ပြီးခဲ့တဲ့နှစ်က Apple ဟာ ပထမဆုံးအကြိမ် အဖြစ် OLED Display ကို iPhone X မှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Apple ဟာ လာမယ့် ၂၀၁၉ မှာ သူ့ရဲ့ iPhone တွေအားလုံးကို OLED Display သုံးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လက်ရှိ OLED Display တွေကို အဓိကစိုးမိုးထားတဲ့ ကုမ္ပဏီ ၂ ခုကတော့ LG Dislay နဲ့ Samsung Display တို့ပဲ ဖြစ်ပါတယ်။ OLED Display သုံးထားတဲ့ iPhone တွေသာ ဈေးကွက်ထဲ ဝင်လာခဲ့ရင် တခြားပြိုင်ဘက် ကုမ္ပဏီတွေရဲ့ Mid – range ဖုန်းတွေထိပါ  OLED Display Trend က ကျယ်ပြန့်သွားမှာပါ။

iPhone တွေအတွက် Display တွေထုတ်လုပ်ပေးနေတဲ့ Japan Display ဟာ အခုထိတော့ OLED Panel တွေကို မထုတ်လုပ်သေးပေမယ့် ၂၀၁၉ မှာ စတင်ထုတ်လုပ်ဖို့ စီစဉ်နေပါပြီ။ Securities Japan ရဲ့ Chief Market Analyst ဖြစ်သူ Masayuki Otani ရဲ့ပြောကြားချက်အရတော့ ဂျပန်အစိုးရ ဟာ Japan Display ကို OLED Display နဲ့ ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသွားမယ် လို့ဆိုပါတယ်။ ဒါပေမယ့် တခြား OLED ထုတ်လုပ်တဲ့ ပြိုင်ဘက်ကုမ္ပဏီတွေကိုတော့ လိုက်မှီဖို့ မလွယ်ဘူးလို့ လည်း ပြောထားပါတယ်။

Source: asia.nikkei.com

Shinyoung Securities ရဲ့ Market Analyst ဖြစ်သူ Lee Won-sik ကတော့ iPhone တွေကို OLED Display အဖြစ်နဲ့ ပြောင်းလဲ ထုတ်လုပ်လိုက်ခြင်းအားဖြင့် Apple ဟာ iPhone တွေကို ဖြန့်ဖြူးရောင်းချရာမှာ ပိုမြန်အောင်လုပ်ဖို့ နဲ့ ဝယ်မယ့်လူတွေအတွက် သီတင်းပတ်နဲ့ချီပြီးစောင့်ရတဲ့ အဖြစ်ကနေ လွတ်ကင်းအောင်လုပ်ဖို့ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၉ ကနေစပြီး iPhone တွေကို OLED Display နဲ့ပဲ မြင်ရတော့မှာ ဆိုတော့ ပရိတ်သတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုရှိကြလဲ။ နည်းနည်းလောက် ဝင်ဆွေးနွေးပေးသွားပါဦး။