[Zawgyi]

ASUS ကေန မၾကာခင္တုန္းက ျပဳလုပ္ခဲ့တဲ့ Computex 2019 Event မွာ ZenBook Series ေတြျဖစ္တဲ့ ZenBook 13 ၊ 14 နဲ႔ 15 Laptop ေတြကို Upgrade ျပဳလုပ္ေပးလိုက္ပါတယ္။ ဒီ Upgrade ျပဳလုပ္လိုက္တဲ့ Feature ေတြထဲမွာ အထူးျခားဆုံးကေတာ့ TouchPad အစား ScreenPad 2.0 က ေနရာယူသြားတာနဲ႔ Graphic ပိုင္းကို အဆင့္ျမႇင့္တင္ေပးလာေတြပဲျဖစ္ပါတယ္။

အခု ASUS က မိတ္ဆက္လိုက္တဲ့ ZenBook 13 ၊ 14 နဲ႔ 15 Laptop အသစ္ေတြက မႏွစ္တုန္းကေအာင္ျမင္ခဲ့တဲ့ ZenBook Series ေတြရဲ႕ အလြန္ပါးလႊာတဲ့ ဒီဇိုင္းနဲ႔အတူ A4 စာ႐ြက္တစ္႐ြက္နီးပါး ေသးငယ္တဲ့အ႐ြယ္အစားကို ဆက္လက္ထိန္းသိမ္းထားတုန္းပဲျဖစ္ပါတယ္။ အေလးခ်ိန္အရလည္း 1.19Kg ကေန 1.55Kg ပဲရွိမွာျဖစ္တဲ့အတြက္ Ultrabook ေတြထဲမွာေတာင္ အေပါ့ပါးဆုံးျဖစ္ေနဦးမွာပါ။

ဒီ ZenBook Series ေတြမွာ TouchPad ေနရာမွာ ႀကီးမားတဲ့ 5.65” အ႐ြယ္အစားရွိၿပီး Full HD+ Resolution ရွိတဲ့ Multi-touch Display တစ္ခုပါဝင္လာၿပီး အလုပ္လုပ္ေနတုန္း ႐ုပ္ရွင္ၾကည့္၊ သီခ်င္းနားေထာင္ႏိုင္တဲ့ Secondary Display တစ္ခုပါဝင္လာတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒီ ScreenPad 2.0 က ASUS ရဲ႕ Software အသစ္ျဖစ္တဲ့ ScreenXpert Software ကို အသုံးျပဳထားၿပီးေတာ့ Productivity ကို ပိုၿပီးေကာင္းမြန္လာေစဖို႔အတြက္ Quick Key Feature ၊ Handwriting Input ၊ Number Key ေတြကို ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ ASUS Software API ကိုအသုံးျပဳၿပီးလည္း Developer ေတြက သီးသန႔္ Application ေတြကို ျပဳလုပ္ႏိုင္တယ္လို႔လည္း သိရပါတယ္။ အခု ScreenPad 2.0 မွာဆိုရင္ Battery စားသုံးမႈကလည္း ယခင္ကထက္ ၂ ဆခြဲပိုၿပီး သက္သာေနမွာျဖစ္ၿပီး ယခင္လိုမ်ိဳး Nvidia Graphic Power ကို ယူသုံးေနမွာမဟုတ္ေတာ့ဘဲ Intel Integrated Graphic နဲ႔ပဲ Power ေပးသြားမွာျဖစ္ပါတယ္။

ဒီ ASUS ZenBook Series ေတြက Intel ရဲ႕ 8th Generation Whiskey Lake Processor ေတြကို အသုံးျပဳထားၿပီးေတာ့ Graphic ပိုင္းအေနနဲ႔ ASUS ZenBook 13 နဲ႔ 14 မွာ Nvidia MX250 Graphic Card ကိုထည့္သြင္းေပးထားၿပီးေတာ့ ZenBook 15 မွာဆိုရင္ Gaming အတြက္ပါ အသုံးခ်ႏိုင္တဲ့ Nvidia GTX 1650 Max-Q Graphic Card ကိုပါ ထည့္သြင္းထားတာျဖစ္ပါတယ္။ ဒါ့အျပင္ Wi-Fi 5 ၊ Bluetooth 5.0 နဲ႔ PCI-E SSD လို အေကာင္းစား Feature ေတြပါ ပါဝင္ေနပါေသးတယ္။

အခု ZenBook Model အသစ္ေတြကေတာ့ ZenBook 13 (UX334) ၊ ZenBook 14 (UX434) နဲ႔ ZenBook 15 (UX534) ေတြျဖစ္ၿပီးေတာ့ မႏွစ္တုန္းက မိတ္ဆက္ထားခဲ့တဲ့ UX333 ၊ UX433 နဲ႔ UX533 Laptop ေတြကို အစားထိုးသြားမွာပါ။

[Unicode]

ဒီနှစ်ထွက်ရှိလာတဲ့ ZenBook 13, 14 နဲ့ 15 တို့က ဘာတွေထူးခြားကောင်းမွန်လာသလဲ ?

