[Zawgyi]

ဒီေန႔ ၾကားသိလိုက္ရတဲ့ သတင္းအရဆိုရင္ ကင္မရာ ၃လုံးတပ္ဆင္ထားမွာက iPhone 11 ေတြတင္ မဟုတ္ေတာ့ပါဘူး။ မ်ိဴးဆက္သစ္ iPad Pro ေတြမွာလည္း iPhone 11 လိုမ်ိဴး ကင္မရာ ဒီဇိုင္းကို တပ္ဆင္ထားႏိုင္ပါတယ္။

Macotakara ကေန ထြက္ေပၚလာတဲ့ သတင္းေတြအရ 2019 iPad Pro ေတြဟာ ကင္မရာ ၃လုံးနဲ႔ ပြဲထြက္လာႏိုင္တယ္လို႔ သိရပါတယ္။ လက္ရွိ iPad Pro ေတြမွာ 12MP Single-lens တမ်ိဴးသာ တပ္ဆင္အသုံးျပဳထားတာျဖစ္တဲ့အတြက္ ဒါဟာ ႀကီးမားတဲ့ အေ႐ြ႕အေျပာင္း တစ္ခုလို႔ ေျပာႏိုင္ပါတယ္။ ဒါ့အျပင္ လက္ရွိ iPad Pro ေတြရဲ႕ ေက်ာဘက္ကင္မရာဟာ Portrait Mode ကို ေထာက္ပံ့ေပးႏိုင္ျခင္း မရွိေသးပါဘူး။ 2019 iPad Pro ေတြမွာ ကင္မရာ ၃လုံး တကယ္တပ္ဆင္ထားမယ္ဆိုရင္ေတာ့ Portrait Mode အျပင္ Augmented Reality (AR) feature ေတြကိုပါ အသုံးျပဳႏိုင္မွာပါ။

iPad Pro 2018

Pro ေမာ္ဒယ္ေတြမွာ ကင္မရာ ၃လုံး တပ္ဆင္ထားႏိုင္ေပမယ့္ သာမန္ 10.2” iPad ေမာ္ဒယ္မွာေတာ့ ကင္မရာ ၂လုံးသာ တပ္ဆင္ထားမယ္လို႔ ေကာလဟလသတင္းေတြအရ သိရပါတယ္။ ဒါ့အျပင္ 10.2” iPad ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ 9.7” iPad ေတြရဲ႕ မ်ိဴးဆက္သစ္ေမာ္ဒယ္ျဖစ္လာႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းေျပာဆိုထားၾကပါေသးတယ္။ ဒီႏွစ္အေစာပိုင္းတုန္းက မိတ္ဆက္ခဲ့တဲ့ 10.5” iPad Air ထြက္ရွိကတည္းက Apple အေနနဲ႔ 10.2” ေမာ္ဒယ္ကို ထုတ္လုပ္ေနေၾကာင္း သတင္းေတြထြက္ေပၚေနတာ ျဖစ္ပါတယ္။

Ref : 9To5Mac

[Unicode]

iPhone 11 တွေလိုမျိူး ကင်မရာဒီဇိုင်းနဲ့ ပွဲထွက်လာနိုင်တဲ့ 2019 iPad Pro

ဒီနေ့ ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင် ကင်မရာ ၃လုံးတပ်ဆင်ထားမှာက iPhone 11 တွေတင် မဟုတ်တော့ပါဘူး။ မျိူးဆက်သစ် iPad Pro တွေမှာလည်း iPhone 11 လိုမျိူး ကင်မရာ ဒီဇိုင်းကို တပ်ဆင်ထားနိုင်ပါတယ်။

Macotakara ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ 2019 iPad Pro တွေဟာ ကင်မရာ ၃လုံးနဲ့ ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ iPad Pro တွေမှာ 12MP Single-lens တမျိူးသာ တပ်ဆင်အသုံးပြုထားတာဖြစ်တဲ့အတွက် ဒါဟာ ကြီးမားတဲ့ အရွေ့အပြောင်း တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိ iPad Pro တွေရဲ့ ကျောဘက်ကင်မရာဟာ Portrait Mode ကို ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပါဘူး။ 2019 iPad Pro တွေမှာ ကင်မရာ ၃လုံး တကယ်တပ်ဆင်ထားမယ်ဆိုရင်တော့ Portrait Mode အပြင် Augmented Reality (AR) feature တွေကိုပါ အသုံးပြုနိုင်မှာပါ။

iPad Pro 2018

Pro မော်ဒယ်တွေမှာ ကင်မရာ ၃လုံး တပ်ဆင်ထားနိုင်ပေမယ့် သာမန် 10.2” iPad မော်ဒယ်မှာတော့ ကင်မရာ ၂လုံးသာ တပ်ဆင်ထားမယ်လို့ ကောလဟလသတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် 10.2” iPad ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ 9.7” iPad တွေရဲ့ မျိူးဆက်သစ်မော်ဒယ်ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါသေးတယ်။ ဒီနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ 10.5” iPad Air ထွက်ရှိကတည်းက Apple အနေနဲ့ 10.2” မော်ဒယ်ကို ထုတ်လုပ်နေကြောင်း သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Ref : 9To5Mac