Zawgyi

ယခု ၂၀၁၉ ခုႏွစ္မွာ 5G Support ေပးတဲ့ စမတ္ဖုန္းေတြအမ်ားအျပားေတြ႕လာရၿပီျဖစ္ေပမယ့္ 5G Network ကို အသုံးျပဳႏိုင္တဲ့ ႏိုင္ငံေတြနဲ႔ ေနရာေတြနည္းပါးေနေသးတာျဖစ္ပါတယ္။ ဒ့ါအျပင္ ယခုႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ Apple iPhone 11 Series စမတ္ဖုန္းေတြကလည္း 5G Network ကို Support ျပဳလုပ္ျခင္းမရွိျပန္ပါဘူး။

ဒါေပမယ့္ Apple ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ မိတ္ဆက္လာမယ့္ iPhone အသစ္ေတြမွာေတာ့ 5G ကို Support ေပးလာေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး အခုေနာက္ဆုံးအေနနဲ႔ Apple ဟာ Qualcomm ရဲ႕ X55 5G Modem ကို 2020 iPhone ေတြမွာ အသုံးျပဳလာမယ္လို႔ သိရပါတယ္။

လာမယ့္ ၂၀၂၀ မွာ မိတ္ဆက္လာမယ့္ iPhone အသစ္ေတြက TSMC ကေန ထုတ္လုပ္ေပးထားတဲ့ 5nm Architecture ကို အေျခခံထားတဲ့ A14 Bionic Chip ကို အသုံးျပဳလာမွာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ပါဝါစားသုံးမႈေတြမွာလည္း လက္ရွိ iPhone 11 Series ေတြထက္ေတာင္ သိသိသာသာပိုေကာင္းလာဖို႔ရွိေနပါတယ္။

ေနာက္ထပ္သတင္းေတြအရေတာ့ 2020 iPhone ေတြမွာ Flexible OLED display ကို အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ Camera ပိုင္းမွာလည္း AR ပိုင္းေတြအတြက္ 3D Sensing Sensor တစ္ခုကို ထပ္ထည့္လာဖို႔ရွိေနပါတယ္။ ခန္႔မွန္းခ်က္ေတြအရဆိုရင္ Apple ဟာ 2020 iPhone အသစ္ေတြေတြကို အလုံးေရ သန္း ၈၀ နဲ႔အထက္ကို ေရာင္းခ်ရဖို႔ ခန္႔မွန္းေနတာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ယခု ၂၀၁၉ ခုနှစ်မှာ 5G Support ပေးတဲ့ စမတ်ဖုန်းတွေအများအပြားတွေ့လာရပြီဖြစ်ပေမယ့် 5G Network ကို အသုံးပြုနိုင်တဲ့ နိုင်ငံတွေနဲ့ နေရာတွေနည်းပါးနေသေးတာဖြစ်ပါတယ်။ ဒ့ါအပြင် ယခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Apple iPhone 11 Series စမတ်ဖုန်းတွေကလည်း 5G Network ကို Support ပြုလုပ်ခြင်းမရှိပြန်ပါဘူး။

ဒါပေမယ့် Apple ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်လာမယ့် iPhone အသစ်တွေမှာတော့ 5G ကို Support ပေးလာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုနောက်ဆုံးအနေနဲ့ Apple ဟာ Qualcomm ရဲ့ X55 5G Modem ကို 2020 iPhone တွေမှာ အသုံးပြုလာမယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ မှာ မိတ်ဆက်လာမယ့် iPhone အသစ်တွေက TSMC ကနေ ထုတ်လုပ်ပေးထားတဲ့ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းနဲ့ ပါဝါစားသုံးမှုတွေမှာလည်း လက်ရှိ iPhone 11 Series တွေထက်တောင် သိသိသာသာပိုကောင်းလာဖို့ရှိနေပါတယ်။

နောက်ထပ်သတင်းတွေအရတော့ 2020 iPhone တွေမှာ Flexible OLED display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Camera ပိုင်းမှာလည်း AR ပိုင်းတွေအတွက် 3D Sensing Sensor တစ်ခုကို ထပ်ထည့်လာဖို့ရှိနေပါတယ်။ ခန့်မှန်းချက်တွေအရဆိုရင် Apple ဟာ 2020 iPhone အသစ်တွေတွေကို အလုံးရေ သန်း ၈၀ နဲ့အထက်ကို ရောင်းချရဖို့ ခန့်မှန်းနေတာဖြစ်ပါတယ်။

Ref – GSM Arena