေယူနိုင်ခဲ့ကြပါတယ်။

၁၅ နှစ်သား Jaden ဟာ ဂိမ်းဆော့တဲ့အတွက် သူ့မိခင်နဲ့ အမြဲလိုလို စကားများရပြီး မိခင်က သူ ဂိမ်းဆော့တာကို အချိန်ဖြုန်းတယ်လို့ပဲ မြင်ကြောင်းနဲ့ အခုလို လုပ်ပြနိုင်ခဲ့တဲ့အတွက် သူ့မိခင်ကို သက်သေပြနိုင်သလိုဖြစ်ပြီး တကယ်ပျော်ရွှင်ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သူ့မိခင် Lisa Dallman ကလည်း ဒါကို ဝန်ခံခဲ့ပြီး တစ်ချိန်လုံး ကစားနေတဲ့ သူ့သားကို ရပ်တန့်ဖို့ Xbox ဂိမ်းစက်ကို လွှင့်ပစ်ခဲ့ကြောင်း၊ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်လည်း ဗီဇာပြဿနာ အစရှိတာတွေကို တွေ့ကြုံခဲ့ရပေမယ့် အခုလို အနိုင်ရခဲ့တဲ့သားကြောင့် အရာရာဟာ ပြန်လည်အဆင်ပြေလာမယ်လို့ ခံစားရတယ်လို့ ဆိုခဲ့ပါတယ်။

Ref – Daily Mail