Zawgyi

Apple အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ iPhone ေတြျဖစ္တဲ့ iPhone Xs, iPhone Xs Max နဲ႔ LCD အသုံးျပဳ iPhone ေတြကို လာမယ့္ စက္တင္ဘာလ ၁၂ရက္ေန႔မွာ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ၆.၁ လက္မ အ႐ြယ္အစားရွိ LCD iPhone အသစ္ရဲ႕ အခ်က္အလက္ေတြဟာ Slashleaks ရဲ႕ တြစ္တာ စာမ်က္ႏွာကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။

LCD iPhone အသစ္နဲ႔ ပတ္သတ္ၿပီး Slashleaks ရဲ႕ တြစ္တာ စာမ်က္ႏွာရွိ ဓာတ္ပုံေတြအရ အဆိုပါ LCD iPhone ကို Red, Blue နဲ႔ White ဆိုၿပီး အေရာင္ ၃မ်ိဴး ထုတ္လုပ္ထားတာ ေတြ႕ရပါတယ္။ Rose Gold အေရာင္လည္း ထုတ္လုပ္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Dual SIM Tray ကို ထည့္သြင္း တပ္ဆင္ေပးထားတာ ေတြ႕ရၿပီး ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ ကင္မရာ တစ္လုံးတည္း တပ္ဆင္ထားတာကိုလည္း ေတြ႕ရမွာပါ။ Dual SIM Tray ေတြကို ၆.၅လက္မ အ႐ြယ္အစားရွိ iPhone Xs Max မွာလည္း ျမင္ေတြ႕ႏိုင္ဖြယ္ရွိတယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

တစ္ဖက္မွာလည္း Apple iPhone Xs နဲ႔ iPhone Xs Max တို႔ကို OLED Displays ေတြနဲ႔ ျပဳလုပ္ထားႏိုင္ၿပီး ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Dual Camera ေတြကို တပ္ဆင္ထားႏိုင္ေၾကာင္း သုံးသပ္ထားၾကပါတယ္။ ဒါ့အျပင္ ၂၀၁၈ခုႏွစ္ထုတ္ iPhone ေမာ္ဒယ္အားလုံးမွာ True Depth Camera နည္းပညာပါဝင္တဲ့ Face ID လုံၿခဳံေရး စနစ္ကို အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းေတြ အေနနဲ႔ iPhone Xs ကို ယူ႐ို ၉၀၉ (ျမန္မာေငြ ၁၆သိန္း ဝန္းက်င္), iPhone Xs Max ကို ယူ႐ို ၁၁၄၉ (ျမန္မာေငြ သိန္း ၂၀ ဝန္းက်င္), LCD အသုံးျပဳ iPhone အသစ္ကို ယူ႐ို ၇၉၉ (ျမန္မာေငြ ၁၄သိန္း ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။

Ref:indianexpress

Unicode

အရောင် ၄ရောင်၊ Dual SIM Tray တွေနဲ့ ပွဲထွက်လာနိုင်တဲ့ LCD သုံး iPhone အသစ်များ

Apple အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် iPhone တွေဖြစ်တဲ့ iPhone Xs, iPhone Xs Max နဲ့ LCD အသုံးပြု iPhone တွေကို လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ၆.၁ လက်မ အရွယ်အစားရှိ LCD iPhone အသစ်ရဲ့ အချက်အလက်တွေဟာ Slashleaks ရဲ့ တွစ်တာ စာမျက်နှာကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။

LCD iPhone အသစ်နဲ့ ပတ်သတ်ပြီး Slashleaks ရဲ့ တွစ်တာ စာမျက်နှာရှိ ဓာတ်ပုံတွေအရ အဆိုပါ LCD iPhone ကို Red, Blue နဲ့ White ဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Rose Gold အရောင်လည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Dual SIM Tray ကို ထည့်သွင်း တပ်ဆင်ပေးထားတာ တွေ့ရပြီး နောက်ကျောဘက် ကင်မရာအပိုင်းအတွက် ကင်မရာ တစ်လုံးတည်း တပ်ဆင်ထားတာကိုလည်း တွေ့ရမှာပါ။ Dual SIM Tray တွေကို ၆.၅လက်မ အရွယ်အစားရှိ iPhone Xs Max မှာလည်း မြင်တွေ့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

တစ်ဖက်မှာလည်း Apple iPhone Xs နဲ့ iPhone Xs Max တို့ကို OLED Displays တွေနဲ့ ပြုလုပ်ထားနိုင်ပြီး နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Dual Camera တွေကို တပ်ဆင်ထားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်ထုတ် iPhone မော်ဒယ်အားလုံးမှာ True Depth Camera နည်းပညာပါဝင်တဲ့ Face ID လုံခြုံရေး စနစ်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းတွေ အနေနဲ့ iPhone Xs ကို ယူရို ၉၀၉ (မြန်မာငွေ ၁၆သိန်း ဝန်းကျင်), iPhone Xs Max ကို ယူရို ၁၁၄၉ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်), LCD အသုံးပြု iPhone အသစ်ကို ယူရို ၇၉၉ (မြန်မာငွေ ၁၄သိန်း ဝန်းကျင်) ကျသင့်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။

Ref:indianexpress