တရုတ်ပြည်တွင်းမှာ 5G နက်ဝပ် အခြေကျလာတာနဲ့အမျှ စျေးနှုန်းမျိုးစုံနဲ့ 5G ဖုန်းတွေ ထွက်လာခဲ့ပြီး ယနေ့မှာလည်း Realme အမှတ်တံဆိပ်အောက်က မော်ဒယ်နံပါတ် RMX2111 နဲ့ RMX2112 ဆိုတဲ့ ဟန်းဆက်နှစ်မျိူးဟာ တရုတ်ပြည်တွင်း MIIT ရဲ့ အတည်ပြုချက်ရယူခဲ့ပါတယ်။

သူတို့ဖော်ပြထားတဲ့စာရင်းမှာ ဟန်းဆက်နှစ်မျိူးလုံး 5G ချိတ်ဆက်အသုံးပြုနိုင်သလို 30W အားသွင်းစနစ်တွေလည်း အသီးသီး ပါဝင်တာကို တွေ့ရပါတယ်။ ကျန်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် ဒီဖုန်းနှစ်လုံးဟာ Realme ရဲ့ 5G Mid-ranger လိုင်းတစ်ခုခု ဖြစ်မယ်လို့ ယူဆရပါတယ်။

Huawei နဲ့ Vivo တို့လို အခြား တရုတ်ပြည်တွင်း စမတ်ဖုန်းထုတ်လုပ်သူတွေဟာ 5G Midranger အတော်များများ မိတ်ဆက်ခဲ့ပြီးသားဖြစ်ပေမယ့် Realme ကတော့ ဒီအပိုင်းမှာ Realme X50 5G နဲ့ X50m 5G နှစ်မျိူးကိုသာ ပွဲထုတ်ရသေးတာမို့ ထပ်မံဖြည့်စွက်လာတာလို့ ယုံကြည်ရတာပါ။

ဒါ့ကြောင့် လာမယ့်လပိုင်းအတွင်းမှာ မြင်ရနိုင်တဲ့ Realme RMX2111/2112 တို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်စပြုလာတဲ့ 5G Midrange စျေးကွက်မှာ ဘယ်လိုထူးခြားမှုနဲ့ ဝင်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Ref – PlayfulDroid