ကျွန်တော်တို့ဟာ iOS 12 ကို နောက်တစ်ပတ်မှာ ကျင်းပမယ့် Apple ရဲ့ WWDC 2018 မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် iOS 11 ဟာ သူ့ရဲ့ နောက်ဆုံး Update Version ဖြစ်တဲ့ iOS 11.4 ကို မနေ့က ထုတ်ဖော်ပြသသွားပါတယ်။

Source: TimeTravellerWiki.com

iOS 11.4 ဟာ ပြီးခဲ့တဲ့နှစ် WWDC event တုန်းကကြေညာခဲ့တဲ့ Messages in the Cloud နဲ့ AirPlay 2 ကို iPhone နဲ့ iPad မှာ သုံးလို့ရအောင် တရားဝင် လုပ်ပေးလိုက်ပါပြီ။ ဒီ Feature ၂ ခုဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်တည်းက Tease လုပ်ထားပြီး အခု iOS 12 မထွက်ခင် တစ်ပတ်အလိုကျမှ User တွေဆီကို ရောက်လာတာပါ။ AirPlay 2 Feature ကတော့ Multi-Room နဲ့ Stereo HomePod Support ပါလာပြီး Google Cast နဲ့ Amazon Alexa တို့နဲ့ဆင်ပါတယ်။

Source: ArsTechnica.com

Messages in the Cloud ကတော့ iOS User တွေအတွက် တကယ် အသုံးဝင်တဲ့ Feature တစ်ခုပါ။ ဒီ Feature က iOS နဲ့ MacOS ကိုသုံးထားတဲ့ Apple Device မှန်သမျှရဲ့ iMessages တွေကို Sync လုပ်ပေးမှာ ဖြစ်ပါတယ်။ iMessage တွေအားလုံးဟာ iCloud ထဲမှာ ရှိနေမှာ ဖြစ်ပြီး Device မှာ Delete လိုက်ခြင်းအားဖြင့် Internal Storage ကို Free Up လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Device တစ်ခုမှာ Delete လိုက်တာနဲ့ တခြား Device တွေမှာပါ Delete လုပ်ပြီးသားဖြစ်မှာပါ။