[Zawgyi]

Apple အေၾကာင္းကို အစဥ္တစ္စိုက္ ေစာင့္ၾကည့္ေလ့လာေနသူျဖစ္တဲ့ Ming-Chi Kuo ရဲ႕ေဖာ္ျပခ်က္အရ ၂၀၁၉ ထုတ္ iPhone ေတြမွာ လိုင္းဆြဲအားပိုေကာင္းေစဖို႔ ျပင္ဆင္မႈ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ လိုင္းဆြဲအားပိုေကာင္းေစဖို႔အတြက္ Apple ဟာ PI Antenna နည္းပညာ အသစ္ကို အသုံးျပဳမယ္လို႔ ဆိုပါတယ္။

လက္ရွိ 2018 iPhone ေတြျဖစ္တဲ့ iPhone XS, XS Max နဲ႔ XR တို႔ဟာ Liquid Crystal Polymer (LCP) Antenna ေတြကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ LCP ရဲ႕ အားနည္းခ်က္က ျမန္ႏႈန္းျမင့္တဲ့ ဆယ္လူလာထုတ္လႊင့္ျခင္းမွာ ျပႆနာရွိၿပီး ထုတ္လုပ္မႈကုန္က်စရိတ္ကလည္း ပိုမ်ားတယ္လို႔ Kuo က အခိုင္အမာ ေျပာပါတယ္။

ဒါေၾကာင့္ Apple ဟာ လာမယ့္ ၂၀၁၉ ထုတ္ iPhone ေတြမွာေတာ့ LCP အစား အဆင့္ျမႇင့္တင္ထားတဲ့ PI Antenna ေတြကိုပဲ အသုံးျပဳဖို႔ ျပင္ဆင္ေနတာျဖစ္တယ္လို႔ Kuo က ဆိုပါတယ္။ ဒီ PI ယူနစ္ေတြကေတာ့ စြမ္းေဆာင္ရည္ပိုေကာင္းၿပီး ထုတ္လုပ္မႈစရိတ္က ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း 4G LTE အသုံးျပဳသူေတြအတြက္ကေတာ့ PI Antenna သစ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ထူးထူးျခားျခားေျပာင္းလဲသြားတယ္လို႔ သိရွိခံစားႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဘယ္လိုပဲ နည္းပညာေတြတိုးျမႇင့္မႈလုပ္ေနေပမယ့္လည္း Apple အေနနဲ႔ Ultra-wideband upgrade ေတြေၾကာင့္ ထုတ္လုပ္မႈကုန္က်စရိတ္ေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ၁၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာေနတယ္လို႔ Kuo က ေထာက္ျပေျပာဆိုခဲ့ပါတယ္။ Apple အေနနဲ႔ 5G ကိုေျပာင္းလဲၿပီးတဲ့ေနာက္ပိုင္းမွာ LCP antenna ဘက္ကို ျပန္သြားႏိုင္ဖြယ္ ရွိတယ္လို႔လည္း Kuo က သုံးသပ္ခဲ့ပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone တွေမှာ လိုင်းဆွဲအား ပိုကောင်းစေမယ့် အင်တင်နာနည်းပညာသစ်သုံးမယ့် Apple

Apple အကြောင်းကို အစဉ်တစ်စိုက် စောင့်ကြည့်လေ့လာနေသူဖြစ်တဲ့ Ming-Chi Kuo ရဲ့ဖော်ပြချက်အရ ၂၀၁၉ ထုတ် iPhone တွေမှာ လိုင်းဆွဲအားပိုကောင်းစေဖို့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။ လိုင်းဆွဲအားပိုကောင်းစေဖို့အတွက် Apple ဟာ PI Antenna နည်းပညာ အသစ်ကို အသုံးပြုမယ်လို့ ဆိုပါတယ်။

လက်ရှိ 2018 iPhone တွေဖြစ်တဲ့ iPhone XS, XS Max နဲ့ XR တို့ဟာ Liquid Crystal Polymer (LCP) Antenna တွေကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ LCP ရဲ့ အားနည်းချက်က မြန်နှုန်းမြင့်တဲ့ ဆယ်လူလာထုတ်လွှင့်ခြင်းမှာ ပြဿနာရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း ပိုများတယ်လို့ Kuo က အခိုင်အမာ ပြောပါတယ်။

ဒါကြောင့် Apple ဟာ လာမယ့် ၂၀၁၉ ထုတ် iPhone တွေမှာတော့ LCP အစား အဆင့်မြှင့်တင်ထားတဲ့ PI Antenna တွေကိုပဲ အသုံးပြုဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ Kuo က ဆိုပါတယ်။ ဒီ PI ယူနစ်တွေကတော့ စွမ်းဆောင်ရည်ပိုကောင်းပြီး ထုတ်လုပ်မှုစရိတ်က လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း 4G LTE အသုံးပြုသူတွေအတွက်ကတော့ PI Antenna သစ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ထူးထူးခြားခြားပြောင်းလဲသွားတယ်လို့ သိရှိခံစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲ နည်းပညာတွေတိုးမြှင့်မှုလုပ်နေပေမယ့်လည်း Apple အနေနဲ့ Ultra-wideband upgrade တွေကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာနေတယ်လို့ Kuo က ထောက်ပြပြောဆိုခဲ့ပါတယ်။ Apple အနေနဲ့ 5G ကိုပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ LCP antenna ဘက်ကို ပြန်သွားနိုင်ဖွယ် ရှိတယ်လို့လည်း Kuo က သုံးသပ်ခဲ့ပါတယ်။

Ref: GSMArena