[Zawgyi]

ေဖေဖာ္ဝါရီလနဲ႔ မတ္လထဲမွာ ထြက္ေပၚလာတဲ့ သတင္းေတြကို အေျခခံထားတဲ့ သုံးသပ္ခ်က္တစ္ခုက ၂၀၁၉ ထုတ္ Apple ရဲ႕ iPhone သုံးမ်ိဳးလုံးမွာ Wireless charging စနစ္ ပါဝင္လာမယ္ဆိုတာပါပဲ။ ဒီသုံးသပ္ခ်က္ကိုေတာ့ Apple ကို အဓိကေလ့လာသုံးသပ္ေနတဲ့ Ming-Chi Kuo က ေျပာဆိုလိုက္ျခင္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက Apple ရဲ႕ iPhone သစ္ေတြမွာ ေက်ာဘက္ကင္မရာ သုံးလုံး ပါဝင္လာမယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။ ဒါဟာ ၂၀၁၉ iPhone ေတြရဲ႕ သိသာထင္ရွားတဲ့ ေျပာင္းလဲမႈလို႔လည္း ဆိုႏိုင္ပါတယ္။ ၂၀၁၉ စမတ္ဖုန္း ႀကိဳးဝိုင္းထဲကို ဝင္လာမယ္ဆိုရင္ေတာ့ ေက်ာဘက္ကင္မရာ အဆင့္ျမႇင့္တင္တာေလာက္နဲ႔ မရေတာ့ပါဘူး။ အျခားအဆင့္ျမႇင့္တင္စရာေတြ အေျမာက္အမ်ား ရွိေနပါေသးတယ္။

Wireless charging စနစ္ပါဝင္လာမယ္ဆိုတဲ့ သတင္းနဲ႔အတူ ထြက္ေပၚလာတာက iPhone သစ္ေတြမွာ ပိုၿပီး ႀကီးမားတဲ့ ဘက္ထရီေတြကို အသုံးျပဳမယ္ဆိုတာပါပဲ။ ၂၀၁၉ Flagship တိုင္းလိုလိုမွာ Wireless Charging နဲ႔ 4,000mAh ဝန္းက်င္ ဘက္ထရီေတြက မပါမျဖစ္လို ျဖစ္ေနတဲ့အတြက္ Apple လည္း သူတို႔ရဲ႕ ထုတ္ကုန္ေတြအတြက္ ဒီလိုအဆင့္ျမႇင့္တင္မႈေတြကို မျဖစ္မေနလုပ္ရေတာ့မွာပါ။

iPhone XS Max ရဲ႕ ဘက္ထရီပမာဏဟာ 3,174mAh သာ ျဖစ္တဲ့အတြက္ iPhone သစ္ေတြမွာ ဘယ္ေလာက္ထိ တိုးျမင့္သြားႏိုင္လဲဆိုတဲ့ ေမးခြန္းက စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။ Kuo ကေတာ့ Apple အေနနဲ႔ မ်ိဳးဆက္သစ္ iPhone ေတြမွာ အျမင့္ဆုံးအျဖစ္ 3,491mAh ကေန 3,650mAh ၾကား ပမာဏထိပဲ တိုးျမႇင့္လာႏိုင္ဖြယ္ ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။ တကယ္တမ္းသာ ဒီပမာဏအတိုင္းပဲ တိုးျမႇင့္လာမယ္ဆိုရင္ေတာ့ သိပ္ေပ်ာ္ဖို႔ ေကာင္းမွာ မဟုတ္ပါဘူး။

Fast Charger ပိုင္းနဲ႔ ပတ္သက္ၿပီး အေသးစိတ္ မသိရေပမယ့္ Ming-Chi Kuo ကေတာ့ Apple ရဲ႕ ၂၀၁၉ iPhone ေတြဟာ 18W USB-C charger ေတြနဲ႔ တြဲဖက္ထြက္ေပၚလာဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ၂၀၁၉ iPhone သစ္ေတြမွာ USB Type-C Port ေတြ သုံးလာေတာ့မယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

၂၀၁၉ iPhone တွေမှာ ဘာတွေ ပိုကောင်းလာနိုင်မလဲ

ဖေဖော်ဝါရီလနဲ့ မတ်လထဲမှာ ထွက်ပေါ်လာတဲ့ သတင်းတွေကို အခြေခံထားတဲ့ သုံးသပ်ချက်တစ်ခုက ၂၀၁၉ ထုတ် Apple ရဲ့ iPhone သုံးမျိုးလုံးမှာ Wireless charging စနစ် ပါဝင်လာမယ်ဆိုတာပါပဲ။ ဒီသုံးသပ်ချက်ကိုတော့ Apple ကို အဓိကလေ့လာသုံးသပ်နေတဲ့ Ming-Chi Kuo က ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက Apple ရဲ့ iPhone သစ်တွေမှာ ကျောဘက်ကင်မရာ သုံးလုံး ပါဝင်လာမယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၉ iPhone တွေရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုလို့လည်း ဆိုနိုင်ပါတယ်။ ၂၀၁၉ စမတ်ဖုန်း ကြိုးဝိုင်းထဲကို ဝင်လာမယ်ဆိုရင်တော့ ကျောဘက်ကင်မရာ အဆင့်မြှင့်တင်တာလောက်နဲ့ မရတော့ပါဘူး။ အခြားအဆင့်မြှင့်တင်စရာတွေ အမြောက်အများ ရှိနေပါသေးတယ်။

Wireless charging စနစ်ပါဝင်လာမယ်ဆိုတဲ့ သတင်းနဲ့အတူ ထွက်ပေါ်လာတာက iPhone သစ်တွေမှာ ပိုပြီး ကြီးမားတဲ့ ဘက်ထရီတွေကို အသုံးပြုမယ်ဆိုတာပါပဲ။ ၂၀၁၉ Flagship တိုင်းလိုလိုမှာ Wireless Charging နဲ့ 4,000mAh ဝန်းကျင် ဘက်ထရီတွေက မပါမဖြစ်လို ဖြစ်နေတဲ့အတွက် Apple လည်း သူတို့ရဲ့ ထုတ်ကုန်တွေအတွက် ဒီလိုအဆင့်မြှင့်တင်မှုတွေကို မဖြစ်မနေလုပ်ရတော့မှာပါ။

iPhone XS Max ရဲ့ ဘက်ထရီပမာဏဟာ 3,174mAh သာ ဖြစ်တဲ့အတွက် iPhone သစ်တွေမှာ ဘယ်လောက်ထိ တိုးမြင့်သွားနိုင်လဲဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Kuo ကတော့ Apple အနေနဲ့ မျိုးဆက်သစ် iPhone တွေမှာ အမြင့်ဆုံးအဖြစ် 3,491mAh ကနေ 3,650mAh ကြား ပမာဏထိပဲ တိုးမြှင့်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တမ်းသာ ဒီပမာဏအတိုင်းပဲ တိုးမြှင့်လာမယ်ဆိုရင်တော့ သိပ်ပျော်ဖို့ ကောင်းမှာ မဟုတ်ပါဘူး။

Fast Charger ပိုင်းနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရပေမယ့် Ming-Chi Kuo ကတော့ Apple ရဲ့ ၂၀၁၉ iPhone တွေဟာ 18W USB-C charger တွေနဲ့ တွဲဖက်ထွက်ပေါ်လာဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၉ iPhone သစ်တွေမှာ USB Type-C Port တွေ သုံးလာတော့မယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena