အခုခေတ် အခြေအနေမှာ စီးပွားရေး လုပ်ငန်းများစွာ ရပ်နားထားရတဲ့အတွက် အလုပ်ပြုတ်သူ၊ ဝင်ငွေ မရှိသူများစွာ ရှိနေပါတယ်။ ဒီလို အချိန် အွန်လိုင်းမှာ ဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေက သင့်အတွက် အကျိုးကျေးဇူးများစွာ ရှိမှာပါ။

၁။ ဓါတ်ပုံ ရောင်းပါ။

ဓါတ်ပုံရိုက်တဲ့ ပရော်ဖက်ရှင်နယ် သမားတွေ၊ ဓါတ်ပုံရိုက်ကူးတာ ကျွမ်းကျင်သူတွေအတွက် သင့်ရဲ့ အမိုက်စား ဓါတ်ပုံတွေကို အွန်လိုင်းမှာ ရောင်းချနိုင်ပါတယ်။ သင့်ရဲ့ ဓါတ်ပုံတွေကို မဂ္ဂဇင်း အယ်ဒီတာတွေ၊ ဒီဇိုင်နာတွေနဲ့ ကုမ္ပဏီတွေက ဝယ်ယူကြမှာပါ။ ဒီလို ဓါတ်ပုံရောင်းနိုင်တဲ့ ဝက်ဘ်ဆိုက်တွေကတော့ Shutterstock, Photoshelter နဲ့ Getty Images တို့ ဖြစ်ပါတယ်။

၂။ အင်္ဂလိပ်စာ သင်ကြားပါ။

သင်ဟာ အင်္ဂလိပ်စာ ကျွမ်းကျင်သူဆိုရင် Facebook Group နဲ့ YouTube Channel မှာ အခကြေးငွေနဲ့ သင်ကြားပေးနိုင်ပါတယ်။

၃။ ဝက်ဘ်ဆိုက် ထူထောင်ပါ။

သင့်ရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ဝက်ဘ်ဆိုက်တစ်ခု ထူထောင်ပြီး မျှဝေနိုင်ပါတယ်။ အဲဒီလို လူတွေထဲမှာ Food Blogger တွေ၊ Travel Blogger တွေလည်း ပါဝင်ပါတယ်။ သင့် ဝက်ဘ်ဆိုက် လူကြည့်များလာတာနဲ့အမျှ ဝင်ငွေများလာမှာပါ။

၄။ အွန်လိုင်းကနေ ဈေးရောင်းပါ။

အွန်လိုင်းမှာ ဈေးရောင်းရင်လည်း ဝင်ငွေရရှိနေမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းဖို့အတွက် Facebook နဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုနိုင်ပါတယ်။ သင့်မှာ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ငွေကြေး မတတ်နိုင်ရင်လည်း အရင်း မစိုက်ရဘဲ တခြားသူတွေဆီက ပစ္စည်းတွေကို အွန်လိုင်းမှာ ရောင်းနိုင်ပါတယ်။၅။ ဘာသာပြန်သူ အဖြစ် လုပ်ကိုင်ပါ။

သင်ဟာ မိခင် ဘာသာစကား အပြင် တခြား ဘာသာစကားတွေကို တတ်ကျွမ်းရင် ဘာသာပြန်သူ အဖြစ် အွန်လိုင်းကနေ ဝင်ငွေရှာနိုင်ပါတယ်။ Facebook ရဲ့ Jobs ကနေ ဘာသာပြန် အလုပ်ခေါ်ယူနေတာတွေလည်း တွေ့နေရပါတယ်။ ဘာသာပြန်ပေးသူတွေနဲ့ အလုပ်ခေါ်သူတွေကို ချိတ်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်များစွာ ရှိတဲ့အထဲက Welocalize က နာမည်ကြီးပါတယ်။

၆။ စာစီစာရိုက် အလုပ်လုပ်ပါ။

သင်ဟာ စာစီစာရိုက် ကျွမ်းကျင် မြန်ဆန်သူ တစ်ယောက်ဆိုရင် အွန်လိုင်းမှာ ဝင်ငွေ ရှာနိုင်ပါတယ်။ ဒီလို စာစီစာရိုက်သမားတွေကို အလုပ်အကိုင်ပေးနေတဲ့ နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုက Rev.com ဖြစ်ပါတယ်။

၇။ စာသင်ပေးပါ။

သင်ဟာ စာသင်တဲ့ ဆရာ၊ ဆရာမ တစ်ယောက်ဆိုရင် အွန်လိုင်းမှာ ဝင်ငွေရှာနိုင်ပါတယ်။ ဒီလို စာသင်နိုင်ဖို့ Facebook Group , Zoom တို့လို Tools တွေကို အသုံးချနိုင်ပါတယ်။

၈။ Audiobook Narrator အဖြစ် လုပ်ကိုင်ပါ။

အခုဆိုရင် Ebook များစွာ ထွက်ပေါ်လာပါပြီ။ ဒါပေမယ့် Ebook ဖတ်ချိန်မရသူတွေ၊ ဖတ်ဖို့ပျင်းသူတွေရှိနေပါတယ်။ အဲဒီအတွက် Audiobook တွေ ပေါ်ပေါက်လာသလို Audiobook Narrator အလုပ်တွေ ပေါ်ပေါက်လာပါပြီ။

၉။ Internet Research နဲ့ Survey တွေ ပြုလုပ်ပါ။

နောက်ထပ် ဝင်ငွေရမယ့် အလုပ်ကတော့ Internet Research ဖြစ်ပါတယ်။ Qmee ဝက်ဘ်ဆိုက်မှာ အဲဒီ အလုပ်ကိုလုပ်နိုင်ပြီး အဲဒီက Search Result ကို နှိပ်လိုက်တာနဲ့ သင်ဝင်ငွေရမှာပါ။ Qmee မှာ Survey တွေ ဖြေဆိုရင်လည်း ငွေကြေးရနိုင်ပါတယ်။ တခြား Survey ဝက်ဘ်ဆိုက်တွေက SurveyBods, Survey Junkie နဲ့ Valued Opinions တို့ ဖြစ်ပါတယ်။

Ref : forbes