ASUS ကနေ မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့ Computex 2019 Event မှာ ZenBook Series တွေဖြစ်တဲ့ ZenBook 13 ၊ 14 နဲ့ 15 Laptop တွေကို Upgrade ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ Upgrade ပြုလုပ်လိုက်တဲ့ Feature တွေထဲမှာ အထူးခြားဆုံးကတော့ TouchPad အစား ScreenPad 2.0 က နေရာယူသွားတာနဲ့ Graphic ပိုင်းကို အဆင့်မြှင့်တင်ပေးလာတွေပဲဖြစ်ပါတယ်။

အခု ASUS က မိတ်ဆက်လိုက်တဲ့ ZenBook 13 ၊ 14 နဲ့ 15 Laptop အသစ်တွေက မနှစ်တုန်းကအောင်မြင်ခဲ့တဲ့ ZenBook Series တွေရဲ့ အလွန်ပါးလွှာတဲ့ ဒီဇိုင်းနဲ့အတူ A4 စာရွက်တစ်ရွက်နီးပါး သေးငယ်တဲ့အရွယ်အစားကို ဆက်လက်ထိန်းသိမ်းထားတုန်းပဲဖြစ်ပါတယ်။ အလေးချိန်အရလည်း 1.19Kg ကနေ 1.55Kg ပဲရှိမှာဖြစ်တဲ့အတွက် Ultrabook တွေထဲမှာတောင် အပေါ့ပါးဆုံးဖြစ်နေဦးမှာပါ။

ဒီ ZenBook Series တွေမှာ TouchPad နေရာမှာ ကြီးမားတဲ့ 5.65” အရွယ်အစားရှိပြီး Full HD+ Resolution ရှိတဲ့ Multi-touch Display တစ်ခုပါဝင်လာပြီး အလုပ်လုပ်နေတုန်း ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်နိုင်တဲ့ Secondary Display တစ်ခုပါဝင်လာတယ်လို့တောင် ပြောလို့ရပါတယ်။

ဒီ ScreenPad 2.0 က ASUS ရဲ့ Software အသစ်ဖြစ်တဲ့ ScreenXpert Software ကို အသုံးပြုထားပြီးတော့ Productivity ကို ပိုပြီးကောင်းမွန်လာစေဖို့အတွက် Quick Key Feature ၊ Handwriting Input ၊ Number Key တွေကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ASUS Software API ကိုအသုံးပြုပြီးလည်း Developer တွေက သီးသန့် Application တွေကို ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။ အခု ScreenPad 2.0 မှာဆိုရင် Battery စားသုံးမှုကလည်း ယခင်ကထက် ၂ ဆခွဲပိုပြီး သက်သာနေမှာဖြစ်ပြီး ယခင်လိုမျိုး Nvidia Graphic Power ကို ယူသုံးနေမှာမဟုတ်တော့ဘဲ Intel Integrated Graphic နဲ့ပဲ Power ပေးသွားမှာဖြစ်ပါတယ်။

ဒီ ASUS ZenBook Series တွေက Intel ရဲ့ 8th Generation Whiskey Lake Processor တွေကို အသုံးပြုထားပြီးတော့ Graphic ပိုင်းအနေနဲ့ ASUS ZenBook 13 နဲ့ 14 မှာ Nvidia MX250 Graphic Card ကိုထည့်သွင်းပေးထားပြီးတော့ ZenBook 15 မှာဆိုရင် Gaming အတွက်ပါ အသုံးချနိုင်တဲ့ Nvidia GTX 1650 Max-Q Graphic Card ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် Wi-Fi 5 ၊ Bluetooth 5.0 နဲ့ PCI-E SSD လို အကောင်းစား Feature တွေပါ ပါဝင်နေပါသေးတယ်။

အခု ZenBook Model အသစ်တွေကတော့ ZenBook 13 (UX334) ၊ ZenBook 14 (UX434) နဲ့ ZenBook 15 (UX534) တွေဖြစ်ပြီးတော့ မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ UX333 ၊ UX433 နဲ့ UX533 Laptop တွေကို အစားထိုးသွားမှာပါ။