[Zawgyi]

Apple ရဲ႕ ဒီႏွစ္ ၂၀၁၉မွာ ထုတ္လုပ္မယ့္ မ်ိဳးဆက္သစ္ iPhone ေတြမွာ ဖုန္းအခ်င္းခ်င္းျပန္လည္ အားျဖည့္သြင္းႏိုင္တဲ့ Reverse Wireless Charging စနစ္ပါဝင္လာေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေန ပါတယ္။5G ကြန္ယက္အေၾကာင္း ဂယက္ေတြထေနခ်ိန္၊ စမတ္ဖုန္းေတြရဲ႕ ေဘးေဘာင္ေတြကို ေသးႏိုင္သမွ် ေသးအာင္ အျပိဳင္အဆိုင္လုပ္ေနၾကခ်ိန္မွာ ပိုျပီးစိတ္ဝင္စားစရာေကာင္းတဲ့ ဖုန္းအခ်င္းခ်င္း ျပန္လည္ အားသြင္းႏိုင္တဲ့ နည္းပညာဟာလည္း စမတ္ဖုန္းေလာကထဲမွာ ျပီးခဲတဲ့ႏွစ္ကတည္းက ေရပန္းစားေနခဲ့တာပါ။ ကိုယ့္ရဲ႕ ဖုန္းကို Power Bank တစ္လံုးလို အသံုးျပဳႏိုင္ေစမယ့္ ဒီနည္းပညာဟာ Huawei ရဲ႕ Mate 20 Pro နဲ႔ P30 Pro တို႔မွာ ပါဝင္ခဲ့ျပီး Samsung ကလည္း သူ႔ရဲ႕ အသစ္စက္စက္ S10 မွာထည့္သြင္းေပးထားပါတယ္။ ဒီႏွစ္မွာေတာ့ Apple ကလည္း ဒီနည္းပညာ ေရစီးေၾကာင္းထဲကို စီးေမွ်ာလုိက္ပါဖို႔အတြက္ အသင့္ျဖစ္ေနျပီလို႔ ုယူဆရပါတယ္။

ထင္ရွားတဲ့ Apple ေလ့လာသူ Ming-Chi Kuo ရဲ႕ ေျပာၾကားခ်က္တစ္ခုအရ Apple အေနနဲ႔ လာမယ့္ ၂၀၁၉ ခုႏွစ္ထဲမွာ ထုတ္လုပ္မယ့္ မ်ိဳးဆက္သစ္ iPhone ေတြမွာ ဒီနည္းပညာကို ထည့္သြင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီနည္းပညာသာ ပါဝင္လာမယ္ဆိုရင္ iPhone အသစ္ေတြဟာ တစ္ျခား iPhone ေတြကို အားျပန္သြင္းေပးႏိုင္ေတာ့မွာျဖစ္သလို၊ ၾကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ AirPods အသစ္ကိုလည္း အားသြင္းေပးႏိုင္မွာျဖစ္တဲ့အျပင္ တစ္ျခား Qi ၾကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ ဖုန္းေတြကိုလည္း အားသြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း iPhone မဟုတ္တဲ့ တစ္ျခားဖုန္းကိုေတြကို အားသြင္းရာမွာေတာ့ အနည္းငယ္ေႏွးမယ္လို႔ ယူဆရပါတယ္။

Kuo ရဲ႕ ေျပာၾကားခ်က္အရ ထိုင္ဝမ္ကုမၸဏီ တစ္ခုျဖစ္တဲ့ Compeq နဲ႔ STMirco တို႔ဆီကေန ဒီႏွစ္ထဲမွာထြက္ရွိလာမယ့္ iPhone အသစ္ေတြအတြက္ Battery နဲ႔ ပတ္သတ္တဲ့ပစၥည္းေတြ သံုးစြဲမယ္လို႔ သိရပါတယ္။ဒါေၾကာင့္ iPhone အသစ္ေတြရဲ႕ Battery သိုေလွာင္ႏိုင္မွဳစြမ္းအားေတြဟာ ျမင့္တက္လာဖြယ္ရွိျပီး iPhone Xs Max ေနရာကို ဆက္ခံမယ့္ iPhone က ၁၀ရာခိုင္ႏွဳန္းကေန ၁၅ ရာခိုင္ႏွဳန္း၊ iPhone Xs ေနရာမွာ ဆက္ခံမယ့္ iPhone အသစ္က ၂၀ ရာခိုင္ႏွဳန္းကေန ၂၅ ရာခိုင္ႏွဳန္းနဲ႔ iPhone XR ေနရာမွာ ဝင္ေရာက္မယ့္ ဖုန္းကေတာ့ ၅ရာခိုင္းႏွဳန္းေလာက္ထိ ပိုမိုၾကီးမားတဲ့ Battery ပါဝင္လာႏိုင္မယ့္ သိရပါတယ္။

