Apple ရဲ့ iPhone 9 ကတော့ အရောင်းစာရင်းဝင်သွားပါပြီ။ iPhone 9 ဟာ 5G ထောက်ပံ့ခြင်းမရှိတဲ့ အမျိုးအစားဖြစ်ပြီး 5G ထောက်ပံ့မယ့် iPhone 12 တွေကတော့ လာမယ့် စက်တင်ဘာလထဲမှာမှ တွေ့မြင်ရမှာပါ။ ဒီထဲမှာမှ iPhone 12 Pro Max ကတော့ အောက်တိုဘာလလောက်ထိ နောက်ကျသွားဖွယ် ရှိနေပါတယ်။

Bloomberg ရဲ့ ဖော်ပြမှုအရ iPhone 12 Pro ရဲ့ ပုံစံဟာ iPhone 4, iPhone 5 တို့နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး Notch တွေလည်း ဆက်ပါနေဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် Notch ကတော့ အနည်းငယ်သေးသွားမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ပိုပြီးကြီးလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

Max မော်ဒယ်ဟာ 6.7-inch အထိ ရှိတယ်လို့ သတင်းထွက်ထားပြီး Pro မော်ဒယ်ကတော့ 6.1-inch ရှိမယ်လို့ သတင်းထွက်ထားတာပါ။ ဒါကို Bloomberg ကလည်း သဘောတူပါတယ်။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာကတော့ အပေါ်မှာပြောခဲ့သလိုပဲ Notch ရှိနေဦးမယ်ဆိုတာပါ။ Bloomberg ရဲ့ ဖော်ပြမှုက Apple fan တွေရဲ့ Notch မပါတဲ့ iPhone 12 မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပါပဲ။

အခြားစပ်ဆက်သတင်းအဖြစ် Apple ဟာ ဈေးသက်သာပြီးသေးငယ်တဲ့ HomePod အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ HomePod ဟာ အရည်အသွေးမြင့်တယ်လို့ မြင်နေကြပေမယ့် ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးကြီးပြီး လုပ်ဆောင်နိုင်မှုလည်း အကန့်အသတ်ရှိနေတဲ့ စပီကာ ဖြစ်နေပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ပိုပြီးယှဉ်ပြိုင်နိုင်မယ့် မော်ဒယ်သစ်ကို ပြုလုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

Ref: GSM Arena