အသက် ၁၉ နှစ်အရွယ် Hacker ၁ ယောက်ဟာ နိုင်ငံပေါင်း ၁၃ ခုကျော်က Tesla ကား ၂၅ စီးကျော်ကို Hack ထားပြီး အဝေးကနေ ကား တံခါး၊ ပြတင်းပေါက်၊ ရေဒီယို၊ အရှေ့မီးတွေကို ဖွင့်နိုင်ကာ အင်ဂျင်ကိုတောင် နှိုးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီလူငယ်က ဂျာမနီမှာ နေထိုင်တဲ့ David Colombo ဖြစ်ပြီး  IT ပညာရှင် ၁ ယောက် ဖြစ်ပါတယ်။ သူက ကားရဲ့ Anti-theft စနစ်ကို ပိတ်နိုင်ပြီး ကားထဲမှာ လူရှိသလားဆိုတာလည်း သိနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က သူ တင်ခဲ့တဲ့ Tweet မှာ ကား ၁ စီးလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်လို့ ပြောပေမယ့် နောက်ပိုင်းမှာတော့ ကားရဲ့ စတီယာရင်၊ လီဗာနဲ့ ဘရိတ်တွေကို မထိန်းချုပ်နိုင်ဘူးလို့ ရှင်းလင်းပြောပြခဲ့ပါတယ်။ သူ့ရဲ့ Tweet မှာ မူလကတော့ နိုင်ငံ ၁၀ ခုက Tesla ကား အစီးရေ ၂၀ ကို Hack ထားတယ်လို့ ရေးသားထားပေမယ့် နောက်ပိုင်း ကွန်းမန့်တွေမှာတော့ နိုင်ငံ ၁၃ ခုက Tesla ကား ၂၅ စီးကျော်အထိ Hack ထားတယ်လို့ ဖော်ပြထားပါတယ်။ သူက ကားပိုင်ရှင်တွေကို ဆက်သွယ်လို့ မရဘူးလို့ ပြောပါတယ်။

David Colombo claims to have hacked into at least 25 Tesla vehicles in 13 different countries.

Colombo ရဲ့ Twitter က ပို့စ်ဟာ နာမည်ကြီးသွားပြီး Reaction ၆,၆၀၀ ၊ Share ၁,၃၀၀ နဲ့ Responses ၃၀၀ ကျော်ရခဲ့ပါတယ်။ သူ့ရဲ့ LinkedIn Page အရ Colombo ဟာ ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူ ဖြစ်ပြီး အသက် ၁၀ နှစ်မှာ Code စတင် ရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က စီးပွားရေး လုပ်ငန်းတွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Colombo က ကားတွေရဲ့ လုံခြုံရေး ဟာကွက်ဟာ Tesla ကြောင့် မဟုတ်ဘဲ ကား ပိုင်ရှင်တွေရဲ့ အမှား ဖြစ်ကြောင်း Twitter မှာ ပို့စ်တင်ခဲ့ပါတယ်။ Tesla က အရာရှိတွေဟာ အင်္ဂါနေ့မှာ သူ့ကို ဆက်သွယ်ခဲ့ပြီး အဲဒီကိစ္စကို စုံစမ်းနေပါတယ်။

Ref : nypost