Source : Gsmarena

[Unicode]

Apple ရဲ့ ဒီနှစ် ၂၀၁၉မှာ ထုတ်လုပ်မယ့် မျိုးဆက်သစ် iPhone တွေမှာ ဖုန်းအချင်းချင်းပြန်လည် အားဖြည့်သွင်းနိုင်တဲ့ Reverse Wireless Charging စနစ်ပါဝင်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေ ပါတယ်။5G ကွန်ယက်အကြောင်း ဂယက်တွေထနေချိန်၊ စမတ်ဖုန်းတွေရဲ့ ဘေးဘောင်တွေကို သေးနိုင်သမျှ သေးအာင် အပြိုင်အဆိုင်လုပ်နေကြချိန်မှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းအချင်းချင်း ပြန်လည် အားသွင်းနိုင်တဲ့ နည်းပညာဟာလည်း စမတ်ဖုန်းလောကထဲမှာ ပြီးခဲတဲ့နှစ်ကတည်းက ရေပန်းစားနေခဲ့တာပါ။ ကိုယ့်ရဲ့ ဖုန်းကို Power Bank တစ်လုံးလို အသုံးပြုနိုင်စေမယ့် ဒီနည်းပညာဟာ Huawei ရဲ့ Mate 20 Pro နဲ့ P30 Pro တို့မှာ ပါဝင်ခဲ့ပြီး Samsung ကလည်း သူ့ရဲ့ အသစ်စက်စက် S10 မှာထည့်သွင်းပေးထားပါတယ်။ ဒီနှစ်မှာတော့ Apple ကလည်း ဒီနည်းပညာ ရေစီးကြောင်းထဲကို စီးမျှော်လိုက်ပါဖို့အတွက် အသင့်ဖြစ်နေပြီလို့ ုယူဆရပါတယ်။

ထင်ရှားတဲ့ Apple လေ့လာသူ Ming-Chi Kuo ရဲ့ ပြောကြားချက်တစ်ခုအရ Apple အနေနဲ့ လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ ထုတ်လုပ်မယ့် မျိုးဆက်သစ် iPhone တွေမှာ ဒီနည်းပညာကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနည်းပညာသာ ပါဝင်လာမယ်ဆိုရင် iPhone အသစ်တွေဟာ တစ်ခြား iPhone တွေကို အားပြန်သွင်းပေးနိုင်တော့မှာဖြစ်သလို၊ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ AirPods အသစ်ကိုလည်း အားသွင်းပေးနိုင်မှာဖြစ်တဲ့အပြင် တစ်ခြား Qi ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ ဖုန်းတွေကိုလည်း အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း iPhone မဟုတ်တဲ့ တစ်ခြားဖုန်းကိုတွေကို အားသွင်းရာမှာတော့ အနည်းငယ်နှေးမယ်လို့ ယူဆရပါတယ်။

Kuo ရဲ့ ပြောကြားချက်အရ ထိုင်ဝမ်ကုပဏ္ဏီ တစ်ခုဖြစ်တဲ့ Compeq နဲ့ STMirco တို့ဆီကနေ ဒီနှစ်ထဲမှာထွက်ရှိလာမယ့် iPhone အသစ်တွေအတွက် Battery နဲ့ ပတ်သတ်တဲ့ပစ္စည်းတွေ သုံးစွဲမယ်လို့ သိရပါတယ်။ဒါကြောင့် iPhone အသစ်တွေရဲ့ Battery သိုလှောင်နိုင်မှုစွမ်းအားတွေဟာ မြင့်တက်လာဖွယ်ရှိပြီး iPhone Xs Max နေရာကို ဆက်ခံမယ့် iPhone က ၁၀ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ iPhone Xs နေရာမှာ ဆက်ခံမယ့် iPhone အသစ်က ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းနဲ့ iPhone XR နေရာမှာ ဝင်ရောက်မယ့် ဖုန်းကတော့ ၅ရာခိုင်းနှုန်းလောက်ထိ ပိုမိုကြီးမားတဲ့ Battery ပါဝင်လာနိုင်မယ့် သိရပါတယ်။

Source : Gsmarena