[Zawgyi]

ETNews က ေဖာ္ျပတဲ့ သတင္းအရ Samsung ဟာ သူတို႔ရဲ႕ Display နည္းပညာလွ်ိဳ႕ဝွက္ခ်က္အခ်ိဳ႕ကို Apple ဆီ ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ ၾကားသိရတာကေတာ့ Apple အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးေပၚအျဖစ္ ထြက္ရွိလာမယ့္ ၂၀၁၉ iPhone ေတြမွာ Y-OCTA Samsung Display ကို အသုံးျပဳမယ္ဆိုတာပါပဲ။ အဲဒီ Display ဟာ လက္ရွိအခ်ိန္မွာ Samsung Galaxy S9 နဲ႔ Galaxy S9 Plus ေတြမွာ အသုံးျပဳထားတာပဲ ျဖစ္ပါတယ္။

Samsung က Apple ဆီ Display နည္းပညာေရာင္းခ်တာက ဒါဟာ ပထမဆုံးအႀကိမ္ေတာ့ မဆိုႏိုင္ပါဘူး။ (iPhone အေတာ္မ်ားမ်ားမွာ Samsung Display ေတြသုံးထားပါတယ္) Y-OCTA Samsung Display ကို တျခားကုမၸဏီဆီ ေရာင္းခ်တာကလည္း ဒါဟာ ပထမဆုံးအႀကိမ္ မဟုတ္ျပန္ပါဘူး။ Oppo ရဲ႕ Find X မွာ Samsung Display ကို သုံးထားပါတယ္။

ဒါေပမယ့္ Samsung က ဒီတစ္ခါေရာင္းမွာက Display မဟုတ္ပါဘူး။ Display Tech ကို ေရာင္းမွာ ျဖစ္ပါတယ္။ ဒါကေတာ့ Samsung အေနနဲ႔ ပထမဆုံးအႀကိမ္အျဖစ္ Y-OCTA Tech ကို Apple ဆီ ေရာင္းတာ ျဖစ္သြားပါေတာ့တယ္။ Y-OCTA display ေတြမွာ အားသာခ်က္ သုံးခုရွိပါတယ္။ အဲဒါေတြကေတာ့ ပါးလႊာတယ္၊ ေပါ့ပါးတယ္။ ၿပီးေတာ့ သာမန္ Display ေတြထက္ ထုတ္လုပ္မႈစရိတ္ သက္သာတာပဲ ျဖစ္ပါတယ္။

Y-OCTA Samsung Display ေတြ ပါးလႊာေပါ့ပါးရတဲ့ အဓိကအခ်က္က Touch-Sensitive Layer ေတြက Display ထဲမွာ ထည့္သြင္းထားလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သမား႐ိုးက် Display ေတြလို Layer ေတြ မ်ားမေနေတာ့ဘဲ ပါးလႊာေပါ့ပါး သြားရျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းကလည္း ပိုပါးလႊာၿပီး ပိုေပါ့ပါးသြားရျခင္း ျဖစ္ပါတယ္။

Samsung အေနနဲ႔ ဒီလိုမ်ိဳး နည္းပညာကို ေရာင္းခ်လိုက္ျခင္းက Apple နဲ႔ လက္တြဲလုပ္ေဆာင္မႈကို ထိန္းသိမ္းထားလိုတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Apple က Samsung တစ္ဦးတည္းကို မွီခိုအားထားတာထက္ တျခား ထုတ္လုပ္မႈလုပ္ငန္းႀကီးေတြနဲ႔ မိတ္ဖက္ျဖစ္ဖို႔ကိုလည္း ႀကိဳးစားေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ Samsung ရဲ႕ နည္းပညာေရာင္းခ်မႈက ကုမၸဏီႏွစ္ခုၾကား ေရရွည္ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္တာျဖစ္ႏိုင္ပါတယ္။

Ref: Android Authority

[Unicode]

ETNews က ဖော်ပြတဲ့ သတင်းအရ Samsung ဟာ သူတို့ရဲ့ Display နည်းပညာလျှို့ဝှက်ချက်အချို့ကို Apple ဆီ ရောင်းချတော့မယ်လို့ သိရပါတယ်။ ကြားသိရတာကတော့ Apple အနေနဲ့ သူတို့ရဲ့ နောက်ဆုံးပေါ်အဖြစ် ထွက်ရှိလာမယ့် ၂၀၁၉ iPhone တွေမှာ Y-OCTA Samsung display ကို အသုံးပြုမယ်ဆိုတာပါပဲ။ အဲဒီ Diasplay ဟာ လက်ရှိအချိန်မှာ Samsung Galaxy S9 နဲ့ Galaxy S9 Plus တွေမှာ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

Samsung က Apple ဆီ Display နည်းပညာရောင်းချတာက ဒါဟာ ပထမဆုံးအကြိမ်တော့ မဆိုနိုင်ပါဘူး။ (iPhone အတော်များများမှာ Samsung Display တွေသုံးထားပါတယ်)  Y-OCTA Samsung Display ကို တခြားကုမ္ပဏီဆီ ရောင်းချတာကလည်း ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပြန်ပါဘူး။ Oppo ရဲ့ Find X မှာ Samsung Dispaly ကို သုံးထားပါတယ်။

ဒါပေမယ့် Samsung က ဒီတစ်ခါရောင်းမှာက Display မဟုတ်ပါဘူး။ Display Tech ကို ရောင်းမှာ ဖြစ်ပါတယ်။ ဒါကတော့ Samsung အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် Y-OCTA Tech ကို Apple ဆီ ရောင်းတာ ဖြစ်သွားပါတော့တယ်။ Y-OCTA Display တွေမှာ အားသာချက် သုံးခုရှိပါတယ်။ အဲဒါတွေကတော့ ပါးလွှာတယ်၊ ပေါ့ပါးတယ်။ ပြီးတော့ သာမန် Display တွေထက် ထုတ်လုပ်မှုစရိတ် သက်သာတာပဲ ဖြစ်ပါတယ်။

Y-OCTA Samsung display တွေ ပါးလွှာပေါ့ပါးရတဲ့ အဓိကအချက်က Touch-Sensitive Layer တွေက Display ထဲမှာ ထည့်သွင်းထားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမားရိုးကျ Display တွေလို Layer တွေ များမနေတော့ဘဲ ပါးလွှာပေါ့ပါး သွားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းကလည်း ပိုပါးလွှာပြီး ပိုပေါ့ပါးသွားရခြင်း ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီလိုမျိုး နည်းပညာကို ရောင်းချလိုက်ခြင်းက Apple နဲ့ လက်တွဲလုပ်ဆောင်မှုကို ထိန်းသိမ်းထားလိုတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple က Samsung တစ်ဦးတည်းကို မှီခိုအားထားတာထက် တခြား ထုတ်လုပ်မှုလုပ်ငန်းကြီးတွေနဲ့ မိတ်ဖက်ဖြစ်ဖို့ကိုလည်း ကြိုးစားနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် SamSung ရဲ့ နည်းပညာရောင်းချမှုက ကုမ္ပဏီနှစ်ခုကြား ရေရှည်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာဖြစ်နိုင်ပါတယ်။

Ref: Android Authority